[Unicode]
ရိပေါ်လေးလဲ သူလိုချင်တာကိုလက်ညိုးထိုးမိတာနဲ့ ရှောင်ကျန့်က ယူပေးပြီးသားပင်။
“ကလေး ဘာထပ်လိုချင်သေးလဲ”
“ဟင့်အင်း မလိုတော့ဘူးကိုကို”
“ရှိသေးရင်ပြောနော် ကိုကို့ကို အားမနာနဲ့”
အထုတ်တွေလက်နှစ်ဖက်လုံးဆွဲထားရတောင်တောင်မေးနိင်သေးတဲ့သူ့ကိုကို ကိုကြည့်ပြီး ရိပေါ်ပြုံးနေမိတယ်။
“ကိုကို မားတို့ကလဲ ဟိုဘက်သွားကြည့်တာဆိုပြီးကြာလိုက်တာ”
“ဟုတ်ပါ့ ကိုကို့ကလေးလေးတောင်ဝယ်ပြီးနေပြီကို”
ပြောလို့မဆုံးသေးခင်ပဲ မေမေနှစ်ယောက်ကအထုတ်တွေဆွဲပြီးရောက်လာခဲ့တယ်။
“သားတို့ရော ဝယ်လို့ပြီးပြီလား”
“ပြီးပြီမား ရိပေါ်လဲဗိုက်ဆာနေပြီ”
ရိပေါ်လေးရဲ့ခပ်ချွဲချွဲအမှုအယာလေးကြောင့် မေမေနှစ်ယောက်အပြင် ရှောင်ကျန့်လဲကြည့်ရင်း အသည်းယားနေမိသည်။
“အယ် သားငယ်လေးဗိုက်ဆာနေပြီလား အဲ့ဒါဆိုသွားရမှာပေါ့ ကဲ မားတို့ပိုက်ဆံသွားရှင်းရအောင်”
မေလီတို့လဲ ပိုက်ဆံရှင်းပြီးတာနဲ့ Shopping mall ထဲကနေထွက်ကာ နီးစပ်ရာ စားသောက်ဆိုင်ကိုဝင်ခဲ့လိုက်ကြတယ်။
စားသောက်ဆိုင်က သိပ်ပြီးကြီးမားတာမျိုးမဟုတ်ပဲ သာမာန်လေးသာ...။
လူစည်ကားတာမျိုးကြီးမဟုတ်ပေမယ့် အေးဆေးတိတ်ဆိတ်ပြီး အပြင်အဆင်ကလဲ စိတ်ဝင်စားဖို့ကောင်းလှသည်။
အဝင်အထွက်တံခါးပေါ်မှာလဲ သစ်ရွက်သစ်ခတ်တို့ဖြင့်အလှဆင်ထားပြီး ဆိုင်ထဲမှာလဲ သဘာဝဆန်ဆန်လေး စားပွဲခုံတွေနှင့် ထိုင်ခုံကိုသစ်သားတွေဖြင့်ပြုလုပ်ထားသေးသည်။
ကြည့်လိုက်တာနဲ့မျက်လုံးအေးပြီး အေးအေးဆေးဆေးစားသုံးနိင်မည့်feelingမျိုးကိုလဲပေးသည်။
ရှောင်ကျန့်လဲ ထောင့်တစ်နေရာက စားပွဲမှာနေရာယူကာထိုင်လိုက်ကြတယ်။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...