[Unicode]
ညရောက်တော့ မိသားစုပါတီလေးပြန်လုပ်ကြတယ်။ မေလီတို့အိမ်ခြံဝန်းထဲက မြက်ခင်းစိမ်းပေါ်တွင် လှပသည့်စားပွဲခုံရှည်ကိုခင်းကျင်းထားပြီး ထိုပေါ်တွင် စားသောက်ဖွယ်ရာများကို သေသပ်စွာပြင်ဆင်ထားသည်။
စားပွဲအလည်တွင် သုံးခွပုံစံခွက်ဖြင့် ကြီးမားတဲ့ဖယောင်းတိုင်များထွန်းထားသောကြောင့် စားသောက်ဖွယ်ရာများမှာ အရောင်တလက်လက်နှင့် ကြည့်၍ပင်ကောင်းလှသည်။
ဇနီးမောင်နှံအသစ်လေးတွေကလဲ ကိုယ်ရောင်ကိုယ်ဝါတောင်ပစွာဖြင့် တစ်ယောက်လက်တစ်ယောက်ချိတ်ကာ ကျော့ကျော့မော့မော့လျှောက်လှမ်းလာကြတယ်။
ပါတီအတွက်အစားအေသာက်နဲ့ ဝန်ထမ်းတွေကိုလဲ Hotelကသာစီစဉ်ပေးခြင်းဖြစ်သည်။
အနောက်တိုင်းဆန်တဲ့ ဝတ်စုံအနက်လေးနဲ့ရိပေါ်ဟာ ရှောင်ကျန့်အတွက် ကြည့်လို့မဝနိင်တဲ့အရုပ်ကလေးလိုပဲ။
လူကြီးယောင်ဟန်ဆောင်ထားတဲ့ ကလေးလေးကိုသာ တစ်စိမ့်စိမ့်ကြည့်ရင်း ရှေ့ကအစားအသောက်တွေပင်မမြင်တော့ပါ။
“ကဲ ကလေးတို့ ပျော်ပျော်ပါးပါး သောက်ကြစားကြနော် ဦးတို့ကိုအားမနာနဲ့”
ရှောင်ရန်ပြောတော့ ကျန်းချန်နဲ့Xingliက ပါမစ်ရပြီဖြစ်တာကြောင့် ရှေ့ကဝိုင်ပုလင်းကိုလှမ်းယူလိုက်ကြတယ်။Xingliနဲ့ ဝိမ့်ချင်က အနီရောင်အကျီဆင်တူလေးဝတ်ဆင်ထားကြတယ်။ အနောက်တိုင်းဆန်ဆန်ပါပဲ အားလုံးရဲ့ဝတ်စားမှုတွေက ။
ရှောင်ရန်တို့အတွဲနဲ့ဝမ်ဟိုင်တို့အတွဲက စားပွဲရဲ့ဘယ်ဘက်ခြမ်းမှာထိုင်ပြီး လူငယ်အတွဲသုံးတွဲကတော့ ညာဖက်ခြမ်းမှာထိုင်ကြတယ်။ကျန်းချန်တို့မိဘတွေကတော့ ပါတီမတက်ကြပေ ဝါသနာမပါတာလဲဖြစ်မည် ထို့ကြောင့် သူတို့အတွဲ၅တွဲသာ ပျော်ပျော်ပါးပါး စားသောက်ကြတယ်။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...