💘💘part_12💖💖

5.6K 410 3
                                    

[Unicode]

‌**ဝမ်အိမ်တော်**ဆိုတဲ့လှပတဲ့စာလုံး‌ေတွနဲ့အတူ ကြီးကျယ်ခန်းနားတဲ့ 🏠အိမ်ကြီးရှေ့တွင် အံ့ဩမင်သက်ကာ ကျောက်ရုပ်ဖြစ်နေသော လူ၅ယောက် ။

‌ရှောင်ကျန့်တို့ ကားပေါ်ကဆင်းလာပြီးတော့ မိမိရှေ့မှာမြင်နေရတဲ့အိမ်ကြီးကို ကြည့်ပြီး သူ့အိမ်မက်ကိုသတိရမိသွားတယ်။

~တကယ်ပဲ ငါမြင်နေရတာက ငါ့အိမ်မက်ထဲက အိမ်လား...?~

ရှောင်ကျန့်အပါအဝင် ကျန်တဲ့၄ယောက်လဲ ထိုအိမ်ကြီးကို အထူးအဆန်းကြည့်နေကြတယ်။

အိမ်ကြီးက ကြီးမားပြီး ခန်းနားလှသည်။ ကြည့်ရတာ လူမနေတဲ့အိမ်လဲပေါက်နေပုံမရ

လူတွေပြောနေကြတာတော့ *ဝမ်*မိသားစုတွေအကုန်ပျောက်သွားတယ်ဆို ဒါဖြင့် ဒီမှာဘယ်သူရှိနေတာလဲ။

အားလုံးက အတွေးတွေကိုယ်စီဖြင့် အိမ်ကြီးကိုကြည့်ပြီး တုတ်တုတ်မျှမလုပ်။

"wow အိမ်ကြီးက လှလိုက်တာ ရှေးကျကျဆောက်ထားတာပဲ"

Xing liက သူ့ရှေ့ကအိမ်ကြီးကိုကြည့်ကာ မှတ်ချက်ပေးလိုက်တယ်။

သူ့အသံကြားမှ အားလုံးက အသက်ပြန်ဝင်လာသလို လူပ်လူပ်ရှားရှားဖြစ်လာကြတယ်။

"ရှောင်ကျန့် ငါတို့အထဲဝင်ကြည့်ရအောင်လေ"

"အင်း....ကျဲနဲ့ xing liကအတူတွဲနော် "

ရှောင်ကျန့်က ရိုးရိုးပြောလိုက်ပေမယ့် xing liကတော့ သိန်း၁သောင်းပေါက်တဲ့မျက်နှာကြီးနဲ့...

"ကော တကယ်ပြောတာလား"

"...?...အမ် xing li ငါပြောတာက ကျဲနဲ့နင်ကမိန်းခလေးဆိုတော့ အတူတူရှိနေဖို့ပြောတာလေ အိမ်ထဲဝင်ရင် ငါတို့နောက်မှာနေ ကြားလား"

"ဟဲ ဟဲ ဟုတ်ကဲ့ပါ ကောရဲ့ မပူနဲ့သိလား "

xing li က သူ့ဝယ်ခဲ့တဲ့မုန့်တွေကို ကျန်းချန်ကိုသယ်ခိုင်းလိုက်တယ်။

ကျန်းချန်မှာတော့~ ဒင်းရဲ့ ဖူးစာမြားနတ်သက်တမ်းမကုန်မချင်း ငါလေးသည်းခံရအုန်းမှာပေါ~ဟုတွေးကာ အထုပ်တွေနဲ့တိုင်ပက်နေလေရဲ့....။

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now