💘💘part_23💖💖

5.2K 345 5
                                    

[Unicode]

မေလီပြောပြချက်တွေကိုအားလုံးသိပြီးနောက် yi yiကသက်ပြင်းချကာ..

“ငါတောင်းပန်ပါတယ် မေလီ ငါတမင်အဆက်အသွယ်ဖြတ်ထားတာမဟုတ်ပါဘူး နင်ပြန်သွားပြီးတော့ .....”

Yi yi က သူနဲ့ Wang hai အိမ်ထောင်ကျတဲ့အကြောင်း သားလေးက သူ့ရဲ့သားလို့ပြောထားတယ် ။wang hai ကလဲ yi yiကိုချစ်တော့ သူ့သားကကိုယ့်သားပေါ့လို့လက်ခံတယ်တဲ့။

“တကယ်တော့ ငါမဆက်သွယ်ဘူးဆိုတာ အိမ်ထောင်ကျသွားတာကတစ်ကြောင်း နောက်ပြီးသားလေးက တစ်ဖက်နဲ့ဆိုတော့ မဆက်သွယ်မိတာပါ နင်လာရှာတဲ့အချိန်ကလဲ ငါက ငါ့အမျိုးသားရဲ့ မိဘတွေဆီလိုက်သွားရတဲ့အချိန်လေ အဲ့ဒါကြောင့်မ‌တွေ့တာပါ မေမေတို့ပါတယ်လေ ကျန်တဲ့သူတွေကတော့ ကိုwang haiရဲ့ ဇာတိကိုမသိကြဘူး ဒါကြောင့် မေလီစုံစမ်းမရတာဖြစ်မယ်”

“အင်းပါ အဲ့ဒါတွေထားပါတော့ နင်သားလေးကိုနာမည်ဘယ်လိုပေးလိုက်လဲ ငါလဲလေ အရေးတဲ့ဆို သုံးမရဘူး ပြန်သွားပြီးမှနာမည်လေးတောင်မပေးခဲ့ရဘူးဆိုပြီး သတိရတာ ဒါပေမယ့် ငါစဉ်းစားထားပါတယ် နင့်ကိုမပြောဖြစ်ခဲ့တာ ပြီးတော့ သားလေးကိုနင့်လက်ထဲမှာယုံကြည်တယ်လေ ဒါကြောင့်လဲငါစိတ်ဖြောင့်ဖြောင့်နဲ့အလုပ်လုပ်နိင်ခဲ့တာ ။သားလေးနဲ့တွေ့မှာ နာမည်ကင်ပွန်းတစ်ခါတည်းတပ်မယ်လို့စိတ်ကူးထားခဲ့တာ။ ”

“သားလေးကို wang xiao လို့ပေးထားတယ် ငါ့အမျိုးသားနာမည်လဲပါအောင် သူက သားလေးကိုသိပ်ချစ်တာ ငါ့ထက်တောင်ပိုသေး ဒါကြောင့် သူ့နာမည်ပါထည့်ပေးဖို့တောင်းဆိုခဲ့တာလေ ”

Wang hai ကတော့ yi yi စကားကြောင့် ရယ်ရမလိုငိုရမလိုနဲ့ ~ဒီမိန်းမ တကယ်စကားများလာတာပဲနော်~

ရှောင်ကျန့်နဲ့ ရိပေါ်ကတော့ သူ့ဖေဖေနဲ့မေမေအကြောင်းသိပြီးသားမို့ပြုံးစိစိ။ရှောင်ရန်ခမျာ မွေးစားသားခေါ် သားအရင်းလေးကိုသာ အချစ်တွေပိုပြီး အရိပ်တကြည့်ကြည့်။

ဟိုလေးယောက်ကတော့ သူ့အတွဲကိုယ့်အတွဲငမ်းနေလေရဲ့ လူကြီးတွေက သူတို့ဘာသာစကားကျနေတာမို့ ကျန်းချန်နဲ့xing li ရဲ့ ဗူးကျနေတဲ့အကြည့်တွေကိုမမြင်ကြချေ။

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now