[Unicode]
ရက်တွေလတွေပြောင်းလာပြီး အခုဆိုရင် ရိပေါ်ရဲ့ဗိုက်လုံးလုံးလေးဟာလဲ သိသိသာသာကိုပူထွက်လို့လာပြီဖြစ်သည်။
မွေးရက်နီးပြီဖြစ်တာမို့လဲ အစစအရာရာဂရုတစိုက်နဲ့ အားလုံးကအရိပ်တကြည့်ကြည့်ဖြစ်နေကြတယ်။
ရိပေါ်က အားလုံးရဲ့အချစ်ခံလေးပါပဲ။ကျူးရင့်ကလဲ အရေးပေါ်အခြေအနေဖြစ်ရင်အသင့်ရှိနေအောင်အိမ်မှာလာနေပေးသည်။
အကဲဆုံးကတော့Xing liသာဖြစ်သည်။ဒဇိုင်နာသင်တန်းလဲအောင်ပြီးပြီဆိုတော့ ဆိုင်ကိုဝိမ့်ချင်ကျဲလက်အပ်ပြီး သူက ရိပေါ်လေးနားအမြဲကပ်နေတယ်လေ။
ရိပေါ်ရဲ့ကိုယ်ဝန်(၇)လပြည့်တုန်းက အက်ထရာစောင်းရိုက်တော့သိရသည် ကလေးကအမွှာပူးလေးဆိုတာကိုပေါ့။
ဟုတ်ပါသည် ယောကျာ်းလေးတစ်ယောက်မိန်းခလေးတစ်ယောက်မို့ တူမလေးလိုချင်ခဲ့တဲ့Xing liအတွက် ဒါကဝမ်းသာစရာပင်။
ဒါကြောင့် အားလုံးထက်ကိုသူက အကဲပိုကာ ရိပေါ်လေးကိုပိုပြီးအထိအခိုက်မခံရအောင်စောင့်ရှောက်လေသည်။
ကျူးရင့်ကတော့ ကိုယ်ဝန်စစ်ပေးဖို့နှင့်အရေးပေါ်အခြေအနေစောင့်ကြည့်ရန်ဖြစ်ပြီး ရှောင်ကျန့်ကတော့ ညအိပ်ချိန်လောက်သာရိပေါ်နားကပ်ခွင့်ရှိတော့သည်။
အချိန်ပြည့် ထိုအမွေစိန်က ကလေးနားကပ်နေသည်မဟုတ်လား။အခုလဲ ကလေးနားနေပြီး ပေါက်ပေါက်ဖောက်လိုက်တဲ့စကားတွေ ကေလးတော့မသိဘူး သူေတာ့ တော်တော်နားညည်းနေပြီဖြစ်သည်။
Laptopကို ပေါင်ပေါ်တင်ပြီး *ပါး*ခိုင်းထားတဲ့အလုပ်စာရင်းတွေစစ်နေရပေမယ့် ကလေးကိုလဲတစ်ချက်တစ်ချက်ကြည့်ရသေးသည်။
သားသားမီးမီးလေးတွေပင်ရတော့မယ် အခုထိအဆော့မက်တဲ့ကေလးကိုXing liနဲ့တော့စိတ်ချပြီးလွတ်မထားနိင်ပါ ဒါကြောင့်လဲ အလုပ်ကိုဧည့်ခန်းမှာလာလုပ်နေခြင်းပင်။ဒါမှကလေးက သူ့မျက်စိရှေ့မှာမို့ စိတ်ချရမှာ။
“မောင်လေး ကလေးလေးတွေမွေးပြီးရင်လေ တူမလေးနာမည်မှာ မမနာမည်ပါအောင်ထည့်ပေးနော်”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...