[Unicode]
ပင်လယ်ကမ်းခြေသွားမည်ဆို၍ ဝမ်ရိပေါ်တို့တက်ကြွနေလိုက်ပုံများ ဘယ်သူမှလိုက်မမှီပါ။
“သားတို့ရေ ပြင်ဆင်ပြီးပြီလား ပြီးရင်ဆင်းခဲ့တော့နော်”
“ဟုတ်ကဲ့ မေမေ”ရိပေါ်က ကပြန်ဖြေလိုက်ပြီး..
“ကိုကို ရိပေါ် ဒီအကျီနဲ့လိုက်လား ”
မှန်ရှေ့မှာ ဟန်ရေးပြရုံအားမရသေးဘူး ရှောင်ကျန့်ဆီက အမှတ်တောင်းလိုက်သေးသည်။“လိုက်ပါ့ဗျာ ကိုကို့ ကလေးလေးက ဘာဝတ်ဝတ်ချစ်စရာကောင်းပြီးသား”
ရှောင်ကျန့်ကတော့ ခရီးဆောင်အိတ်ထဲ ရိပေါ်ယူလာတဲ့အဝတ်အစားနဲ့သူ့ရဲ့အဝတ်အစားတွေကို စီပြီးထည့်နေရင်း ဖြေလိုက်တယ်။
“ဟီး ကိုကိုလဲ ဘာဝတ်ဝတ်ချောပါတယ်”
“ဟုတ်ပါပြီနော် ဒီကလေးေလးရဲ့ ကိုကိုပဲကို ဒီလောက်တော့ရှိတာပေါ့”
“ကိုကို ပင်လယ်ရောက်ရင်ရော ရိပေါ်ကို ပန်းချီဆွဲပေးနော်”
“ပန်းချီလဲဆွဲပေးမယ် ဓာတ်ပုံလဲရိုက်ပေးမယ်”
“ဟင့်အင်း မရိုက်ပါနဲ့ကိုကိုကလဲ”
“ဟင် ဘာဖြစ်လို့လဲ ကလေးရဲ့ ”
“နာမှာပေါ့ ကိုကိုရဲ့ မရိုက်ပါနဲ့နော်”
ရိပေါ်က မျက်နှာငယ်လေးနဲ့ပြောလာတယ်။“အမ် ကလေးကဘာလို့နာမှာလဲ ကိုကိုက ..အာ သိပြီ ဟားးးးး ကလေးရယ် ဓာတ်ပုံရိုက်တာလဲ မသိသေးဘူးကို ကိုကိုညံ့တာ ကိုကို့အပြစ် လာအုန်း ကိုကို့နားကို”
ဝမ်ရိပေါ်လဲ ဖြေးဖြေးချင်း လျှောက်လာတယ် ။
ရှောင်ကျန့်က သူ့ရဲ့ဖုန်းကိုထုတ်ပြီး ရိပေါ်နဲ့အတူဓာတ်ပုံရိုက်လိုက်တယ် ။
ရိပေါ်ကတော့ သူ့ကိုကိုလုပ်သမျှ မျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်နေတယ်။“ကိုကို အဲ့ဒါဘာလုပ်တာလဲဟင်”
“နာလား ....”
“ဟင် ....”ရိပေါ် မျက်လုံးလေးဝိုင်းစက်သွားတယ်။
~ကိုကို ဘာေတွေပြာနေတာပါလိမ့်~“ကိုကို အခုဓာတ်ပုံရိုက်လိုက်တာလေ နာလို့လား”
“ဗျာ အဲ့ဒါက ဓာတ်ပုံရိုက်တာ ဟုတ်လား”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...