[Unicode]
🌤️နံနက်ခင်းရဲ့ နွေးထွေးတဲ့နေရောင်ခြည်နဲ့အတူ နိုးထရမှာကိုပျင်းရိနေတဲ့ ကောင်လေးတစ်ယောက်ကတော့ ဆက်လက်ပြီးပျင်းကြောဆွဲနေလေရဲ့🌤️
“တင်းဝောာင်......တင်းတောင်”
အိမ်ရှေ့တံခါး ဘဲလ်မြည်သံကြောင့် ~ဘယ်အလိုက်ကန်းဆ်ိုးမသိတဲ့ ဧည့်သည်ကဒီအချိန်လာရသလဲ~လို့တွေးရင်းသူ့ရဲ့အိပ်ယာလေးကို မခွဲရက်စွာ လှည့်တကြည့်ကြည့်နဲ့ထသွားတော့သည်။
“ဂျက်..”
“ဟာ ရှောင်ကျန့် မင့်ပုံစံကဘယ်လိုဖြစ်နေတာလဲ ”တံခါးဖွင့်ဖွင့်ချင်းကြားရတဲ့ငှက်ဆိုးထိုးသံကတော့မသာယာခဲ့..
“ငါကဘာဖြစ်နေလို့လဲ”
“ ဪ အေအေ ဆံပင်ကငှက်သိုက် မျက်နှာက လဒဘာမီတွန်သောက်ထားတဲ့ရုပ်နဲ့ ”
“စောစောစီးစီး ဒီလိုမေတ္တာပို့ဖို့ ငါ့စီလာတာလား ကျန်းချန် ငါ့ရဲ့လှပတဲ့အိမ်မက်လေးလဲပျက်စီးသွားပြီ”
“အံမှာ လာလာချည်သေး ဒီနေ့ဘာနေ့လဲရောသိလား အချိန်လဲကြည့်အုန်း ဘယ်အချိန်ရှိပြီလဲ”
“ခုမှ၇နာရီခွဲလေ မင့်မှာနာရီမရှိဘူးလား ဒါလေးမေးဖို့များငါ့အိမ်လာနေသေးတယ်”
“အေး ငါ့နာရီက မင့်ပထွေးယူသွားတာဟေ့”
“အမ် ဘယ်ပထွေးလဲ”
“မင့်ငါ့ကိုအိမ်ထဲဝင်ခိုင်းဖို့ စိတ်ကူးမရှိဘူးလား”
“ဟဲဟဲ ငါမေ့သွားလို့ပါ လာဝင်ခဲ့”
“ဟွန်း”
“ဒါနဲ့ကျန်းချန်မင်းကအစောကြီးဘာလာလုပ်တာလဲ ငါအိပ်ရေးမဝသေးဘူးကွ”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...