[Unicode]
xing liနဲ့ ဝိမ့်နင်ခဗျာ အိမ်အောက်ထပ်တွင် သူတို့ခြေရာတွေပဲဖြစ်နေလေပြီ ခုထိရှာမတွေ့သေး။
“အားနင် ငါတို့ရှာနေတာ ဒီလောက်ကြာနေပြီ မတွေ့ဘူးဆိုတော့ ဒီအောက်ထပ်မှာမရှိလောက်ဘူး အပေါ်တက်တော့မလား”
“နင်ကလဲ ဆက်ရှာပါဟ ဒီမှာ လျို့ဝှက်ခန်းတို့ဘာတို့တွေရှိလောက်မှာပေါ့ ”
“အေး အဲ့ဒီလျို့ဝှက်ခန်းကို နင်ပဲရှာ ငါတော့ ကောတို့ဆီသွားပြီ”
xing li က ပြောဆိုကာ လှေကားရှိရာသို့သွားချေပြီ။ပြီးမှသတိရကာ ဝိမ့်နင်ဆီပြန်ပြေးလာသည်။
“အားနင် ငါတစ်ယောက်တည်းမသွားရဲဘူး လိုက်ခဲ့ပါလား ပြီးမှကောတို့နဲ့အတူရှာကြမယ်လေ နော်”
ခုတော့လဲ သနားစရာဖြစ်အောင်ပြောတက်တယ် အစောက သူမဟုတ်သလိုပါ့ တက်လဲတက်နိင်တဲ့အမွှေစိန်ပါပဲဟု ဝိမ့်နင်က မှတ်ချက်ပေးလိုက်တယ်။
“ပြီးရော နင်ပဲ ၁၂မျိုးဟင်းချိုလုပ်နေလိုက်နော်”
“ဟဲဟဲ နင်ကလဲ ငါ့သူငယ်ချင်းလေးဖြစ်ပြီး အပြစ်ကပြောရက်သေးတယ်လား”
“တော်တော့ ငါကနင့်ကောကောမဟုတ်လို့ပလီပလာတွေနားမထောင်ချင်ဘူး”
xing liကတော့ မျက်စောင်းတစ်ချက်ပစ်ပေးလိုက်သေးသည်။
_____
ကျန်းချန်နှင့် ဝိမ့်ချင်က ဟိုမိန်းမကြီးကို လက်တစ်ဖက်စီကနေချုပ်ကိုင်ထားပြီး ငုတ်တုတ်ထိုင်အနေအထားရှိစေသည်။
ဝိမ့်ချင်က သူ့လက်တစ်ဖက်ဖြင့် ထိုမိန်းမကြီးရဲ့ဆံပင်ကိုဆွဲကိုင်ကာ နောက်သို့လန်နေစေတယ်။
“ကျန့်ကျန့် အဆင်သင့်ပဲလား”
ဝိမ့်ချင်ကမေးလိုက်တော့ ရှောင်ကျန့်က ဓားထက်ထက် တစ်ချောင်းကို လက်မှာကိုင်ပြီး စောင့်နေတယ်။
“ကိုကို ညီလေးလုပ်မယ်”
“ရတယ် ကိုကိုပဲလုပ်မယ် ညီလေးရယ် ဖေဖေနဲ့မေမေ့အတွက်မို့ ကိုကိုပဲလုပ်ပါရစေ”
ရှောင်ကျန့် သူ့ညီလေးရဲ့လက်ကိုသွေးမစွန်းစေလို့ သူက ကလေးပဲရှိသေးတယ်။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...