[Unicode]
နံနက်ခင်းရဲ့နေရောင်ခြည်က ပြတင်းမှတစ်ဆင့် အခန်းထဲသို့ဖြာကျနေသည်။ရှောင်ကျန့်တစ်ညလုံးစဉ်းစားခန်းဝင်နေသောကြောင့် မိုးလင်းခါနီးမှအိပ်ပျော်ခဲ့ခြင်းဖြစ်သည်။
အိပ်ရေးမဝလို့ပဲလား ခေါင်းကတစ်ဆစ်ဆစ်နဲ့ကိုက်နေလိုက်တာ..လူက နိုးနေပြီဖြစ်သော်လဲ ငုတ်တုတ်ထထိုင်ပြီးကာမှ ပြန်ငိုက်နေမိပြန်တယ်
"ဟေ့ရောင် ရှောင်ကျန့် တရားမှတ်နေတာလား"
"အမလေး...လန့်တာကွာ မင်းကလဲ"
~ငိုက်နေတာလေးတောင် ဘယ်ပျောက်သွားလဲမသိဘူး အဲ့ဒီကျန်းချန်စုတ်ဟာလေ~
"လန့်မနေနဲ့ ထတော့ မင့်ရဲ့ မားဆီသွားရအုန်းမယ်လေ"
"အင်း"
ရှောင်ကျန့်လဲ ကျန်းချန်ရဲ့သတိပေးမူကြောင့် မထလို့မဖြစ်တော့ ..မထချင်ထချင်နဲ့သာ ရေချိုးခန်းဆီသို့....
**********
"မား.."
"ဟင် သား ကျန့်ကျန့် ဖုန်းမဆက်ဘာမဆက်နဲ့ရောက်ချလာတယ် ဆိုစမ်းပါအုန်း ငါ့သားလေးမုန့်ဖိုးပြက်သွားလို့လား"
"မဟုတ်ပါဘူး မားရဲ့"
"အော အားချန်ရောပါတာလား"
"ဟုတ်ကဲ့ အန်တီ မောနင်းပါဗျ"
"မောနင်းပါ သားရေ လာ လာကြ "
မားက သူတို့ရှေ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ် ကျန်းချန်ကတော့ သူ့ဘေးတွင်ထိုင်ကာ စိတ်ဝင်စားစရာ ဇာတ်လမ်းကြည့်ရတော့မည့်လူလို စောင့်မျော်လျှက်..။
ရှောင်ကျန့်ကအရင်စကားစလိုက်တယ်..။
"မား ..မားကိုလေ သားမေးစရာလေးနည်းနည်းရှိလို့"
"သားရယ် သားအမိချင်းကိုများ မေးစရာကနည်းနည်းများများပြောနေရသေးလား သားမေးချင်တာအကုန်မေး မားသိရင်ပြောပြမှာပေါ့"
~မားကတော့ ပြုံးရွှင်နေတဲ့မျက်နှာနဲ့ ပြောနေပေမယ့် သားစိတ်ထဲမှာ ဘဝင်မကျတာတွေဖြစ်နေတယ် မားရယ်~
"မား **ဝမ်အိမ်တော်**ဆိုတာကိုသိလား"
မားရဲ့မျက်နှာမှာ အံ့ဩမူတွေကိုတွေ့လိုက်ရတယ် ~မား တကယ်ပဲ သိလား~
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...