[Unicode]
“သမီး မေလီ မေမေတို့က သမီးကိုကောင်းစားစေချင်လို့ပါ ခုသမီးကိုလက်ထပ်မယ့်သူက တကယ့်သူဌေးကြီး ပြီးတော့ သမီးကိုလဲသိပ်ချစ်တာ မေမေကတော့ သမီးကိုလက်ခံစေချင်တယ်ကွယ်”
ဒေါ်မေရီက သမီးဖြစ်သူအတွက် အိမ်ထောင်ဖက်ကိုသေချာရွေးပေးထားသော်လဲ သမီးဖြစ်သူမှာ စိတ်မဝင်စားပေ။
သူအကြိမ်ကြိမ်လက်ခံအောင် ကြိုးစားပြောသော်လဲအမြဲတမ်းငြင်းခဲ့သည်။
“မေမေ သမီး အဲ့လူကိုလက်မထပ်နိင်ဘူးဆိုတာ မေမေ့ကိုပြောခဲ့တာလဲအကြိမ်ပေါင်းမနည်းတော့ဘူး မေမေဘာလို့ သမီးကိုနားလည်မပေးတာလဲ”
သူမ တကယ်ဝမ်းနည်းရပါသည် ဖေဖေအတင်းအကြပ်စီစဉ်နေပေမယ့် မေမေကတော့ သူ့ဘက်ကပါပေးမည်ထင်ခဲ့တာ တကယ်မှားယွင်းတဲ့အတွေးပဲ။
“သမီးမှာ ချစ်ရတဲ့သူရှိနေပြီလား ဒါဆိုလဲခေါ်လာလေ သူကသမီးအပေါ်ဘယ်လောက်ထိချစ်နိင်သလဲဆိုတာ မေမေသိချင်တယ်”
မေရီက သမီးဖြစ်သူကို ဒဲ့မေးလိုက်တယ် ။ဟုတ်ပါတယ် သမီးမှာချစ်သူသာတကယ်ရှိနေခဲ့ရင် အခြေအနေအကဲခတ်ပြီး သဘောတူပေးဖို့အဆင်သင့်ပါ ဒါပေမယ့် သမီးက တစ်ခါမှသူ့မှာချစ်သူရှိတယ်လို့ထုတ်မပြောခဲ့ဘူးလေ ဒါကြောင့် မေးသင့်တာမေးရတော့တာပေါ့။
“မေမေက တကယ်သဘောတူမှာမို့လို့လား”
သူမက မရဲတရဲလေးမေးလိုက်တယ်။
“ဒါဆို သမီးမှာချစ်သူရှိတယ်ပေါ့”
“ဟုတ် မေမေ ရှိပါတယ်”
“သူက ဘာအလုပ်လုပ်လဲ ဘယ်မိသားစုကလဲ ပြီးတော့ ဘယ်မှာနေတာလဲ”
“ဟိုလေ သူက Xiao company ရဲ့ တစ်ဦးတည်းသောသားပါ မေမေ ”
ဒီလောက်ပြောပြတာနဲ့မေမေသိလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။နာမည်ကြီးပြီး အောင်မြင်နေတဲ့ companeyပဲလေ မသိတဲ့သူဘယ်ရှိပါ့မလဲ။
“ဟင် ဒါနဲ့များ သမီးက ဘာလို့အစောထဲကမပြောပြရတာလဲ ဒီလောက်ပြီးပြည့်စုံတဲ့မိသားစုကပဲဟာကို”
“အချိန်မတန်သေးဘူးထင်လို့ပါ မေမေ ပြီးတော့ သမီးလဲလက်ထပ်ဖို့ငယ်သေးတယ်လို့ထင်တယ် ”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...