[Unicode]
မေလီတစ်ယောက် yi yiချိန်းတဲ့နေရာသို့ရောက်ခဲ့လေသည်။နေရာက တိုက်ခန်းတစ်ခန်းပဲ ကြည့်ရတာ yi yiရဲ့ကွန်ဒိုဖြစ်မယ်ထင်တယ်။
~ဒီမိန်းမ ချိန်းချင်လဲ ကော်ဖီဆိုင်တို့ မုန့်ဆိုင်တို့ချိန်းပါလား ဘယ့်နှယ့် ဒီတိုက်ခန်းကြီးတဲ့လဲ ~
မေလီကတော့ အတွေးနဲ့အတူ တံခါးခေါက်လိုက်တယ်...
“ဒေါက် ..ဒေါက်”
ဂျက်
တံခါးပွင့်လာတော့ သူမမြင်လိုက်ရတာ yi yiမဟုတ်ပေ။
“ကို”
“လာလေ မေရဲ့”
မေလီလဲကြောင်အအနဲ့ အထဲကိုဝင်လာလိုက်တယ်။
“ကို ကဒီမှာဘာလို့ရှိနေတာလဲ ဟို yi yiရော”
“yi yi မရှိပါဘူး မေပဲ ကို့ကိုပြောစရာရှိလို့ဆို ဒါကြောင့် ဒီမှာချိန်းတာမလား”
မေလီစွံ့အလျှက် ~ဒါ yi yiလက်ချက်ပဲဖစ်မယ် နှစ်ကျပ်ကွက်နင်းသွားတဲ့မိန်းမ ပြီးမှတွေ့အုန်းမယ်~ဟု အတွေးထဲမှာကြိမ်းမောင်းနေတော့တယ်။
“မေ...မေ..”
ရှောင်ရန်က မေလီရဲ့ပခုံးကိုကိုင်ပြီး ခေါ်လိုက်မှ မေလီသတိကပ်လာပြီး...
“ဟင် ..ကို ပြောလေ ဘာပြောမလို့လဲ”
“မေကဘာတွေတွေးနေတာလဲ ပြောစရာရှိလို့ချိန်းတာက မေမဟုတ်ဘူးလား”
ခုမှတော့မထူးပါဘူးဆိုတဲ့အတွေးနဲ့ မေလီက ပြောပြလိုက်တယ် သူ့ဖေဖေက ရှောင်ရန်နဲ့ဘယ်လိုမှသဘောမတူနိင်ဘူးဆိုတာကို။
“မေ တကယ်ပြောနေတာလား ဒါဆို ကို တို့ကဝေးရမှာလား မဖြစ်ဘူးနော် ကိုက မေ့ကိုတကယ်ချစ်တာ ဝေးဖို့မပြောနဲ့ မတွေ့ရတဲ့ရက်တွေမှာတောင် လွမ်းလို့ဖျားမတက်ပဲ”
“ဟွန့် အပိုတွေနော် ”
မေလီက ချစ်မျက်စောင်းလေးထိုးပြီးပြောလိုက်တယ်ဆိုရင်ပဲ ရှောင်ရန်က သူ့ရဲ့ဘယ်ဘက်ရင်အုံလေးကိုလက်နဲ့ဖိထားလိုက်ပြီး.
“အားး”
“ဟင် ကို ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...