💘💘part_38💖💖

4.4K 319 24
                                    

[Unicode]

ဒီနေ့ ရှောင်ကျန့်တို့ second yearတက်သည့်နေဖြစ်တယ်။ရိပေါ်လေးကိုတော့ ဆရာမလန်ရိရဲ့တူ ဟိုက်ခွမ်းက စာလာသင်ပေးတဲ့ပထမဆုံးနေ့လဲဖြစ်တာမို့ အိမ်မှာ ဒေါ်ကြီးရယ် ရိပေါ်ရယ် ဆရာဟိုက်ခွမ်းရယ်ပဲရှိလေသည်။

‌ဖေဖေနှစ်ယောက်က companyကိုသွားကြပြီး မေမေနှစ်ယောက်က မပြီးဆုံးနိင်တဲ့ဈေးဝယ်ထွက်ခြင်းစတင်လေပြီ။

"သားတို့ ဒေါ်ကြီးအအေးနဲ့မုန့်ယူခဲ့မယ်နော် "

"ဟုတ်ကဲ့ ဒေါ်ကြီး"ရိပေါ်မှဖြေလိုက်ပြီး..

"ဆရာက ရိပေါ်ကိုစာသင်ပေးမှာမလား"

"အင်းလေ ရိပေါ်ကိုမသင်လို့ ဘယ်သူ့ကိုသင်ရမလဲ"

"ဟီး ဒါနဲ့လေ စာမသင်ခင် ဆရာ့ကိုမေးစရာရှိတယ် "

ရိပေါ်က ဟိုက်ခွမ်းကိုကြည့်ကာ ပြုံးပြီးပြောလိုက်တယ်။
~ကလေးက ဒီလောက်ထိချောဖို့လိုလို့လားကွာ~

"ဪ အင်း အင်း မေးလေ "

"ဟီး ဆရာ့မှာ ချစ်သူရှိလား"

"မရှိပါဘူး ဘာလို့လဲ ရိပေါ်ရဲ့"

"ဟာ ရိပေါ်မှာတောင်ရှိတယ် ဘာလို့ဆရာ့မှာမရှိရတာလဲ"

~ဘာလဲဟ ဒီကလေးက ငါ့ကိုစာသင်ဖို့ခေါ်တာလား ဒေါက်ဖြုတ်ဖို့ခေါ်တာလား~

"ဟင် ရိပေါ်မှာချစ်သူရှိတယ်ပေါ့ ဘယ်သူလဲ အဲ့ကောင်မလေးကချောလား"

"အာ ဘယ်ကကောင်မလေးလဲ ရိပေါ်ချစ်သူက ကောင်လေးပါ"

~ဟိုက် မြက်စွာဘုရား ငါနားကြားမှားတာလား ငါသူ့ကိုစာသင်ပေးရမှာတော့ဟုတ်ပါတယ်နော် သူတို့roတာတွေများ နားထောင်ရမလားပဲ~

"ရိပေါ်ရဲ့ကိုကိုကလေ အရမ်းချောတာ မိန်းခလေးတွေတောင်ကိုကို့လောက်မချောဘူး"

"ဟုတ်လို့လား ရိပေါ်ရ"

ဟိုက်ခွမ်းက မယုံသလိုမေးလိုက်တော့ ရိပေါ်က ခါးလေးထောက်ပြီး..

"ဘာလဲ ဆရာက မယုံဘူးပေါ့လေ ဒါဆို ကိုကိုပြန်လာတဲ့ထိစောင့်နေ "

~ဟ ဘာလေးလားဟ စာပြရမှာလား သူ့ကိုကိုကြည့်ရမှာလား~

"အဟမ်း ‌ပြောလို့ပြီးပြီမလား စာသင်ကြမယ်"

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now