[Unicode]
ကျန်းချန်တို့လဲ ရှောင်ကျန့်ကို ရှာရန် တစ်ခန်းပြီးတစ်ခန်း လိုက်လေ့လာနေကြသည်။
xing liကတော့ ဝိမ့်ချင်ရဲ့လက်ကို တွဲထားသည်။အားလုံးအသံကျယ်ကျယ်မထွက်အောင် သတိထားလျှောက်နေကြသည်။
“ကျဲ ဟိုအခန်းက မီးဖွင့်ထားတာထင်တယ် တံခါးအောက်မှာ အလင်းရောင်ကျနေတယ် ”
ကျန်းချန်ပြောမှ သူတို့အားလုံး ထိုအခန်းဆီသို့ အကြည့်ရောက်သွားတော့သည်။
“ဟုတ်တယ် ငါတို့သွားကြည့်ကြမယ် ”
ဝိမ့်ချင်က ရှေ့မှဦးဆောင်ကာ ထိုအခန်းဆီဦးတည်လိုက်တယ်။
အခန်းနားကိုရောက်လာတော့ ..။
“ကျဲ တံခါးဖွင့်လိုက်မယ်နော် ”ဝိမ့်နင်ကမေးလိုက်တယ်
“ခဏလေး baby မဖွင့်နဲ့ ကိုယ်ဖွင့်မယ် အခန်းထဲမှာ ဘယ်သူရှိမလဲမသိနိင်သေးဘူး”
ကျန်းချန်က ဝိမ့်နင်ကို စိုးရိမ်ပြီး ပြောလိုက်သည် ဝိမ့်ချင်နဲ့ xing liကတော့ ကျန်းချန်ရဲ့အဖြစ်သည်းမှုကြီးကို ကြာကြာမအံ့ဩနိင်ပေ။
ရှောင်ကျန့်ကို ရှာရအုန်းမည်မဟုတ်လား ။
ကျန်းချန်က တံခါးကို သာသာလေး လှည့်ပြီး တွန်းဖွင့်လိုက်တယ်။
သူတို့မြင်လိုက်ရတာက အလင်းရောင် မှိန်မှိန်ဖြာကျနေသော ထိုအခန်းဝနားတွင် သွေးတွေဖြင့် ခွေလှဲနေသော ရှောင်ကျန့်ကို မြင်လိုက်ကြရသည်။
အားလုံး အံ့ဩပြီး မျက်လုံးပြူးကုန်ကြတယ်။
“ဟင် ရှောင်ကျန့် ..ရှောင်ကျန့် သတိထားအုန်းနော် မင်းဘာမှဖြစ်လို့မရဘူး”
ကျန်းချန်က ရှောင်ကျန့်ကိုပွေ့ထူလိုက်ပြီး လူပ်နိူးနေသည်။
“ကော.. ကော မျက်လုံးဖွင့်ပါအုန်း ကောရဲ့ညီမလေးခေါ်နေတယ်လေ ”
ဝိမ့်ချင်နဲ့ ဝိမ့်နင်လဲ မင်သက်ကာရပ်နေပြီး ဝိမ့်ချင်က တစ်ခုခုကိုသတိရကာ အခန်းထောင့်တစ်နေရာက ရေခရားအိုးကိုသွားယူလိုက်တယ်။
ပြီးတော့ ရှောင်ကျန့်မျက်နှာကိုရေနဲ့ပက်လိုက်တယ်။
“အဟွတ် ..အဟွတ်”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...