Part-39
493 45 0
Zawgyi
Haoxuan၏အဖေသည် မနေ့ညကကိစ္စနှင့်ပတ်သက်
ပြီး တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေသည်။
"အင်း...ကလေးတွေတောင်ကြီးလာပြီး သူတို့ကိုခုထိ
လက်ထပ်မပေးရသေးပါလား..."
စိတ်ထဲ၌ရေရွတ်နေရင်းအတွေးတွေထဲနစ်မြောနေခဲ့
သည်။ အိမ်၌ Haoxuanက ကြက်ဥလေးတို့အတွက်
ကိုယ်တိုင်သရေစာလုပ်ပေးနေရင်း ကလေးတို့နှင့်တူတူကစားနေသော jiyangအားလှမ်းကြည့်နေသည်။
စိတ်ထဲ၌
"လှရက်လွန်းပါတယ်ကိုကိုရာ...ဟီးဟီး...."
တစ်ယောက်ထဲတွေးရင်းကြိတ်ရယ်နေသည်ကိုတွေ့
သော jiyangက
"မင်း..ဘာလုပ်နေတာလဲ...မြန်မြန်လုပ်လေ...က
လေးတွေအဆာပြေစားဖို့ အချိန်လွန်တော့မယ်..."
"လာပါပြီး...ကိုကိုရ..."
Haoxuanသည် ဇလုံကြီးတစ်လုံးထဲ၌အသီးမျိုးစုံ
ထည့်ပြီး ယူလာခဲ့သည်။ jiyangဘေး၌ဝင်ထိုင်ရင်း
"ကိုကို...ကိုကို..."
"ပြော.. "
"တခြားသူတွေဆိုရင် ကလေးမွေးပြီးတာနဲ့ချက်ချင်း
ဘဲဝတတ်လာပြီး ပုံပျက်ပန်းပျက်ကြီးဖြစ်သွားကြယတယ်...ကိုကိုက ဘာလို့အဲ့လိုမဖြစ်သွားရတာလဲ"
"အဲ့လိုဖြစ်စေချင်နေတာလား..."
"ဗျာ...အဲလိုမဟုတ်ရပါဘူး...ဒီလိုဘဲသိချင်လို့ပါ...
ကိုကိုက ကလေးမွေးပြီးတောင်မှ ပိုလှလာသေးတယ်
...သိလား...အရမ်းချစ်တာဘဲ..မွ..."
Haoxuanသည် ပြောရင်းနဲ့အသည်းယားလာရာ Jiyangအား ဖက်နမ်းပစ်လိုက်သည်။ သူတို့အရှေ့
တွင် ထိုင်နေသောအမြွှာနှစ်ယောက်သည် အသီးစား
ရင်း Haoxuan တို့အကြင်နာပေးနေသည်ကိုကြည့်
နေကြသည်။ Jiyangက ရှက်သွားပြီး
"ရား...ကလေးတွေကြည့်နေတယ်လေ.."
"ကြည့်လည်းဘာဖြစ်လဲ...သူတို့ဒီအရွယ်သိသေးတာ
မှမဟုတ်တာ.."
Haoxuan က တိုးဝင်ပြီးအတင်းဖက်နမ်းပြန်သည်။
ကလေးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်
ယောက်ကြည့်ပြီး သူတို့စိတ်ထဲ၌
"ဖေဖေက မေမေ့ကိုသားတို့အရှေ့မှာနမ်းရင် အဲ့တာ
မေမေ့ကိုအနိုင်ကျင့်တာဘဲ သိလား...အဲ့အခါကျရင်
ထုပစ်...ဖိုးဖိုးပြောတာမှတ်ထားကြနော်..."
သူတို့ဖိုးဖိုးပြောသည်ကိုသတိရသွားကြရာ လှုပ်လှုပ်
လှုပ်လှုပ်နှင့် လမ်းလျှောက်ရင်း
"ဒယ်ဒယ်...လူဆိုးကြီး...မေမေကိုအနိုင်ကျင့်တယ်"
ကြက်ဥလေးက Jiyangတို့ကြားထဲအတင်းဝင်တိုးပြီး
ဘဲဥလေးက သူ့လက်သေးသေးလေးနဲ Haoxuan
ကိုထုရိုက်လေသည်။ Haoxuan က လက်သေးသေး
လေးတွေကိုဖမ်းဆုပ်ပြီး
"နေအုံး...နေအုံး...ဖေဖေက မေမေ့ကိုချစ်လို့နမ်းတာ
လေ...အနိုင်ကျင့်တာမဟုတ်ဘူး...အဲ့တာကိုအချစ်
တွေပြုလုပ်တာလို့ ခေါ်တယ်..."
"ဟုဘူး...ဟုဘူး...ဖိုးဖိုးပြောလယ်...အဲ့တာက မေမေ့
ကိုအနိုင်တာလဲ့..."
"လက်စသတ်တော့ တရားခံက အဖေကိုး...ဥလေး
တွေ ဖေဖေ့ဆီလာခဲ့...ဖေဖေတစ်ခုပြောပြမယ်..."
Haoxuanသည် ကလေးနှစ်ယောက်ကို သူ့ပေါင်ပေါ်
တင်ပြီး တိုးတိုး တိုးတိုးနှင့် ပြောပြနေလေသည်။
Jiyangကတော့ ကလေးတွေစားပြီးကျန်တဲ့အသီး
လေးတွေကိုသာ အာရုံစိုက်ပြီး စားနေတော့သည်။
ညနေပိုင်း Haoxuanရဲ့အဖေအိမ်ပြန်လာသောအခါ
အပေါက်ဝ၌ ယုန်နားရွက်ခေါင်းဆောင်းလေးတွေကို
ဆောင်းရင်း
"ဖိုးဖိုး...."
"ဟာ...ဖိုးဖိုးချစ်ချစ်လေးတွေ လာပါအုံး..."
"နေအုံး...ဖိုးဖိုးကိုမေးစရာရှိတယ်..."
"ပြောပါအုံး..."
"မေမေနဲ့ဖေဖေက လက်မထပ်ရသေးဘူးဆို..."
"အယ်..."
"ဖိုးဖိုးက ဖေဖေတို့ကို လက်ထပ်ခွင့်မပြုဘူးဆို...ဒါ
ဆို သားတို့က ဘယ်လိုမွေးလာတာလဲဟင်.."
"သား..သားတို့ကို ဖေဖေနဲ့မေမေက မွေးတာပေါ့"
"သားတို့ဆရာမက ပြောတယ် ...မိဘတွေကလက်မ
ထပ်ခင် ကလေးမွေးလို့မရဘူးဆို..."
"ဟမ်...."
"ဖိုးဖိုးကြီးက လူဆိုးကြီးဘဲ...မေမေတို့ကိုလက်လဲ
မထပ်ခိုင်းဘူး...အဲ့လိုဘဲ...ဖိုးဖိုးကို ချစ်တော့ဝူး.."
Haoxuan ရဲ့အဖေသည် အမြွှာလေးတွေရဲ့စကား
ကြောင့် ပြောစရာများပျောက်ဆုံးသွားခဲ့လေသည်။
Haoxuanက jiyangကိုပြန်ပြောပြရာ
"ဘာ...ကလေးတွေကိုသင်ပေးလိုက်တယ်ဟုတ်လား
...မင်းရူးနေလား...အဖေစိတ်ဆိုးသွားရင် ဘယ်လို
လုပ်မလဲ..."
"စိတ်မဆိုးပါဘူး....အမြှာလေးတွေပြောရင် ဘယ်
တော့မှ စိတ်ဆိုးတာမဟုတ်ဘူး..."
"အင်း....အမြွှာလေးတွေမွေးလာတာ၃နှစ်တောင်ရှိ
ပြီး...လက်ထပ်ဖို့ကိစ္စတောင်မေ့နေတာ..."
ထိုကိစ္စကိုပြောရင်း Jiyangမျက်နှာမှာ မသာမယာ
ဖြစ်သွားခဲ့သည်။ Haoxuanက
"ကိုကို...."
"ကလေးတွေအိပ်ချိန်ရောက်နေပြီး ...သူတို့အခန်းထဲ
မှာကစားနေကြတုန်းဘဲ...သွားခေါ်လိုက်မယ်.."
Jiyangသည် ထိုအခြေအနေမှ ရှောင်ထွက်ကာ က
လေးတွေကိုသွားခေါ်လေသည်။ နောက်နေ့မနက်၌
မိသားစု၅ယောက်သား ထမင်းစားနေတုန်း အဖေဖြစ်
သူက
"ဒီနေ့ ဝတ်စုံသွားကြည့်ကြမယ်..."
"ဘာအတွက်..."
"လက်ထပ်ပွဲအတွက်.."
"အော်...ဟုတ်...ဟမ်...ဘာ..ဘာအတွက်..."
"တစ်ခေါက်ဘဲပြောမယ်...ဒီနေ့၉နာရီသွားကြမယ်
...ပြင်ဆင်ထားကြ..."
"ဟုတ်ကဲ့...အဖေ..ကျေးဇူးပါ...အရမ်းချစ်တယ်.."
"သွားစမ်းပါ...မင်းသတို့သမီးလောင်းကိုသာ သွား
ပြော..."
Haoxuanသည်အရမ်းပျော်သွားပြီး ဘေးတွင်ထိုင်
နေသော Jiyang ကိုလှမ်းဖက်ရာ အမြွှာလေးတွေက
"ဖေဖေ...မေမေ့ကိုအနိုင်ကျင့်ပြန်ပြီး..."
"မဟုတ်ပါဘူးဗျာ...ဖေဖေက..."
"မေ့မေ့ကိုချစ်လို့...အဲ့တာဘဲပြောမှာမဟုတ်လား.."
"နေပါအုံး...မင်းတို့က ၃နှစ်ဘဲရှိသေးတယ်...ဘာလို့
စကားတွေအဲ့လောက်ထိတတ်နေရတာလဲ.. "
"ဖိုးဖိုးသင်ထားပေးတာ..."
"ထင်သားဘဲ...အဖေ့လက်ချက်ဆိုတာ..."
Haoxuanသည် ပြောရင်းနဲ့ပင် အဖေဖြစ်သူကိုစောင်း
ကြည့်လိုက်ရာ အဖေဖြစ်သူသည် မသိချင်ယောင်
ဆောင်လိုက်လေသည်။
........
ဒီနေ့တော့ ဒီလောက်ပါဘဲ..စကားမစပ် ဇာတ်သိမ်း
တော့မယ်နော်...readerလေးတို့...😔😔
#kyelsin