[Unicode]
ဝမ်ရိပေါ် အိပ်ယာနိုးတော့ မျက်လုံးမဖွင့်သေးပဲ လက်နဲ့ဘေးကိုစမ်းကြည့်လိုက်တယ်။ရှောင်ကျန့်ရှိမနေတာကြောင့် ချက်ခြင်းပဲထပြီး ရေချိုးခန်းဝင်လိုက်တယ် ။
~ကိုကိုက ဘယ်သွားနေတာလဲ ငါ့ကိုတောင်မနိုးပဲ~
ရေချိုးအဝတ်အစားလဲပြီးတာနဲ့အောက်ထပ်ဆင်းခဲ့တော့ တွေ့ပါပြီ သူချစ်ရတဲ့ကိုကိုက ပြုံးလို့ရွှင်လို့ ~ဒါနဲ့ ကိုကိုကဘယ်သူနဲ့စကားပြောနေတာလဲ~
ထိုမိန်းခလေးက ရိပေါ်ဘက်ကိုကျောပေးထားတာမို့မမြင်ရပေ။ရှောင်ကျန့်ရဲ့အပြုံးတွေရက်ရက်ရောရောပေးတာခံရတဲ့မိန်းခလေးကို ရိပေါ်တော်တော်လေး အမြင်မကြည်တော့ပါ ။
ဒါနဲ့ပဲ ခြေစောင့်ကာ ရှောင်ကျန့်ထိုင်ခုံဘေးမှာဝင်ထိုင်လိုက်တယ်။
“ဪ ကလေးနိုးပြီလား ”
“ဟုတ် ...”
“ဒီအမကို မှတ်မိသေးလား ကလေး ”
ရှောင်ကျန့်မေးတော့ ရိပေါ်က ထိုမိန်းခလေးကိုသေချာစိုက်ကြည့်လိုက်တယ်။
“ဪ သိပြီ အန်တီကြီးမလား”
Yang Yang ကတော့ နူတ်ခမ်းတစ်ဖက်ရွဲ့လိုက်ပြီး...
“ဆိုပါတော့ ”
“ဒါနဲ့ အန်တီကြီးက ဒီကိုဘာလာလုပ်တာလဲ”
Yang Yang နဲ့ ကမ်းခြေမှာတွေ့ခဲ့တာ နောက်ဆုံးပဲလေ ။ခုလိုရုတ်တရက်ပေါ်လာတော့ ရိပေါ်စိုးရိမ်တာပေါ့ သူ့ကိုကို ကိုလုမှာဆိုတဲ့စိတ်နဲ့ ဒီကြားထဲ ရှောင်ကျန့်ကပါ နှစ်နှစ်ကာကာပြုံးပြနေသေးတယ်လေ။
“ဘာလာလုပ်ရမှာလဲ မဂ်လာကိစ္စလာပြောတာပေါ့ ဟုတ်တယ်နော် ကျန့်ကိုကို”
သူမက ပျားရည်စမ်းတဲ့အပြုံးတွေနဲ့ ရှောင်ကျန့်ကိုကြည့်ပြီးပြောလိုက်တော့ ရိပေါ်အကြည့်တွေရှောင်ကျန့်စီရောက်လာတယ် ကိုကိုဘာဖြေမှာလဲဆိုတဲ့အတွေးနဲ့။
“ဟုတ်တယ်ကလေးရဲ့ ဒါနဲ့ Yang Yang မဂ်လာရက်ရောရွေးပြီးပြီလား ဘယ်တော့လောက်ဆောင်မလဲ”
“ဟင့်အင်း မရွေးရသေးပါဘူး ကျန့်ကိုကိုပဲ ရွေးပေးလေ Yang မရွေးတက်လို့ ”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...