[Unicode]
Wang hai နဲ့ yi yi ကလဲ သူတို့ရဲ့ “ဝမ်အိမ်တော်”ကြီးကို လေလံဈေးကွက်တင်လိုက်တယ် ။တစ်ချို့ကလဲ အိမ်ကြီးကိုသဘောကျပေမယ့် မဝယ်ရဲကြဘူး သို့ပေမယ့် အပြိုင်အဆိုင်ဈေးကွက်ခေါ်ကြတဲ့သူတွေလဲရှိနေသေးသည်။
ထိုအိမ်ကြီးကိုစိတ်ဝင်စားကြသူများ၍ မကြာမှီပင် အိမ်တော်ကြီး လေလံအောင်သွားတယ်။
ဝမ်မိသားစုလဲ ရှောင်မိသားစုနဲ့နှစ်အိမ်တစ်အိမ်ဖြစ်အောင်ဘေးချင်းကပ်အိမ်ကြီးကိုဝယ်လိုက်ကြသည်။ထိုအိမ်ကြီးကဆောက်ထားတာမကြာသေး အိမ်ရှင်တွေကလဲနိင်ငံခြားမှာသာအနေများတာမို့ ယခုအိမ်ကြီးကို အပန်းဖြေရန်သပ်သပ်သာဆောက်ထားခြင်းဖြစ်သည်။
ဝမ်မိသားစုက ကမ်းလှမ်းသောငွေပမာဏကမနည်းတာကို ထိုအိမ်ကြီးကိုရောင်းလိုက်ကြသည်။
ယခုတွင် အိမ်နီးချင်းမိသားစုလေးဖြစ်သွားကြလေပြီ ။ဝမ်ရိပေါ်ကတော့ အချိန်ပြည့် ရှောင်ကျန့်နားပဲကပ်နေတော့သည်။
Wang hai လဲ ဦးစီးမယ့်သူမရှိလို့ပိတ်ထားခဲ့ရတဲ့ သူ့ရဲ့ companyကိုပြန်လည်ဖွင့်နိင်ခဲ့ပြီ xiao company နဲ့ အကျိုးတူစီးပွားပူးပေါင်းလိုက်တယ် ။
သူဠေးကတော်နှစ်ယောက်ကတော့ shopping ထွက်လိုက် Beauty salonထိုင်လိုက်နဲ့ အတွဲညီနေကြသည်။
အခုလဲ အထုပ်တွေ တစ်ဆွဲကြီးနဲ့ shopping mallကထွက်ခဲ့ကြသည်။
“လီလီ ငါတို့ အိမ်ပြန်ကြတော့မလား”
“ဟင့်အင်း မပြန်သေးပါဘူး ဗိုက်ဆာတယ် တစ်ခုခုသွားစားကြမယ်လေ”
“နင်ပြောတာ ကောင်းတယ်”
yi yiက လက်မလေးထောင်ကာ မေလီရဲ့စကားကိုထောပနာပြုလိုက်တယ်။
_____
“ကိုကို ဒီနေ့ကျောင်းမသွားဘူးလား ”
ရိပေါ်က ရှောင်ကျန့်စာလုပ်နေတဲ့နားလာပြီးမေးလိုက်တယ်....
“ဒီနေ့ကျောင်းပိတ်တယ်လေ ညီလေးရဲ့ ”
“ဪ ဪ ဒါနဲ့လေ ကိုကို ကျွန်တော့ကို ကိုကိုတို့သင်ရတဲ့စာတွေပြောပြပါလား”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...