[Unicode]
(၃)လကြာသောအခါ.....
မေလီနေမကောင်း၍ ကျောင်းပင်မသွားနိင်။အစာလဲသိပ်မစားချင် နောက်ပြီး ပျို့ပျို့ပြီးအန်သည်။
“သမီး နေမကောင်းဘူးလား အအေးများမိလို့လားကွယ်”
“မသိဘူးမေမေ ခေါင်းနည်းနည်းမူးတယ် ရင်ဘက်ထဲမှာတစ်မျိုးပဲ”
“အဲ့ဒါဆို မေမေဆရာဝန်ခေါ်ပေးမယ်နော် ”
ဒေါ်မေရီက Family doctor ကိုအိမ်သို့ပင့်လိုက်တယ်။ခဏကြာတော့ ဆရာဝန်ရောက်လာပြီး စစ်ဆေးတယ် ။
“ဒေါက်တာ သမီးက ရိုးရိုးဖျားတာလား ”
“အစ်မ ကျွန်တော်နဲ့စကားခဏပြောရအောင် ”
ဒေါက်တာက မေလီကို အားဆေးထိုးပေးပြီး အပြင်ထွက်လာခဲ့တယ်။
“ဆရာ ဘာများဖြစ်လို့လဲ သမီးမှာရောဂါတစ်ခုခုများ....
မေရီစကားမဆုံးခင် ဆရာဝန်ကခေါင်းခါပြလိုက်တယ်။
“မဟုတ်ပါဘူး အမ သမီးက အိမ်ထောင်မကျသေးဘူးမလား ”
“ဟုတ်ကဲ့ဒေါက်တာ မကျသေးပါဘူး ကျောင်းတောင်မပြီးသေးဘူး”
“ပြောရမှာတော့ အားနာပါတယ် အမသမီးမှာ ကိုယ်ဝန်ရှိနေတယ်”
“ရှင်”
ဒေါ်မေရီသွေးပျက်ကာလှဲမလိုဖြစ်သွားရသည် ဒေါက်တာက တွဲထိန်းပေးလိုက်ရင်း ...“စိတ်ကိုအေးအေးထားပါ အစ်မ သမီးကိုလဲဆူဆူပူပူမလုပ်ပဲ ချော့မော့မေးကြည့်ပါ ဒီလိုအရွယ်မှာ ဒီအဖြစ်အပျက်ကိုသူကိုယ်တိုင်က လက်မခံနိင်နေချိန် အမတို့ဘက်က သိပ်ပြီးဒေါသထွက်ပြလိုက်ရင် သူ့အတွက်အသက်အန္တရာယ်ပါစိုးရိမ်ရပါတယ် ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေမလုပ်ရအောင် အမတို့ဘက်က သေချာစောင့်ကြည့်ပြီး စီစဉ်ပေးပါ ကျွန်တော်က Family doctor ဖြစ်နေလို့ အမတို့သိက္ခာအတွက်စိတ်မပူပါနဲ့ ကျွန်တော်နားလည်ပေးပါတယ် အစ်မတို့လဲ ဘယ်လောက်ထိပူပင်နေမလဲဆိုတာ ကိုယ်ချင်းစာပါတယ် ဂရုစိုက်ပါအမ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့ကိုချက်ချင်းခေါ်လိုက်ပါ”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...