[Unicode]
အတန်းထဲတွင် ကောင်မလေးတွေအုပ်စုတွတ်ထိုးနေကြသည်။
“ဟယ် အဲ့ဒါ သူ့ညီလေးထင်တယ် အကိုကချောပြီး ညီလေးကျတော့ ချစ်စရာလေးဟယ်”
“ဟုတ်ပါ့ ငါတော့အကိုမရရင်တောင် ညီကိုတော့ရချင်မိ ဟိဟိ”
အနောက်တန်းကမိန်းခလေးတွေကြောင့် ရှောင်ကျန့် တော်တော်စိတ်ညစ်နေပြီ။ရိပေါ်ကလဲပြောမရပေ ။မကြာခင်ပဲ ဆရာမဝင်လာတော့မည်ဖြစ်၍ ဘယ်လိုအကြောင်းပြရမလဲစဉ်းစားနေရသေးသည်။
_
_
_
“ကဲ အားလုံးပဲ မဂ်လာပါကွယ်”အတန်းပိုင်ဆရာမ လန်ရိရဲ့အချိန်ဖြစ်သည်။ဆရာမက ကျောင်းသား/သူတွေကိုနူတ်ဆက်ရင်း ရိပေါ်ကိုမြင်တော့
“သူလေးက ဘယ်သူလဲ ”
ရှောင်ကျန့်က ဆရာမသူ့ညီလေးကိုမေးမှန်းသိသည် ဒါကြောင့်
“ကျွန်တော့ ညီလေးပါ ဆရာမ ”
“ဪ နာမည်က ဘယ်လိုခေါ်လဲ”
“သားနာမည်က ဝမ်ရိပေါ်ပါဆရာမ”
“wow...”
“နာမည်လေးရော လူလေးရော လုံးဝချစ်စရာလေးဟယ်...”
မိန်းခလေးတွေရဲ့အသံက တစ်ယောက်တစ်ပေါက်ထွက်လာကြတယ်။
“ကဲ အားလုံးတိတ်တိတ်နေစမ်း ရှောင်ကျန့် ဆရာမနဲ့ စာကြည့်ခန်းလိုက်ခဲ့”
“ဟုတ်..ဟုတ်ကဲ့ဆရာမ”
~ဆရာမဆူတော့မှာလားမသိဘူး~ရှောင်ကျန့်တွေးလိုက်မိသည်။
“ကျန်းချန် ငါ့ညီလေးကိုကြည့်ပေးထားအုန်းနော် ”
“အေးပါ ကောင်းကောင်းသွား”
အတန်းထဲမှာတော့ ဆရာမထွက်သွားပြီဆိုတာနဲ့ ပုရွက်ဆိတ်အုံတုတ်နဲ့ထိုးလိုက်သလိုပဲ။ရိပေါ်ဆီကပ်လာကြပြီး လက်မှတ်ထိုးခိုင်းတဲ့သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့သူနဲ့ ထိုပြသာနာကိုဖြေရှင်းနေရတဲ့ကျန်းချန်မှာတော့ ရူးချင်ချင်ပင်ဖြစ်လာသလို။ ဝမ်ရိပေါ်ကတော့ မျက်လုံးလေးပေကလပ်ပေကပ်နဲ့သာ သူတို့ကိုပြန်ကြည့်နေတယ်။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...