[Unicode]
“ကိုကို ကြည့် ရိပေါ်လှလား”
နေ့လည်ကဝယ်ခဲ့တဲ့ဝတ်စုံတွေကို တစ်စုံပြီးတစ်စုံဝတ်ကာ လိုက်လာမေးရတာအမော။
“အင်း လှတယ် အရမ်းokတယ်”
“မရဘူး မရဘူး အဲ့လိုပြောတာ ရိပေါ်မကြိုက်ပါဘူးနော်”
ရှောင်ကျန့်ကကုတင်ပေါ်ထိုင်ပြီး ရိပေါ်လေးအဝတ်အစားလဲတာကြည့်နေရတယ်လေ ။
အခုလဲ ကုတင်ဘေးကိုလာထိုင်ပြီး လက်မောင်းကိုဆွဲရမ်းနေပြန်တယ်။
ဒီကလေးလေး ဘာအလိုမကျပြန်တာလဲမသိ။
“ကိုကိုက လှလို့လှတယ်ပြောတာလေ ကလေးရဲ့”
“ဟွန့် ကိုကိုပြောတာစိတ်မပါသလိုပဲ ဘာလဲ ကိုကိုကဖြေချင်စိတ်တောင်မရှိဘူးပေါ့ ပြော ကိုကို ရိပေါ်ကိုမချစ်တော့တာလား”
နူတ်ခမ်းလေးစူပြီး လက်မောင်းကိုဆွဲရမ်းနေတာများ မုန့်မစားရလို့ဂျီကျနေတဲ့ကလေးတစ်ယောက်လို။
“ကလေးလေး မဆိုးရဘူးလေ တော်ကြာ ဗိုက်ထဲက ပိစိလေးရုပ်ဆိုးနေမယ်”
“အားးး ကိုကိုနော် ရိပေါ်ကိုလဲမချစ်တော့ဘူးမလား အခု မမွေးရသေးတဲ့ကလေးလေးကိုလဲ ရုပ်ဆိုးမယ်ပြောနေတယ် ကိုကိုတကယ်မကောင်းဘူး အီးဟီးဟီး”
“ဟောဗျာ ကလေးလေး မငိုနဲ့တော့နော် တိတ်တိတ် ကိုကို့ကိုကြည့်”
“ဟင့်အင်း မကြည့်ဘူး ကိုကိုမကောင်းဘူး”
“တကယ်ပဲ ကိုကိုကမကောင်းဘူးလား ...ကိုကိုကောင်းတယ်ဆိုတာသက်သေပြရမလား”
ရှောင်ကျန့်က ရိပေါ်ရဲ့နားနားကပ်ပြီးပြောလိုက်တယ်။
“ဂါး ..ကိုကိုအရူးကြီးနော် ဘာတွေပြောနေတာလဲ”
ခုနက စိတ်ဆိုးနေတဲ့မျက်နှာလေး အခုကျရှက်ပြီး ရဲလာပြန်ရော ။
“ဟားးး ကိုကိုကစတာလို့ အား နာတယ် ...လွတ်ပါအုန်းကလေးရဲ့”
ဗိုက်ခေါက်ကိုဆွဲလိမ်ထားတာများ ပြက်ထွက်တော့မလားထင်ရတယ်။
“ကိုကို့ရဲ့အလှလေးရေ လွတ်ပေးပါအုန်း ကိုကိုနာနေပြီလို့”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...