[Unicode]
နေ့သစ်ရဲ့အလင်းရောင်ဖြာကျချိန်မှာတော့ ပုံမှန်ဖြစ်နေတဲ့အိပ်စက်ခြင်းအာရုံတွေက အလိုလိုနိုးထလာခဲ့တယ်....
ရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့အကောင်ပေါက်လေးကြောင့် တစ်ချက်ပြုံးလိုက်ပြီး ညကအကြောင်းတွေသတိရပြန်တော့ တစ်နေ့သာအတွက် အင်အားတွေရလိုက်သလို....။
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကိုသပ်ပေးလိုက်ပြီး နံနက်ခင်းအနမ်းလေးပေးလိုက်တော့ အအိပ်ဆက်တဲ့ ကလေးလေးက လူပ်လူပ်ရွရွဖြစ်လာတယ်။
ဘယ်အချိန်ကြည့်ကြည့် ကြည့်မဝတဲ့မျက်နှာလေးနဲ့ ချစ်စရာအပြုအမူလေးတွေကြောင့် ဖြစ်နိင်ရင် ကလေးအနားကနေတစ်ဖဝါးမှကိုမခွာချင်ပါ....။
မဖြစ်သေးပါဘူး companyသွားရအုန်းမယ်ဟုတွေးပြီး ရိပေါ်လေးရဲ့လက်ကို သူ့ခါးကေန ဖယ်မယ်လုပ်တော့ ပိုပြီးတင်းတင်းကြပ်ကြပ်ပြန်ဖက်ခံလိုက်ရတယ်။
~ကလေးရယ် ကိုကိုကလဲ ကလေးကိုထားခဲ့ပြီး သွားချင်ပါ့မလား ကလေးက ခုလိုကြီးလုပ်နေတော့ ကိုကိုဘယ်လိုစိတ်နဲ့အလုပ်သွားရမလဲ~
“ကိုကို ပြန်အိပ်ပါအုန်း ကလေးအိပ်ချင်သေးတယ်”
ရိပေါ်လေးရဲ့အသံကြောင့် ရှောင်ကျန့်လဲ ဘေးတစောင်းလဲလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်။
အမယ့် ကလေးက မျက်လုံးတောင်မဖွင့်သေးဘူးပဲ ညကတော်တော်လေးပင်ပန်းသွားပုံရတယ်။
“ကလေးကအိပ်လေ ကိုကိုက companyသွားဖို့ပြင်ရအုန်းမယ်”
ခေါင်းလေးကိုပွတ်ရင်းပြောလိုက်တယ်။
“ဟင့်အင်း ကလေးက ကိုကို့ကိုဖက်ပြီးအိပ်ချင်တာလေ ဒါကြောင့် ကိုကိုရှိနေမှဖြစ်မှာ”
ခုထိမျက်လုံးမဖွင့်သေးပဲ ချွဲစိန်လုပ်နေတဲ့ ရိပေါ်လေးကြောင့် ရှောင်ကျန့်ရဲ့တွေဝေနေတဲ့စိတ်တွေ လုံးဝဆုံးဖြတ်ချက်ခိုင်မာသွားတော့တယ်။
~ကလေးလောက် ဘာကအရေးကြီးမှာမို့လို့လဲ စီးပွားရေးဆိုတာက ဒုတိယပဲ ပါးနဲ့မားတို့ရဲ့စည်းစိမ်နဲ့ကို ဒီတစ်သက်ဘာအလုပ်မှမလုပ်ပဲနေရင်တောင်စားမကုန်တာ ဖေဖေနဲ့မေမေရဲ့စီးပွားရေးပါပေါင်းလိုက်တော့ ဟုတ်တယ် ငါဒီနေ့အလုပ်မသွားဘူး ဒါပဲ~
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...