[Unicode]
ရှောင်ကျန့်ကုမ္ပဏီသွားဖို့ပြင်နေတုန်း ရိပေါ်လေး အနားကပ်လာကာ...။
“ကိုကို ”
“ပြောလေ ကလေး”
အကျီလက်နားကို ကြယ်သီးတပ်ရင်း ပြန်ဖြေလိုက်တယ်။
“ကိုကို ဒီနေ့ ရိပေါ် ကုမ္ပဏီလိုက်လို့ရမလား”
မရဲတရဲလေးပြောလာတော့ ရှောင်ကျန့် ရိပေါ်လေးကိုကြည့်လိုက်မိတယ်။
အကျီအဖြူဂျိုင်းပြက် လေးဝတ်ထားပြီး အပေါ်က အကွက်လက်ရှည်လေးထပ်ထားကာ ဘောင်းဘီအတိုလေးနဲ့ ရိပေါ်ပုံက အတော့ကိုချစ်ဖို့ကောင်းသည်ထက်ပိုနေသည်။
ယုန်ရုပ်လေးကိုပိုက်ထားပြီး မျက်လုံးလေးပင့်ကာ အဖြေစောင့်နေတဲ့ပုံလေးက ရှောင်ကျန့်ကိုပိုပြီးအသည်းယားစေတော့သည်။
ဒီကလေးလေးကို လူကြားထဲခေါ်သွားရမှာတော့ သူ့အတွက်အတော်ခက်သည်။
အခြားတော့မဟုတ် တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာသောကြောင့်ပင်။
လူတွေဝိုင်းကြည့်ကြမှာ သဝန်တိုပါတယ်။
ဒါပေမယ့် ကလေးကိုယ်တိုင်ကတောင်းဆိုနေတော့လဲ....။“ကလေးလိုက်ချင်တယ်ဆိုတော့လဲ ကိုကိုကခေါ်ရမှာပေါ့”
“ဟင် တကယ်နော်ကိုကို ရိပေါ်ကိုခေါ်မှာနော်”
မျက်ဝန်းလေးတွေတောက်ပလာလိုက်တာများ လိုချင်တာရသွားတဲ့ကလေးတစ်ယောက်လို။
“ဟုတ်တယ် ဒါပေမယ့် ကိုကို့စကားနားထောင်မှခေါ်မှာနော်”
“ဟုတ် ကိုကို ရိပေါ်နားထောင်မယ်”
သိတာပေါ့ ဒီကလေး သူဖြစ်ချင်တာအတွက် ဘယ်ကတိမဆိုပေးတက်တာ။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...