Zawgyi
Jiyangသည် ထိုမြင်ကွင်းကိုကြည့်ပြီးမှင်သက်ကာ
ရပ်ကြည့်နေမိသည်။ Haoxuanသည် Jiyangကို
ကွယ်ထားသော ကုတ်ကိုဖယ်ချလိုက်ပြီး
"Happy birthday ပါ...ချစ်ရတဲ့ကိုကို..."
"ဒီနေ့...ဒီနေ့က ငါ့မွေးနေ့လား..."
"ဟုတ်တယ်...ကျွန်တော့မှန်းတာမမှားဘူးဆိုရင် ကို
ကိုမေ့နေတယ်မဟုတ်လား..."
"ဟုတ်တာပေါ့...ငါ့မွေးနေ့ကိုမေ့နေတာ...မွေးနေ့မ
ကျင်းပရတာဘယ်နှစ်နှစ်ကြာပြီးပြီးလဲ.."
Jiyangသည် ဝမ်းသာမျက်ရည်များကျကာ ပျော်ရွှင်လေသည်။ တောထဲ၌ မှောင်နေသဖြင့် ဖယောင်းတိုင်
ကြီးများကို လျှောက်လမ်းများလုပ်ပြီး တစ်တိုင်စီစီရီ
ကာထွန်းထား၏။ jiyangသည် ဖယောင်းတိုက်များ
ကြားထဲသို့ လမ်းလျှောက်သွားရာ မဆုံးနိုင်အောင်ဖြစ်
နေသည်။ ခဏကြာလမ်းလျှောက်ပြီးနောက် ကွင်းပြင်
ကျယ်ကဲ့သို့မြတ်ပင်များကိုရှင်းလင်းထားပြီး ထိုအ
လယ်တွင် ၃ထပ်ဆင့်ကိတ်မုန့်သည် လှလှပပနဲ့ဖ
ယောင်းတိုင်များကြားတွင်ရှိနေသည်။ မွေးနေ့ကိတ်
အနောက်ဘက်၌"Happy Birthday......."
ထိုစာသားလေးကိုအရောင်လက်လက်ဖြင့်ရေးထား
ရာ လှပနေသည်။ Haoxuanတို့နှစ်ယောက်သား အနီး
နားသို့ကပ်သွားပြီး
"ဆုတောင်းပြီး ဖယောင်းတိုင်မှုတ်လေ..."
"အေး..အေးပါ..."
Jiyangသည် မျက်လုံးစုံမှိတ်ကာ ဆုတောင်းပြီးမွေးနေ့ဖယောင်းတိုင်ကို မှုတ်လိုက်သည်။ Jiyangက
"မင်းဘယ်ချိန်ကတည်းက ဒီလိုပြင်ဆင်ထားတာလဲ.."
"ကျွန်တော်က ကိုကိုနဲ့တစ်ချိန်လုံးတူတူရှိနေတာ...
ဘယ်လို့ဖစ်နိုင်မှာလဲ.."
"အာ့ဆို ဘယ်သူက..."
"ကျွန်တော့်သူငယ်ချင်းတွေပါ..."
"ဘာ..."
"သူတို့လည်း.ဆရာနဲ့ ကျွန်တော့အကြောင်းကိုအကုန်
သိကြတယ်လေ..."
"ဘာ...ဘာ...ဘာ...မင်းလာနောက်နေတာလား.."
"မနောက်ပါဘူး...ခုနက ကျွန်တော်ပြောသလိုဘဲ...ဒီ
ပြင်ဆင်မှုတွေက သူတို့လုပ်ပေးထားတာ..."
"အင်း...ကျေးဇူး...."
"ကိုကို့ကို မွေးနေ့လက်ဆောင်ပေးစရာရှိတယ်..."
"ဘာများလဲ..."
"မျက်လုံးမှိတ်...."
Jiyangသည် ဘာလက်ဆောင်ပေးမလဲဆိုသည်နှင့်သိ
ချငိစိတ်များဖြစ်ပေါ်ကာ အသာအယာမျက်လုံးကိုပိတ်
ချလိုက်သည်။ ထိုနောက် Haoxuan သည် Jiyang၏ပါးကိုအသာအယာပွတ်သပ်ပြီး Jiyang
ပါးစပ်ထဲသို့ လျှာလေးသွပ်သွင်းပြီး ပစ္စည်းတစ်ခုထည့်
လိုက်သည်။ Jiyangကလန့်သွားပြီး Haoxuanကို
တွန်းထုတ်လေသည်။ ထုရိုက်နေသော Jiyangရဲ့
လက်ကိုချုပ်ထားပြီး တင်ကြပ်စွာနီးကပ်ထားသည်။
အချိန်ခဏကြာသော် နှစ်ယောက်သားခွာရင်း မောပန်း
နေကြသည်။ Jiyangသည် ပါးစပ်ထဲမှာအရာကို ပြန်
ထုတ်ကြည့်ရာ လှပသောလက်စွပ်လေးဖြစ်နေသည်။
Jiyangက ထိုအဓိပ္ပါယ်ကိုနားမလည်ဘဲ Haoxuan
အားကြောင်ကြည့်နေသည်။ Haoxuanက မြေပြင်
ပေါ်သို့ဒူးထောက်ပြီး Jiyangလက်ထဲကလက်စွပ်ကို
ယူပြီး
"ကျွန်တော့ကို လက်ထပ်ခွင့်ပေးပါ...ကိုကို့ဘဝတစ်ခ
လုံး ကျွန်တော့်ကိုပုံအပ်ပေးပြီး ပိုင်ဆိုင်ခွင့်ပေးပါ..ကို
ကို့ကို ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖန်တီးပေး
ပါရစေ..."
"ငါကလေးမမွေးနိုင်ဘူး...😒😒"
"ဟာ...ကိုကိုကလည်း ဒီမှာ feelအပြည့်နဲ့ပြောနေတာကို.လာဖြတ်နေတယ်...ကိုကိုကလေးမမွေးနိုင်လည်း ကိုကိုသာအလိုရှိရင် ကလေးမွေးစားကြမယ်"
"မင်းကတိနော်...ငါနည်းနည်းလေး မပျော်တာနဲ့ ငါ
ထွက်ပေးမှာဘဲနော်..."
"ဒါဆို ကိုကိုလက်ခံတယ်ပေါ့..."
"အင်း..."
Jiyangသည် ရှက်သွေးဖြာကာ အဖြေပေးပြီးနောက်
Haoxuanသည် ပျော်ရွှင်ကာ လက်စွပ်ဝတ်ပေးပြီး
သည်နှင့် Jiyang ကိုချီမလေသည်။ ထိုမြင်ကွင်းအစ
ဆုံးကိုကြည့်နေသော An rinက ကြောက်လန့်ကာ
"ဘာ...ဘာတွေလဲ...ငါဘာတွေမြင်လိုက်တာလဲ...သူ
...သူတိုက Gayတွေ?...ဒါကြောင့် ငါ့ကိုပထုတ်တာ
လား...."
An rinသည် ခြေလှမ်းများနောက်ဆုတ်ကာ ယုတ်မာ
သောအကြံများဖြင့် လှည့်ထွက်သွားလေသည်။
Jiyangတို့ ထိုကိစ္စပြီးသည်နှင့် တဲများဆီသို့ပြန်
ရောက်လာသည်။ နှစ်ယောက်သားပျောက်သွားတဲ့အချိန်မှာ ကြာလှသဖြင့် ကျောင်းသားများနဲ့ တခြားဆရာ
များ တဲကိုယ်စီ၌ အိပ်နေကြပြီးဖြစ်သည်။.Jiyangက
သူ့တဲဆီကိုသွားပြီး အိပ်ယာခင်းနေချိန် Haoxuanက
ကျောင်းသားများစား၍ ကျန်သောအစားအစာများကို
ယူလာပြီး
"ကိုကို...ဒီမှာ...သူတို့စားပြီးလို့ကျန်တဲ့ဟာတွေ...
ဒါမဲ့အကျန်တွေမဟုတ်ပါဘူး...စားပွဲပေါ်မှာ မစားရ
သေးတဲ့ပန်းကန်တွေယူလာတာ...ကန်စွန်းဥမီးဖုတ်နဲ့
အာလူးမီးဖုတ်...ဟူး...ဘာတွေမှန်းကိုမသိဘူး..."
"ဟားဟားဟား...မင်းလိုသူဌေးသားက ဒီလိုအစားစာ
တွေဘယ်လိုစားတတ်မှာလဲ...လာ..ခွာပေးမယ်..အ
နားမှာလာထိုင်..."
Jiyangသည် Haoxuanပေးထားသောလက်စွပ်လေး
ကိုဝတ်ရင်း ကန်စွန်းဥလေးကို ဂရုခွာပေးနေတုန်း
Haoxuanက
"ကိုကို့ကို လူအများကြီးရှေ့မှာ ချစ်ခွင့်ပန်ချင်ပေမဲ့
လည်း သူတို့ကအားပေးမဲ့အစား ကိုကို့ကို ထိခိုက်စရာ
တွေဖြစ်မှာကို ထိခိုက်စရာတွေပြောကြမှာ ကြောက်မိ
တယ်...ကျွန်တော့လည်းပါတယ်ဆိုပေမဲ့ ကျွန်တော်အ
စားကိုကို့ကို ထိခိုက်မှာကြောက်တယ်.."
"ကဲ...တော်ပါပြီး...ရော့..စားကြည့်...ပူတယ်နော်..
သတိထား..."
Haoxuanက Jiyangကိုခွာပေးသော ကန်စွန်းဥလေး
ကို တစ်ကိုက်ကိုက်ပြီးနောက် သူ့များလုံးထဲ၌ Jiyang
သည် ကုတင်ပေါ်ရှိစောင်တွေများကြားထဲတွင် လှိမ့်နေ
ရင်း
"ငါ့အရသာစားကောင်းလား...လာ..စားကြည့်မလား
...လာခဲ့လေ...ရှန့်ရှန့်....."
ပါးစပ်မှထွက်လာသောစကားလုံးတိုင်းက သူ့အားဆွဲ
ဆောင်နေပြီး သူ့ညီလေးကိုနှိုးနေသလိုဖြစ်ရာ Haoxuanသည် စိတ်ကူးယဉ်နေသည်မှ ရုန်းထွက်ပြီး
ကိုက်ထားသော ကန်စွန်းဥကိုကြည့်ပြီး Jiyangကိုပြန်
ကြည့်လေသည်။.Jiyangက
"ဘာလို့လဲ...စားမကောင်းလို့လား..."
"မ...မဟုတ်ပါဘူး...ဟို...ဟို...ကျွန်တော်ဗိုက်ဝသွား
လို့ပါ...ရော့...ကျွန်တော်အိပ်တော့မယ်..."
Haoxuan ချစ်ခွင့်ပန်ပြီး တစ်ပတ်အကြာ၌ An rin
ရဲ့ချွန်တုံးလုပ်မှုကြောင့် Haoxuanရဲ့အဖေသည် စိတ်
ဆိုးဒေါသထွက်ကာ
"ဘာ....jiyangကိုအခုချက်ချင်းခေါ်လိုက်စမ်း...
Haoxuanကိုပါ ဖမ်းခေါ်လာခဲ့..."
သူ့လူတွေလည်းချက်ချင်းထွက်သွားပြီးနောက် An rin က
"ဦးဦး...Haoxuanကို ဘာမှမလုပ်ပါနဲ့...ဒီကိစ္စမှာသူ့
အမှားမပါပါဘူး...ဒါတွေအားလုံးက ဆရာJiyang
သူ့ကိုမြူဆွယ်လို့ဖြစ်တာပါ...Haoxuanကိုဘာမှမ
လုပ်ဖို့ကတိပေးပါနော်..."
"စိတ်မပူပါနဲ့...Haoxuanကို ဘာမှမလုပ်ပါဘူး.. နောက်တစ်ပတ် စနေသမီးတို့နှစ်ယောက်လက်ထပ်ပွဲပေးဖို့ ဆုံးဖြတ်လိုက်ပြီး...အဲ့ဒီအထိ သူ့ကိုဖမ်းထားရုံပါ.."
"ရှင်...တဂယ်လား..."
"ဟုတ်တာပေါ့...သူတို့လည်းကျောင်းပိတ်ပြီးလေ...
အဲ့တော့အခုဘဲ သမီးကြိုက်တဲ့ဂါဝန်လေးကို သွားရွေး
ချေ။ ရော့ ..ဒီမှာကတ်..."
"ကျေးဇူးပါ..ဦးလေးရယ်..."
"ဒီချိန်မှာတောင် ဦးလေးလို့ခေါ်နေအုံးမှာလား..."
"အဖေ..."
"ဟားဟားဟား...ကောင်းတယ်...ကောင်းတယ်...သမီးခေါ်တာ အရမ်းနားဝင်ချိုတာဘဲ..."
"သွားလိုက်အုံးမယ်နော်...အဖေ.."
An rinထွက်သွားပြီး ခဏကြာပြီးနောက် ဖမ်းခေါ်လာ
ခံရသော Haoxuanနဲ့ Jiyangတို့ နှစ်ယောက်ရောက်
လာလေသည်။ အဖေဖြစ်သူက
"Jiyang...ငါ့ကိုဘာစကားမှပြောစရာမရှိဘူးလား..
ဟမ်..ဖုံးကွယ်ထားတာမျိုးလေ..."
"ဗျာ....ဗျာ...မရှိ...မရှိပါဘူး..."
"သေချာလို့လား...ဥပမာ ငါ့တောင်မသိဘဲ ရည်းစား
ထားတာမျိုး..."
"ဦးလေး...."
"ငါ ဘာလို့ဒီလိုဖမ်းခေါ်လာခိုင်းရလဲ မသိဘူးလား..."
"......"
Jiyangပါးစပ်ထဲမှ ဘာစကားမျှထွက်မလာတော့ချေ။
HAaoxuanက ရိပ်မိသဖြင့်
"ဟုတယ်...ကျွန်တော်တို့ချစ်သူတွေပါ..."
"ဘာ..."
"အဖေသိရဲ့သားနဲ့ ကျွန်တော့တို့ကိုဘာလို့ပြန်မေးနေ
ရတာလဲ..."
"Haoxuan....မင်းကိုပျိုးထောင်ခဲ့တာ ဒီလိုမျိုးဖြစ်ဖို့
လား...ချက်ချင်းလမ်းခွဲလိုက်...ပြီးရင်နောက်တစ်ပတ်မှာ မင်းနဲ့ An rinလက်ထပ်ရလိမ့်မယ်..."
"ဗျာ...ဟ...ထပ်ပြီး An rinဘဲလား...An rin...An
rin...သူတော်တော်လေးရောင့်တတ်နေပါလား..."
"တိတ်စမ်း...မင်းဒီလက်ထပ်ပွဲကို လက်မခံရင် Jiyangရဲ့ဘဝက အရမ်းဆိုးသွားလိမ့်မယ်နော်..."
"အဖေ...သူ့ကိုဘာလုပ်မလို့လဲ..."
"ဘယ်သိမလဲ...သူ့ကို barတစ်ခုခုမှာ ရောင်းစား
လိုက်ရင် သူ့ဘဝဘယ်လိုဖြစ်သွားမယ်ထင်လဲ.."
"အဖေ...."
"မဟုတ်ရင်လည်း ငါ့ရဲ့ပျော်တော်ဆက်အနေနဲ့ပေါ့.."
"မလုပ်နဲ့နော်...အဖေ...ကို့ကိုထိရင် ကျွန်တော်ငြိမ်ခံ
နေမှာမဟုတ်ဘူး..."
"မင်းက ဘာတတ်နိုင်မှာမို့လို့လဲ...မင်းနောက်တစ်ပတ်
လက်ထပ်ပွဲထိ အခမ်းပြင်မထွက်ရဘူး...ခေါ်သွား
တော့..."
"အဖေ...အဖေ...ကိုကို့ကို မထိနဲ့....မထိနဲ့နော်..."
Haoxuanကို ဆွဲခေါ်သွားပြီးနောက် Jiyangနဲ့ အဖေ
ဖြစ်သူနှစ်ယောက်သာ ကျန်ခဲ့တော့သည်။ Jiyangက
"ဦးလေး...အဲ့လောက်ထိလုပ်ဖို့လိုလို့လား.."
"လိုတာပေါ့...အခန်းထဲထည့်မပိတ်ထားရင် သူထွက်ပြေးဖို့ လုပ်မှာဘဲလေ...သူ့ကိုထိခိုက်မှာ.မင်းအရမ်း
ကြောက်တယ်မဟုတ်လား...သူ့ကိုမထိခိုက်စေချင်ရင်
မင်းဘာလုပ်ရမလဲ သိတယ်နော်..."
"ကျွန်တော် ...ဘာလုပ်...ပေးရမလဲ..."
"မင်းလည်း အိမ်ထဲက မထွက်နဲ့...ငါ့လူတွေမင်းကို
စောင့်ကြည့်နေလိမ့်မယ်...ခေါ်သွားတော့..."
Jiyangသည် Haoxuanကို ကာကွယ်ပြောဆိုပေးချင်
ပေမဲ့လည်း သူ့ကိုယ်က တုန်လှုပ်တာဘယ်လိုမှ ရပ်
တန့်မသွားဘဲ ကြောက်ရွံ့နေတော့သည်။
......
ကဲ...အစစ်မကိုသတ်ချင်စိတ်တွေပေါက်နေကြပြီးမဟုတ်
လား...စိတ်မပူကြပါနဲ့...Haoxuanကို လာကယ်ကြလိမ့်
မယ်..
#Kyelsin
ANDA SEDANG MEMBACA
Romantikaခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်