[Unicode]
ကလေးငယ်ရဲ့ အလှတရားက ဘယ်ပန်းချီမှလိုက်မမှီသလို ဘယ်ပန်းပုဆရာမှလဲ ထွင်းနိင်မည်မဟုတ်တဲ့ ရွှေရုပ်လေးသရုပ်လိုပါပဲ ။
ရေတွေနဲ့ဆော့ရတာ ဒီလောက်နှစ်သက်မှန်း မသိခဲ့ဘူး ။ဘာအပူအပင်မှမရှိပဲ ဖြူစင်တဲ့အပြုံးနဲ့ ရယ်မောနေတဲ့ ကလေးငယ်က ကျွန်တော်သိပ်မြတ်နိုးရတဲ့ လူသားတဲ့လား။
ရှောင်ကျန့်က ကျန်းချန်တို့နဲ့အတူရေကစားနေတဲ့ရိပေါ်ကိုငေးကြည့်နေရင်း အတွေးကမ္ဘာထဲရောက်လို့နေသည်။
“သားကျန့် ...ဟဲ့ သားကျန့်...”
“ဗျာ ..ဗျာ မေမေ ”
“ဘာတွေဒီလောက်တွေးနေတာလဲ သားရဲ့”
YiYiက ရှောင်ကျန့်ကိုခေါ်နေတာကြာပြီဖြစ်သည်။~ဒီကောင်လေး ဘယ်တုန်းက ခုလိုငေးငိုင်တက်သွားပါလိမ့်~ဟုတွေးကာ
“ဒီလိုပါပဲ မေမေ”
“သား ရိပေါ်လေးအကြောင်းတွေးနေတာလား”
“ဟင် မေမေက ဘယ်လိုသိလဲ”
“သိတာပေါ့ သားရယ် သားက ငယ်ငယ်လေးထဲက သားငယ်လေးအပေါ် သိပ်သံယောဇဉ်ကြီးတာလေ သားက မေမေ့သားအရင်းမဟုတ်ပေမယ့် မေမေ့လက်ထဲကြီးပြင်းလာတာပါ သားဘာဖြစ်နေတယ် ဘာတွေးနေတယ်ဆိုတာ မေမေက ကြည့်တာနဲ့သိတယ်”
“အဟင့် မေမေ့သားအရင်းမဟုတ်ဘူးဆိုတာကိုမပြောပါနဲ့မေမေ မေမေက သားရဲ့မေမေပဲ သားမှာ ဖေဖေနှစ်ယောက်နဲ့ မေမေနှစ်ယောက်ရှိတာ ဘယ်လောက်ကောင်းလဲ”
~ဒီကောင်လေးက ဒီလိုလဲချွဲတက်ပါကော~
Yi Yi ကကျေနပ်ပြုံး ပြုံးကာ ရှောင်ကျန့်ကိုဖက်ပြီးကျောလေးပုတ်ပေးလိုက်တယ်။“ကောင်လေး စကားသိပ်တက်နော် ”
“ဟီး မေမေကလဲ”
“ဟဲ့ ဒီသားအမိတွေ ဘာတွေအလွမ်းသယ်နေကြတာလဲ”
Hotel သူဠေးနှင့် ထွေရာလေးပါးစကားပြောနေကြတဲ့ ဝမ်ဟိုင်နဲ့ရှောင်ရန်က ခုမှကမ်းခြေကိုလာခဲ့ခြင်းဖြစ်သည်။
“ မဟုတ်ပါဘူး ပါးကလဲ ဒါနဲ့မားရော ”
“သားရဲ့မားက တူမနှစ်ယောက်နဲ့ အလှပြင်နေကြတယ်လေ ”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...