[Unicode]
နံနက်ခင်းရဲ့ အလင်းရောင်ကြောင့် ရှောင်ကျန့်တစ်ယောက် မထချင်လဲ ထရတော့မည်။ မျက်နှာပေါ် ဖြာကျနေတဲ့ နေရောင်ခြည်က နိုးစက်လေးသဖွယ်....
“ဝါး........”
“ဟေ့ကောင် ရှောင်ကျန့် နိုးရင်လဲ ထတော့ ပျင်းကြောဆွဲမနေနဲ့”
“အေးပါကွာ စောစောစီးစီး ကျက်သရေမရှိလိုက်တဲ့အသံ”
“ဘာ မင်း..မင်း...”
“ဟားး....ဟဲ့ရောင်တော်တော့ ”
ကျန်းချန်က ရှောင်ကျန့်ကိုခေါင်းအုံးနဲ့ ထုရိုက်နေတော့သည်။
“ဒေါက် ဒေါက်..”
“သားကျန့်တို့ နိုးရင်မျက်နှာသစ်ပြီး လာကြတော့ ဒေါ်ကြီး စားစရာပြင်ထားပြီကွဲ့”
“ဟုတ်ကဲ့ဒေါ်ကြီးရေ လာပြီလာပြီ”
“ရှောင်ကျန့် ဒီနေ့ဘာနေ့လဲသိလား ”
“ဗုဒ္ဓဟူးလေ ဘာလို့လဲ”
“ဟွန်း ဒီနေ့ကျောင်းပိတ်တယ်လို့ပြောမလို့”
“ဗုဒ္ဓဟူးကို ကျောင်းပိတ်ရက်အဖြစ် မင့်ဘကြီးကသတ်မှတ်လိုက်တာလား”
“ဒီနေ့ကျောင်းမှာ ဆရာ/ဆရာမတွေအစည်းအဝေးပွဲရှိလို့တဲ့”
“အမ် ဟုတ်လား မင်းကဘယ်လိုသိလဲ”
“ဟဲ ဟဲ ကျဲဖုန်းဆက်လို့သိတာပေါ့ကွ”
“အံမာ တယ်ဟုတ်ပါလား ဒါနဲ့ကျဲကမင့်ဖုန်းနံပါတ်ဘယ်လိုတာလဲ”“ဟိ ဟိ ငါပေးထားတာ ကျဲဖုန်းနံပါတ်တောင်းရင်း”
“ဒါမျိုးဆို တော်တော်တွက်နော် ငါတောင် မသိလိုက်ဘူး”
“အခုသိပြီပဲ ကဲ မျက်နှာသစ်တော့ ဒေါ်ကြီးစောင့်နေပြီ”
နံနက်ခင်းမုန့်စားရင်း စကားပြောရင်းနဲ့ အတော်ပင်ပျော်စရာကောင်းနေတော့သည်။ဒေါ်ကြီးကလဲ လူငယ်သဘာဝကို နားလည်သူပီပီ အတိုင်အဖောက်ညီစွာပြောဆိုတက်တော့ ကျန့်ကျန့်တို့ သဘောအကျဖြစ်နေပြီပေါ့။စားသောက်ပြီးတော့......။
“ကျောင်းပိတ်တော့ မင်းဘယ်သွားမလဲရှောင်ကျန့်”
“ငါဘယ်မှမသွားတော့ပါဘူးကွာ အိမ်မှာပဲလုပ်စရာရှိတာလုပ်အုန်းမယ် မင်းရော”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...