💘part_56💖

3.3K 275 26
                                    

[Unicode]

ရိပေါ်လေး အိပ်ယာနိုးလို့ရေမိုးချိုးပြီးတော့ သနပ်ခါးလေးလိမ်းထားသည်မို့ မေလီနဲ့Yi Yiအထူးအဆန်းဖြစ်နေကြသည်။

"ဟယ် သားငယ်လေး ဘာစိတ်ကူးရလို့လဲ သနပ်ခါးတွေကိုဖွေးနေတာပဲ"

"ဟီး သား သနပ်ခါးလိမ်းချင်စိတ်ပေါက်လာလို့ပါမေမေ"

"ဟုတ်ပါ့ yiရယ်တို့သားငယ်လေးက သနပ်ခါးလေးနဲ့ သိပ်ချစ်စရာကောင်းနေတာပဲ သားကျန့်သာမြင်ရင် အသည်းယားနေတော့မယ်"

"မားကလဲ"

"ဟားးး"

~ဒီမေမေနှစ်ယောက်နဲ့တော့မလွယ်ပါ လူကိုရှက်အောင်စနေတော့တာပဲ~

ရိပေါ်လေးလဲ ဝက်ဝံရုပ်လေးပိုက်ပြီး ဧည့်ခန်းမှာသွားထိုင်နေလိုက်တယ်။

~ဟီး မေမေတို့ပြောသလိုပဲ ငါအရမ်းချစ်စရာကောင်းနေတာလား ကိုကိုမြင်ရင်ရောဘယ်လိုပြောမလဲ~

ရိပေါ်လေးကတော့ သူ့ကိုကိုပြန်လာမယ့်အချိန်ကိုသာ မျှော်နေတော့တာပေါ့ ။

ထိုအချိန် ခြံဝင်းထဲ ကားဝင်လာသံကြားတာကြောင့် အိမ်ရှေ့ကိုပြေးထွက်သွားတယ်။

မလှမ်းမကမ်းက ကြည့်နေတဲ့ မေမေနှစ်ယောက်မှာတော့ မျက်လုံးပြူးကာ ရိပေါ်နောက် အမြန်လိုက်ရတော့တယ်။

"အမလေး သားငယ်ရယ် ဖြေးဖြေးသွားမှပေါ့ သားကိုကိုသာတွေ့ရင် မားတို့တော့မိုးမီးလောင်ပြီ"

"မီးလောင်ရင် သားငြိမ်းပေးမှာပေါ့ ကိုကိုပြန်လာပြီလားမသိဘူး "

ပြောရင်း အိမ်ပေါက်ဝကနေ ပြုံးပြီးရပ်စောင့်နေလိုက်တယ်။

မေမေနှစ်ယောက်ကတော့ မနိင်ဘူးဆိုတဲ့ပုံမျိုးသာကြည့်နေလိုက်တယ်။

ကားပေါ်ကနေ ကျင်းဝူအရင်ဆင်းလာပြီး yang yangကို တံခါးဖွင့်ပေးပြီးတွဲခေါ်လာခဲ့လိုက်တယ်။

"မမyang yangတို့ပါလား ဆေးခန်းပြရင်းလာတာလား"

"မဟုတ်ပါဘူး ရိပေါ်လေးရေ ညီလေးဆီကိုသွားချင်ပါတယ်ဆိုလို့ လိုက်ပို့တာ"

"လာ မမနဲ့ အကိုကျင်းဝူ "

"ဟယ် သမီးတို့လာလည်တာလား လာလာ ထိုင်ကြအုန်း အန်တီ စားစရာလုပ်ပေးမယ်"

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now