Part-5
952 82 0
Zawgyi
Haoxuan နှင့်​ Jiyangတို့နှစ်​​ယောက်​သား က​လေးမ
လေးရဲ့စကား​ကြောင့်​ ဘာမှပြန်​မ​ပြောနိုင်​ဘဲ ​ကြောင်
၍သာ ကြည့်​​နေကြ​တော့သည်​။ Jiyangဆီမှ စိတ်​တို
သော အနံ့များရလာ​သော Haoxuanသည်​ ချက်​ချင်း
ဘဲ က​လေးမ​လေးရဲ့ ပါးစပ်​ကိုဖမ်းပိတ်​ရင်း
"အဟားဟား...ဟား....က​လေး​လေးက ဘယ်​က​နေ
စကား​တွေ တတ်​လာလဲမသိ...ကိုကို...က​လေးကိုခွင့်
လွှတ်​လိုက်​ပါ​နော်​...."
"သမီးက က​လေးမဟုတ်​​တော့ဘူး....၇နှစ်​ရှိ​နေပြီး.."
"ကဲ...ဟုတ်​ပါပြီး...လူကြီး​လေးရယ်​...ဒီက ကိုကိုက
တောင်းပန်​ပါတယ်​​နော်​..​...​ရေခဲမုန့်​​လေးစားပြီး ​မေ
မေတို့လာတဲ့အထိ တိတ်​တိတ်​​လေး​နေ​ပေးပါ​နော်​.."
Haoxuanသည်​ က​လေးမ​လေးကို ​အပြုံးများနှင့်
ချော့သာ​ချော့​နေတာ စိတ်​ထဲမှာ​တော့
"ဒီက​လေး​တော့ ငါထုရင်​​သေ​တော့မယ်​...ကိုကိုသာ
ငါ့ခံစားချက်​​တွေ သိသွားရင်​ အနား​တောင်​ကပ်​ခံမှာမ
ဟုတ်​​တော့ဘူး....က​လေးမ​လေးရဲ့ အ​ဖေနဲ့အ​မေတို့
မြန်​မြန်​ပြန်​လာရင်​ ​ကောင်းမှာဘဲ....."
စိတ်​ထဲ၌ အံကြိတ်​ရင်း တီးတိုး​ရေရွတ်​​နေ​တော့သည်​။
မကြာခင်​မှာဘဲ က​လေးမ​လေးရဲ့မိဘ​တွေ လက်​​တွေ
တွဲရင်းပြန်​​ရောက်​လာသည်​။ အ​ဖေဖြစ်​သူက
"သမီး​လေးကို ​ခေါ်ထား​ပေးလို့​ကျေးဇူးတင်​ပါတယ်
..."
"ရပါတယ်​...ခင်​​ဗျားတို့လင်​မယားအဆင်​​ပြေသွားပြီး
လား..."
"​ပြေသွားပါပြီး​ဗျာ...လာသမီးပြန်​ရ​အောင်​..."
ထိုမိသားစု၃​ယောက်​သား ထွက်​သွားပြီး​နောက်​ Haoxuanသည်​ Jiyangအနားသို့ ဖြည်းဖြည်းချင်း
ကပ်​သွားပြီး
"အဲ...ကိုကို.....စိတ်​ဆိုး​နေတာလား..."
"မဆိုးဘူး...​ဗိုက်​ဆာပြီး...ထမင်းသွားစားရ​အောင်​"
Jiyangရဲ့​အေးတိ​အေးစက်​နဲ့ အ​ပြော​ကြောင့်​ Haoxuanတစ်​​ယောက်​ လန့်​​နေကာ
"​သေချာ​ပေါက်​စိတ်​ဆိုး​နေ​သေးတာဘဲ...ဟူး..."
ပါးစပ်​​ဖျားမှ တီးတိုး​ရေရွတ်​ရင်း Jiyangအ​နောက်​သို့
အရုပ်​များသယ်​ကာ လိုက်​သွား​တော့သည်​။ ထမင်းစား ရန်​ဆိုင်​ထဲသို့​ရောက်​​သောအခါ Jiyangဆီသို့
ကောင်​မ​လေး​တွေရဲ့အကြည့်​များ​ရောက်​လာ​လေ
သည်​။ အဘယ်​​ကြောင့်​ဆို​သော်​ အရုပ်​​တွေကြားထဲ
မှာ ထိုင်​​နေရ​သော​ကြောင့်​ ဖြစ်​သည်​။ Jiyangသည်
စိတ်​​တွေရှုပ်​လာကာ ထိုမိန်းက​လေး​တွေ ပြုံးပြရင်း
"မိန်းက​လေး​တွေ အရုပ်​​လေးများလိုချင်​သလားလို့်
....ကျွန်​​တော်​လက်​​ဆောင်​​ပေးပါ့မယ်​...'
"လို...လိုချင်​တာ​ပေါ့ရှင့်​..​ကျေးဇူးပါ..."
လာယူ​သောမိန်းကေ​လးကို အရုပ်​တစ်​ရုပ်​ဆီ​ပေး​နေ
ရာ Haoxuanက မျက်​​မှောင်​ကြုတ်​ရင်း
"ကိုကို...ဘာလို့ ကျွန်​​တော်​​ပေးထားတာ​တွေကို သူ
တို့ကို ​ပေး​နေတာလဲ..."
"မင်း​ပေးထားတဲ့အရုပ်​​တွေက များလွန်းတယ်​...ငါ့
အတွက်​ အရုပ်​တစ်​ရုပ်​ဆို​ကျေနပ်​ပြီး...ပြီး​တော့ အရုပ်​​တွေအတွက်​လည်း ​ကျေးဇူးပါ..."
"အဲ...ကိုကို့ရဲ့အကျင့်​​လေး​တွေ မ​ပျောက်​​သေးဘူးဘဲ
....အမြဲတမ်းတစ်​ခုနဲ့တင်​ ​ကျေနပ်​​နေတာ..."
"​လောဘကြီးတာမ​ကောင်းဘူး​လေ....ဘာစားမလဲ
ပြော...ဒီ​နေ့မင်းက အရုပ်​​တွေ​ပေးတာ​ကြောင့်​ ငါ
ဝယ်​​ကျွေးမယ်​..."
"တဂယ်​ကြီးလား..."
"မစားလည်း​နေ..."
"ဟာ..စားမှာပါ​ဗျ....​နေအုံး..ကြည့်​လိုက်​အုံးမယ်​.."
Haoxuanသည်​ မီးနူးစာရွက်​ကို​သေချာကြည့်​​နေပြီး
စားပွဲထိုး​ရောက်​လာ​သောအခါ
"ကြက်​​တောင်​ပံအစပ်​​ကြော်​....အချဉ်​ဟင်းရည်​စပ်​စပ်​​လေး...ပြီး​တော့ ထမင်းနဲ့​ပေးပါ..."
"အစပ်​​တွေစား​နေပြန်​ပြီးလား...မင်းရဲ့အစာအိမ်​က
မခံနိုင်​ဘူးမဟုတ်​လား...ဟို...သူမှာထားတာ​တွေကို
နှစ်​ပွဲဆီ​ပေးပါ...အစပ်​​တော့​လျော့​ပေး..."
Jiyangက ​သေ​သေချာချာမှာ​ပေးပြီး စားပွဲထိုးထွက်
သွားသည်​နှင့်​ Haoxuanက
"အဲ...ကိုကို မှတ်​မိ​နေ​သေးသားဘဲ...ဂရုလည်းစိုက်
နေ​သေးတယ်​..."
"​တော်​စမ်းပါ...​တော်​ကြာ မင်းအ​ဖေသိသွားရင်​ ငါ
သေ​နေအုံးမယ်​..."
"ဟဟ...ကျွန်​​တော်​မှတ်​မိ​သေးတယ်​...ငယ်​ငယ်​က
ကျွန်​​တော်​အစပ်​​တွေစားပြီး ​ဆေးရုံတတ်​လိုက်​ရတာ
ကိုကိုက ကျွန်​​တော့အနားက​နေ တစ်​လှမ်း​တောင်​မခွာ
ဘူး​လေ....မှန်​မှန်​လိမ်​​နော်​...ကိုကို အဲ့ကတည်းက
ကျွန်​​တော့ကို သ​ဘောကျ​နေတာမဟုတ်​လား..."
"​ပေါက်​ကရ​တွေ ​တော်​​တော့...​ယောက်ျား​လေးအ
ချင်းချင်းဘယ်​လို သ​ဘောကျလို့ရမှာလဲ..."
"ဘာလို့မရရမှာလဲ...အခုက အဲ့တာ​တွေမလို​တော့
ဘူး​လေ....လိုင်း​ပေါ်မှာ ရှာကြည့်​ပါလား...အဲ့လို​တွေ
အများကြီးဘဲ..."
"​တော်​​တော့...​ဗိုက်​ဆာ​နေတယ်​ဆိုမှ..."
ထိုအချိန်​မှာဘဲ မှာထား​သော အစားအ​သောက်​များ
ရောက်​လာ​လေသည်​။ ထိုအထဲတွင်​ ဟင်းရွက်​စုံအ
ကြော်​လည်းပါလာရာ Jiyangက
"ကျွန်​​တော်​တို့အ​ကြော်​စုံမမှာထားဘူးထင်​တယ်​​နော်​"
"​အော်​...ဒါက ကျွန်​​တော်​တို့ဆိုင်​ရဲ့ မီးနူးအသစ်​ပါ..
စားကြည့်​ပြီး​တော့ ဒီစာရွက်​​လေးမှာ ​ဝေဖန်​ချက်
လေး​ရေးသွား​ပေးပါ​ဗျ..."
"ဟုတ်​...သိပါပြီး ...​ကျေးဇူးပါ..."
Jiyang တစ်​​ယောက်​ စားပွဲထိုးနဲ့စကား​ပြော​နေတုန်း
မှာဘဲ ဟင်းရွက်​စုံ​ကြော်​မီာ နစ်​ဝက်​ကျိုးသွား​လေ
သည်​။ Haoxuanက
"ကိုကို...ဒီအ​ကြော်​ကအရမ်းစား​ကောင်းတယ်​...
ပုံမှန်​ကျွန်​​တော်​တို့စား​နေကြမဟုတ်​ဘဲ ခရုဆီလည်း
ပါတယ်​...တစ်​ချို့အရွက်​​တွေက ညှီနံ့ထွက်​​ပေမဲ့ ပန်း
သီးအစိမ်းကို လှီးထည့်​ထားတာ​ကြောင့်​ အနံ့မထွက်​ဘူး...ကျန်​တဲ့အရွက်​​တွေလည်း အ​တော်​ဘဲ ကတွက်
ကတွတ်​နဲ့ စား​ကောင်းတယ်​..."
Haoxuan​ပြောသည့်​ အတိုင်းJiyangသည်​ သူတို့​ပေး
ထား​သော စာရွက်​​ပေါ်၌ ​ရေးချထားပြီး​​​တော့သည်​။
နေ့လည်​စာစားပြီး​နောက်​ ထွက်​လာ​သော Haoxuan
နှင့်​ Jiyangတို့နှစ်​​ယောက်​သား တစ်​လမ်းဆီသွားရန်
ဖြစ်​လာရာ Haoxuanက
"ကိုကို...ကိုကို့အိမ်​လိုက်​လို့မရဘူးလား..."
"မရဘူး...အိမ်​ကိုဘဲ ပြန်​...စာလုပ်​...ကြားတယ်​​နော်
....​သွား​တော့မယ်​..."
"ကိုကို....လွမ်း​နေခဲ့တာ...တစ်​ရက်​မှမလွှတ်​တမ်း..."
Haoxuanရဲ့​လေးနက်​တဲ့စကား​တွေ​ကြောင့်​ Jiyang
တစ်​​ယောက်​​ပျော်​ရွှင်​​ပေမဲ့လည်း သည်းခံကာ
"​ကျောင်းဖွင့်​မှ​တွေ့မယ်​..."
Poohအရုပ်​​လေးပိုက်​ရင်း Haoxuanကို ​ကျောခိုင်း
ကာ လှည့်​ထွက်​ခဲ့​တော့သည်​။ Haoxuanလည်း 
ကျောခိုင်းထွင်​သွား​သော Jiyangအားကြည့်​​နေရင်း
ကျန်​ရစ်​ခဲ့​သည်​။ အိမ်​ပြန်​​ရောက်​​လာ​သော Haoxuan
အား အ​ဖေဖြစ်​သူက စာကြည့်​ခန်းထဲမှ ထွက်​လာပြီး
"အထဲဝင်​ခဲ့အုံး...​ပြောစရာရှိတယ်​..."
အထဲ​ရောက်​​သောအခါ စားပွဲ​ပေါ်သို့ ဓာတ်​ပုံတစ်​ထပ်
ပစ်​ချ​ပေးလိုက်​သည်​။ ထိုဓာတ်​ပုံများမှာ ဒီ​နေ့​နေ့လည်
က Jiyangနဲ့နှစ်​​ယောက်​သား ကစားကွင်းသွားခဲ့သည့်
ပုံများဖြစ်​သည်​။ Haoxuanက
"ကျွန်​​တော့ကို ​နောက်​​ယောင်​ခံလိုက်​​နေတာလား..."
"Jiyangက ကြီးလာ​တော့အ​တော်​​ချောလာ​တာဘဲ..
ဘယ်​လို​ပြောရမလဲ မိန်းမ​ချော​ချောတာ​ပေါ့​နော်​..."
"အ​ဖေ သူ့ကိုဘာလုပ်​အုံးမှာလဲ..."
"စိတ်​​အေး​အေးထားစမ်းပါ...အ​ဖေသူ့ကိုဘာမှမလုပ်
ပါဘူး...ကိစ္စတစ်​ခုကို လက်​ခံ​ပေးရင်​​ပေါ့..."
"ဘာကိစ္စလဲ...
"သားရဲ့ ၁၈နှစ်​ပြည့်​​မွေး​နေ့ကို အကြီးအကျယ်​လုပ်​ဖို့
စီစဉ်​ထားတယ်​...အဲ့ပွဲကို စီးပွား​ရေးပညာရှင်​​တွေ 
တော်​​တော်​များများတတ်​​ကောက်​လိမ့်​မယ်​...ပြီး​တော့
သူတို့ရဲ့သားသမီး​တွေလည်း ပါလာလိမ့်​မယ်​...အဲ့မှာ
အ​ဖေနဲ့ပူ​ပေါင်းလုပ်​​ဆောင်​ဖို့ Gလုပ်​ငန်းစုက သမီးနဲ့
မင်းကို မိတ်​ဆက်​​ပေးမယ်​..."
"​ကျွန်​​တော့ရဲ့​မွေး​နေ့ပွဲကို အသုံးချပြီး စီးပွား​ရေး
လုပ်​ငန်းသမား​တွေကို ဖိတ်​တယ်​လား..."
"အဲ့လိုမဟုတ်​ပါဘူး...Gလုပ်​ငန်းစု သားကိုသ​ဘော
ကျ​နေတာကြာပါပြီး...မကြာခင်​သားတို့ကို​ ​စေ့စပ်​​ပေး
တော့မှာ..."
"အ​ဖေ...ကျွန်​​တော်​က အခုမှ ၁၈ပြည့်​မှာ...​စေ့စပ်​ပွဲ
တဲ့လား...ကျွန်​​တော်​ အသက်​၂၀မပြည့်​ခသ်​အထိ ​စေ့
စပ်​ပွဲကို လက်​မခံနိုင်​ဘူး..."
"မင်း..."
"ကိုကိုနဲ့ ခြိမ်း​ခြောက်​အုံးမလို့လား...သူမနဲ့​​တော့​တွေ့
ပေးနိုင်​တယ်​..ဒါမဲ့ ​စေ့စပ်​မဲ့အ​ကြောင်း​တွေ လုံးဝမ
ပြောပါနဲ့...ကျွန်​​တော်​ စာသွားလုပ်​​တော့မယ်​..."
Haoxuanသည်​ အခန်းထဲ​ရောက်​သည်​နှင့်​ ကုတင်​​ပေါ်
သို့ အိပ်​ချရင်း
"ဟူး...ဒီ​နေ့တစ်​​နေ့လုံးရဲ့အ​​ပျော်​​တွေ ဘယ်​​ရောက်
ကုန်​လဲမသိ....ကိုကို့ကိုလွမ်းလိုက်​တာ..."
Haoxuanသည်​ Jiyang ဆီဖုန်းဆက်​ရန်​ ဖုန်းထုတ်
ရင်း Wallpaperကို ​သေချာကြည့်​​နေသည်​။ Wallpaper တင်​ထား​သော အပုံမှာ Jiyangစာသင်
နေစဉ်​ ခိုးရိုက်​ထား​သောပုံဖြစ်​သည်​။ ထိုပုံကိုကြည့်
ရင်း
"ကိုကို...စာသင်​​နေတာ စမက်​လိုက်​တာ....ဟီးဟီး.."
Haoxuanသည်​ အချိန်​​တော်​ကြာစိုက်​ကြည့်​​နေပြီး
နောက်​ ဖုန်း​ခေါ်ခဲ့​လေသည်​။ Jiyangက
"​ပြော...."
"ဟာ...စိမ်းကားလိုက်​တဲ့​လေသံကြီး...ကျွန်​​တော်
ဖုန်းတက်​လာတာကို မကြိုက်​ဘူးလား..."
"ကဲ...မရစ်​ဘဲ ​မြန်​မြန်​​ပြော...အလုပ်​​တွေရှိတယ်​.."
"ကိုကို အဆင်​​ပြေတယ်​ဟုတ်​..."
"အရင်းမရှိမဖျားမရှိ...ဘာ​တွေ​မေး​နေတာလဲ...ကျွန်
တော်​မျိုး​နေရတာ လုံးဝအဆင်​​ပြေ​နေ​ကြောင်းပါ..ဘု
ရား...ဘာများမိန့်​ကြားစရာရှိ​သေးလဲ..ဘုရား.."
"ဟဲဟဲ...ကျွန်​​တော်​သာ ဘုရင်​ဖြစ်​ရင်​ ​ကောင်းမှာဘဲ
....ကိုကို့ကို တစ်​ခါတည်း လက်​ထပ်​လိုက်​လို့ရပြီး.."
ထိုစကား​ကြောင့်​ Jiyangသည်​ ရင်​​တွေခုန်​ပြီး ရှက်
သွားရာ
"ဘာ...ဘာ​တွေ...​ပြော​နေတာလဲ...​ပြောစရာမရှိရင်
ဒါဘဲ...အလုပ်​ရှိတယ်​..."
Jiyangသည်​ ဖုန်းချပြီးသည်​နှင့်​ မျက်​နှာများနီမြန်း
နေ​လေသည်​။
"ငါဘာ​တွေဖြစ်​​နေတာလဲ...."
ထိုနှင့်​ ​ကျောင်းဖွင့်​သည့်​ရက်​​ရောက်​လာရာ Jiyang
က ​ကျောင်းဂိတ်​​​စောင့်​ရန်​ တာဝန်​ကျ​လေသည်​။
ကျောင်းဂိတ်​​တွေ​စောင့်​ရင်း ​ကျောင်းဝတ်​စုံမ​သေမ
သပ်​ဖြစ်​​နေ​သော ​ကျောင်းသားများကို ​သေချာပြန်
လုပ်​​စေသည်​။ ​ကျောင်းတတ်​သွားသည့်​အချိန်​ထိ Haoxuanတစ်​​ယောက်​ ​ပေါ်မလာ​သေး။ Jiyang
သည်​ ​ကျောင်းဂိတ်​မှ နံရံဘက်​သို့ ​လျှောက်​သွားပြီး
Haoxuan​ရောက်​လာမည်​ကို ​သေချာ​စောင့်​​နေ
လေသည်​။ မကြာခင်​မှာဘဲ လွယ်​အိတ်​က အရင်​ပျံ
တတ်​လာပြီး လက်​နှင့်​ ​ခြေ​ထောက်​များ နံရံ​ပေါ်သို့
ကျော်​တတ်​လာသည်​။ စတိုင်​ကျကျနဲ့ နံရံ​ပေါ်မှခုံဆင်း
လာပြီး
"ဟီးဟီး...ဒီ​နေ့လည်း ​ဆရာတစ်​​ယောက်​မှမမိပြန်
ဘူး..."
"​သေချာလား..."
"​သေချာတာ​ပေါ့...အဲ...ဒီအသံကြားဖူး​နေသလိုဘဲ"
Haoxuanသည်​ Jiyangအသံကြားပြီး​နောက်​ အ
နောက်​လှည့်​ကြည့်​လိုက်​ရာ နာမည်​စာရင်းစာအုပ်​နှင့်
လက်​ပိုက်​ကြည့်​​နေ​သော ဆရာကို​တွေ့ရာ
"အဲ...ကိုကို...ကျွန်​​တော်​ဒီ​နေ့ အိပ်​ယာထ​နောက်​ကျ
သွားလို့်...."
"ဆရာလို့​ခေါ်...."
"ဟုတ်​ကဲ့...ဆရာ...ဆရာ...ကျွန်​​တော့နာမည်​ကို စာ
ရင်းထဲထည့်​မမှတ်​ပါနဲ့​နော်​...အဲ့အစားတခြားအပစ်
ပေး​လေ​နော်​..."
"​ပြောကြည့်​ပါအုံး...တခြားအပစ်​...."
Haoxuanသည်​ ရုတ်​တရက်​ Jiyangအား ဖက်​နမ်း
လိုက်​သည်​။ Jiyangက ​လန့်​ပြီး​ကြောင်​​နေရာ မတွန်း
ထုတ်​ဘဲ ငြိမ်​၍သာ အနမ်းခံ​နေသည်​။ Haoxyanက
"ဆရာက ကျွန်​​တော့ရဲ့ first kissကို ယူသွားပြီး...
အဲ့တာက ဆရာ ကျွန်​​တော့ကို အပစ်​​ပေးတာဘဲ...
သွား​တော့မယ်​​နော်​...."
"ဘာ...ဘာ....ငါက အပစ်​​ပေးတဲ့သူလား..သူက
အပစ်​​ပေးတဲ့သူလား....ဒီ​က​လေး​တော့ ကြီး​လေဆိုး
လေဘဲ....အတန်းထဲ​ရောက်​ရင်​ စာ​တွေ​မေးပစ်​မယ်
..."
Jiyangတစ်​​ယောက်​ စိတ်​တိုကာ အတန်းထဲသွားရန်
လုပ်​ရာ သူ့ဆီသို့ ဖုန်း​ကော တစ်​ခုဝင်​လာ​လေသည်​။
ဖုန်းကို​ကောက်​ကိုင်​လိုက်​ပြီး
"Hello.."
"Jiyang?...ဦးကိုမှတ်​မိမယ်​ထင်​တယ်​..."
"Haoxuanအ​ဖေ..."
"မှတ်​မိ​သေးတာဘဲ...ည​နေကျရင်​ ​တွေ့ရ​အောင်​"
"ဟုတ်​...ဘယ်ကိုလာခဲ့ရမလဲ...ဟုတ်​...အဲ့ကို​ကျောင်းဆင်းတာနဲ့လာခဲ့ပါ့မယ်​..."
Jiyangသည်​ ဖုန်းချပြီးသည်​နှင့်​ ​ကောင်းကင်​​ပေါ်သို့
မော်​ကြည့်​ရင်း သက်​ပြင်းချလိုက်​​လေသည်​။ ထို့
နောက်​ အားတင်းကာ အတန်းထဲသို့ ဝင်​သွား​တော့
သည်​။
........