[Unicode]
အိမ်ပြန်လာကြရာ ကားပေါ်တွင် ရိပေါ်လေးက ရှောင်ကျန့်ပုခုံးပေါ်မှီပြီးအိပ်လာခဲ့တယ်။
ရိပေါ်ရဲ့ခေါင်းလေးကို အသာထိန်းကိုင်ထားပေးရင်း နေ့လည်ကအဖြစ်အပျက်ကိုပြန်မြင်လာတယ်။
ဒီကိစ္စကိုမေ့ပစ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိင်ပေ။
အဲ့ဒီမိန်းမက ပါးဆီလာတာဖြစ်မည် ညမှပါးကိုမေးကြည့်ရမယ်။
အတွေးများနေတာနဲ့ အိမ်ရောက်လာတာပင်သတိမထားမိချေ။
“ရှောင်ကျန့် အိမ်ရောက်ပြီနော် ..”
“ဪ အေးအေး..”
ကျန်းချန်နဲ့ ဝိမ့်နင်တောင် ဟိုဘက်အိမ်ရောက်နေလောက်ပြီ ရှောင်ကျန့်ကခုထိကားပေါ်ကမဆင်းရသေးပေ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ရိပေါ်လေးကိုကြည့်ကာ မနိုးပဲ ပွေ့ခေါ်သွားလို့ရပေမယ့် ညနေစောင်းနေပြီမလား တော်ကြာနေမကောင်းဖြစ်နေအုန်းမည်။
“ကလေး..ကလေးလေး”
ရိပေါ်ရဲ့ပါးလေးကို အသာလေးပုတ်ပြီးနိုးလိုက်တော့...။
“အင်း...ကိုကို ခဏလေးနော် ၅မိနစ်ပဲလေ”
အချွဲလေးက အိပ်ယာမှာအိပ်နေတယ်ထင်လားမသိဘူး ဈေးတောင်စစ်နေသေးသည်။
“ကလေး...အိမ်ရောက်နေပြီလေ နေမကောင်းဖြစ်နေမယ် ညမှအိပ်တော့”
“ဟင်....အိမ်ရောက်ပြီ”
အခုမှ မျက်လုံးလေးပြူးပြဲပြီး ဘေးဘီတွေလျှောက်ကြည့်နေတော့တယ်။
“ဟီး..ဟုတ်သားပဲ ရိပေါ်က မိုးလင်းတယ်ထင်နေတာ..ကုမ္ပဏီကပြန်လာတာ မေ့သွားတယ်”
“ဟားးး ဖြစ်ရမယ် ကိုကို့ရဲ့ကလေးလေးကတော့လေ အဲ့ဒါ ညနေစောင်းအိပ်လို့ထင်ယောင်ထင်မှားဖြစ်တာ..ခဏထိုင်နေအုန်းနော် ကိုကိုတံခါးဖွင့်ပေးမယ်”
“ဟုတ်”
ရှောင်ကျန့်လဲ ရိပေါ်ရဲ့နှဖူးလေးကိုနမ်းလိုက်ပြီး ကားပေါ်ကအရင်ဆင်းလိုက်တယ်။
ပြီးမှ အပြင်ကနေရိပေါ်ဘက်ကတံခါးကိုဖွင်းပေးပြီး ..
“လာ ကလေးလေး”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...