[Unicode]
ရိပေါ်လေးတစ်ယောက် သဘောကျကာရယ်နေလေသည်။
“ဟား..ခ်ခ်.....ဒေါက်တာလူဆိုးကြီးသေသွားပြီ”
ငင့် ဒီကလေးပြောမှပဲ သူ့မှာ လူဆိုးကြီးလုံးလုံးကိုဖြစ်လို့။
သေမှာပေါ့ မသေနိင်စရာရှိလို့လား လင်လင်နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်နေတာကို။
ကျူးရင့်လဲ မျက်နှာငယ်လေးနဲ့ သူ့အရုပ်ကိုကြည့်ပြီး~အမျှပါကွာ~
ရှောင်ကျန့်ကတော့ ရိပေါ်လေးသဘောကျနေတာကိုကြည့်ပြီး ကျေနပ်နေမိတယ်။
~ကလေးက ပျော်ရွှင်မှုနဲ့အလိုက်ဖက်ဆုံးနတ်သားလေးပဲ~
ကျန့်မေ “ဟယ် သား ကျူးရင့်ရောက်နေပြီပဲ”
မားနဲ့မေမေက မီးဖိုဆောင်မှထွက်လာတာနဲ့ ကျူးရင့်ကိုမြင်တော့ ပြုံး၍ အနားရောက်လာတယ်။
“ဟုတ်ကဲ့ အန်တီ”
ယဉ်ကျေးသိမ်မွေ့တဲ့ ကျူးရင့်က မက်တပ်ရပ်ကာ ဦးညွတ်နူတ်ဆက်လိုက်တယ်။
ကျန့်မေ “အို မလိုပါဘူးသားရယ် ထိုင်နေပါ အန်တီတို့ကို ကိုယ့်မိသားစုလိုပဲသဘောထားပြီး လွတ်လွတ်လပ်လပ်နေပါ”
YiYi “ဟုတ်ပါတယ် သားကျူးရယ်”
မေမေနှစ်ယောက်ရဲ့ ဖော်ရွှေမှုကြောင့် ကျူးရင့် ကြည်နူးနေမိတယ်။
ကလေးနဲ့ပက်သပ်ပြီး သဝန်တိုတဲ့စိတ်ကလွဲရင် မင်းက လူကောင်းတစ်ယောက်ပါပဲ။
“မား....မေမေ”
“ရှင့်”
“ပြောလေ သားလေး”
ရိပေါ်က နူတ်ခမ်းလေးတစ်ချွန်ချွန်ဖြင့် သူနဲ့ကိုကိုက လူဆိုးကြီးကို ဘယ်လိုတိုက်ခဲ့တဲ့အကြောင်း ပြောပြနေလေသည်။
မေမေနှစ်ယောက်လဲ ရိပေါ်ပြောတာနားထောင်ပြီး သဘောကျနေလေသည်။
ထိုအချိန် ကျူးရင့်မျက်နှာကတော့ မချိပြုံးလေးနဲ့ပါ့။
ကျန့်မေ “ဒါဆို သားငယ်လေးက ဒေါက်တာကိုကို့ကို လူဆိုးကြီး လုပ်ခိုင်းခဲ့တာပေါ့”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...