[Unicode]
ရှောင်ကျန့်နဲ့ရိပေါ် အိမ်ပြန်ရောက်တော့ မားနဲ့မေမေကထွက်ကြိုတယ်။
“လာ သားလေး ဖြေးဖြေးလျှောက်နော်”
ရိပေါ်လေးကိုဘေးတစ်ဖက်စီကနေတွဲခေါ်သွားတာကြောင့် ရှောင်ကျန့်တောင် ကြောင်အမ်းအမ်းဖြစ်သွားရတယ်။
~ဘာလဲဟ မားနဲ့မေမေက ထူးဆန်းနေသလိုပဲ~
သူလဲခေါင်းကိုခါရမ်းမိပြီး အိမ်ထဲဝင်ခဲ့လိုက်တယ်။
_
_
“ဒေါက်တာ ဒါ အန်တီတို့ရဲ့သားငယ်လေးလေ ”“ဪ တော်တော်ချစ်ဖို့ကောင်းတာပဲနော်”
“ဟုတ်တယ် ဒေါက်တာရေ တစ်မိသားစုလုံးရဲ့ဆည်းလည်းလေးက အခုတော့မိဘနေရာရောက်နေပြီ ”
သူမတို့လဲ သဘောကျစွာရယ်လိုက်ကြသည်။
ရှောင်ကျန့်အိမ်ထဲရောက်တော့ ဧည့်ခန်းကိုလှမ်းကြည့်လိုက်တယ်။
~ဒါလားငါ့ကလေးကိုကြည့်ပေးမယ့် ဆရာဝန်ဆိုတာ အိုးဟိုး မသိရင် အတူလာကစားတဲ့ ကစားဖော်ကစားဖက်ကျနေရောပဲ ဒါနဲ့ဘာတွေများသဘောကျနေပါလိမ့်~
(အရွယ်မတိမ်းမယိမ်းဖြစ်ပြီး ဒေါက်တာကပျူငှာနေလို့ပါ)
“ဟေ့ သားကျန့် လာလေဒီကို ဒေါက်တာနဲ့သားကိုမိတ်ဆက်ပေးမလို့”
“ဟုတ်ကဲ့”
ရှောင်ကျန့်လဲ ရိပေါ်ဘေးမှာဝင်ထိုင်လိုက်တယ်။
“ဒေါက်တာ ဒါက ရှောင်ကျန့် သားငယ်လေးရဲ့ခင်ပွန်း အန်တီရဲ့သားဆိုလဲဟုတ်ပါတယ် ပြောပြရရင်တော့ဇာတ်လမ်းကရှည်တယ်”
“ဟုတ် ရပါတယ် အန်တီ ကျွန်တော်နားလည်ပါတယ်”
“သားကျန့် ဒါက ဒေါက်တာကျူးရင့်ဝေ သားငယ်လေးအတွက် အနီးကပ်OGပေါ့”
ရှောင်ကျန့်စိတ်ထဲမှာတော့
~နာမည်ကြီးကလဲ ဘယ်လိုကြီးမှန်းမသိဘူး ~
“အဲ့ဒါ ဒေါက်တာက တစ်ပက်တစ်ခါလာကြည့်ပေးလိမ့်မယ် မွေးမယ့်လထဲတော့ အိမ်မှာလာအိပ်ပြီးကြည့်ပေးမယ်တဲ့”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...