💘part_70💖

2.5K 201 32
                                    

[Unicode]

သူရိန်နေမင်း ရောင်ဝါလင်းတော့ ပြတင်းမှတစ်ဆင့်ကျရောက်လာတဲ့ အနွေးဓာတ်ငွေ့ငွေ့က နိုးထရတော့မည်ဆိုတာကိုသတိပေးနေသယောင်။

မျက်လုံးတွေကိုအားယူပြီးဖွင့်တော့ ပထမဆုံးမြင်ရတာက သူသိပ်ချစ်မြတ်နိုးရတဲ့ ကလေးလေးရဲ့မျက်နှာကြောင့် ပြုံးလိုက်မိတယ်။

မနက်ခင်းရဲ့အားဆေးလေးဆိုရင်လဲ မမှားတဲ့ ဒီကလေးလေးက ဘာလို့များစွဲအားတွေပြင်းနေရတာလဲဆိုတာ သူမသိ ။

အခုသူသိတာကတော့ ဒီကလေးလေးကိုဖက်ပြီး ဆက်အိပ်ချင်နေသေးသည်ဆိုတာပင်။

ရိပေါ်လေးက ဘေးစောင်းအနေအထားနဲ့အိပ်နေတာမို့ ခေါင်းအုံးနဲ့ပုခုံးကြားမှာလွတ်နေတဲ့ သူ့လက်ကို လျှိုထားရမှ အသာလေးဆွဲထုတ်လိုက်တယ်။

ရိပေါ်လေးနိုးမည်ဆိုးလို့ အသာလေးဆွဲထုတ်လိုက်ပေမယ့် ရိပေါ်လေးက သိတဲ့အလား သူ့လက်ကိုကိုင်ထားလိုက်တယ်။

"ဟင် ကလေးကနိုးနေတာလား"

"ကိုကိုက ကလေးဘေးကနေ ဘာလို့ထွက်သွားဖို့ကြိုးစားနေတာလဲ"

ရိပေါ်လေးက မျက်လုံးတွေမှိတ်ထားဆဲပဲ အိပ်ချင်မူးတူးအသံလေးနဲ့ပြောလာတယ်။

*ဟဲ့ ဗုဒ္ဓေါ*

စိတ်ထဲက အံ့ဩလွန်းလို့ ဘုရားပင်တလိုက်မိတယ်။မနက်မိုးလင်းလို့ထဖို့လုပ်နေတာကို မသိရင်ပဲ အပြီးထွက်သွားတော့မယ့်အတိုင်း။

"ကလေးလေး မိုးကလင်းနေပြီလေ ကိုကိုကုမ္ပဏီသွားဖို့ပြင်ဆင်ရအုန်းမယ် ဒါကြောင့်ပါနော် ကိုကိုက ကလေးဘေးကနေထွက်သွားချင်ပါ့မလား အကြာကြီးဖက်ပြီးအိပ်နေချင်သေးတာ"

"ဟိဟိ တကယ်လား အဲ့ဒါဆို အခုပဲဖက်ပြီးအိပ်လိုက်တော့"

ရင်ခွင်ထဲခေါင်းအပ်ပြီးခါးကိုဖက်လာတဲ့ ကလေးလေးကြောင့် သူအသည်းယားစွာ ပြန်လည်ဖက်ထားမိလိုက်တယ်။

"ကိုကိုက အဖိုးကြီးဖြစ်နေပြီလား"

"ဟင် ဘာလို့လဲ ကလေးရဲ့"

"မနေ့က ဒေါက်တာပြောသွားတာမေ့နေပြီလား ဒီနေ့ကစပြီး ကိုကို ရိပေါ်နဲ့အတူအိမ်မှာနေရမယ်လေ"

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now