Zawgyi
An rinတစ်ယောက်အရမ်းအေးနေရတဲ့အကြောင်းမှာ
Haoxuanသည် သူ့အခန်းထဲက အဲယားကွန်းကို အဆုံးထိဖွင့်သွားသောကြောင့် ဖြစ်သည်။ An rinတစ်
ယောက်အေးနေချိန် သူကတော့ Jiyangကို ရင်ခွင်ထဲ
၌ ထွေးပွေ့ပြီး နွေးထွေးစွာ အိပ်နေတော့သည်။ ထို့
နှင့် မနက်စောကြီးသို့ ရောက်သောအခါ Jiyangက
အရင်နိုးလာပြီး ထရန်လုပ်လေသည်။ ဒါမဲ့သူ့ကိုယ်က
မထနိုင်ဘဲ လေးလံနေသည်။
"ငါ့ကိုယ်ဘာဖြစ်လို့ လေးနေတာလဲ..."
Jiyangသည် ပွစိပွစိပြောရင်း သူ့ကိုယ်အောပ်ပိုင်းကို
သေချာကြည့်လိုက်သည်။ Jiyangရဲ့ခါးကို တင်းကြပ်စွာဖတ်ထားပြီး အိပ်မက်မက်နေသော Haoxuanကို
တွေ့သောအခါ
"ဝှါး....မင်း...မင်း...ငါ့အိပ်ယာမှာ ဘယ်ချိန်ကတည်း
က တတ်အိပ်နေတာလဲ..."
Jiyangသည် စောင်နှင့်သူ့ကိုယ်ကို လုံခြုံအောင်ပတ်လိုက်ပြီး မေးခွန်းတွေမေးလေသည်။ Haoxuanက
တော့ မျက်လုံးလေး ပွတ်နေရင်းနဲ့ နိုးလာပြီး
"မနက်စောကြီးဘာတွေ အော်နေတာလဲ..."
"မင်း..မင်း...ဘယ်ချိန်တုန်းက ငါ့ဆီရောက်နေတာ
လည်းလို့ မေးနေတယ်လေ..."
"ညလယ်လောက်ရှိမယ်ထင်တယ်...ကျွန်တော်က ကို
ကို့ကို Good nightကို လာပြောတာ..ကိုကိုက ယောင်
ပြီး ကျွန်တော့ကို ဆွဲထားတယ်လေ...ပြီးတော့ ကျွန်
တော့ကိုလည်း နမ်းပြီးတော့ ကိုကို့ ရင်ခွင်ထဲကို အ
တင်းဆွဲဖက်ထားတာလေ...ကိုကို ကျွန်တော့ကို တာ
ဝန်ယူတော့...(ပြောင်းပြန်တွေ ပြောပြီးကျေနပ်နေ
သော ချိဖ😂😂😂)...ကျွန်တော့ဘဝတစ်ခုလုံးကို
တာဝန်ယူပေး.."
"ဘာ...ငါလား...ရူးနေလား...လုပ်မယ်လုပ်တော့...
မင်းဘဲ ငါ့ကိုလုပ်မှာပေါ့..."
"ကိုကို ကျွန်တော့ကိုမယုံဘူးဆိုရင် ညက ကိုကို ကျွန်
တော့ကို လုပ်သလို ကျွန်တော်ပြန်လုပ်ပြရမလား.."
"ဘ...ဘာ..."
Haoxuanသည် လေးဘက်ထောင့်လျက် Jiyangကို
အပေါ်က အုပ်မိုးလိုက်ပြီး
"ဝါး...ကိုကို့ကို အပေါ်ကနေကြည့်ရတဲ့ခံစားချက်က
ဘာနဲ့မှမလဲနိုင်ဘူး သိလား...ကိုကိုရဲ့နီရဲနေတဲ့မျက်နှာ
လေ...ရှက်လို့ ကျွန်တော့နဲ့မျက်လုံးချင်းမဆုံဘဲ အ
ကြည့်လွှဲထားတဲ့ ကိုကို့ရဲတောက်ပတဲ့မျက်ဝန်းလေး..
ပြီးတော့...ကိုကိုသိလား...ကိုကို့ရဲ့မျက်နှာထားလေး
က ကျွန်တော့စိတ်ကို ဆွဲဆောင်နေတယ်ဆိုတာ...
(ရေးရင်းနဲ့တောင် တစ်မျိုးကြီး ကလိကလိဖြစ်လာသ
လိုဘဲ...😅😅)...ကိုကို့ ကိုယ်ကိုစောင်နဲ့အုပ်မထားနဲ့
လေ..."
"ဆင်းတော့..."
"ဟမ်..."
"ဆင်းတော့လို့ ပြော...နေ...တယ်...လေ..."
Jiyangသည် ရှက်ရမ်းရမ်းကာ Haoxuanကို ကု
တင်ပေါ်မှ ကန်ချလိုက်လေသည်။ ဗိုက်ကို ဦးတည်ပြီး
ကန်လိုက်သောကြောင့် Haoxuanသည် ကုတင်
အောက်သို့ ကျသွားပြီး လူးလိမ့်လျက်
"အား...ကိုကို ရက်စက်လိုက်တာ...နာတယ်..."
Jiyangသည် စိုးရိမ်သွားရာ ကုတင်အောက်သို့ ချက်
ချင်းဆင်းပြီး
"အရမ်းများ နာသွားလား...ဟင်?..."
"အကြင်နာပေး..."
"ဟမ်..."
"အကြင်နာပေးလို့...ကိုကို အကြင်နာပေးရင် နာတာ
ပျောက်သွားလိမ့်မယ်..."
"မျောက်စုတ်...ငါက အကောင်းမှတ်လို့ စိုးရိမ်လိုက်ရ
တာ.."
Jiyangသည် သူ့ချစ်သူရဲ့စကားကို မလွန်ဆန်နိုင်သ
ဖြင့် နောက်ဆုံးတော့ အကြင်နာပေးလိုက်ရသည်။
Jiyangက နည်းနည်းလေးနမ်းပေးလိုက်သည်နှင့်
Haoxuanရဲ့ပူနွေးသော လျှာလေးသည် Jiyangရဲ့
ပါးစပ်ထဲသို့ တိုးဝင်သွားလေသည်။ (သွားလည်းမ
တိုက်ကြဘဲနဲ့...😆😆) မနက်စာစားရန် အောက်သို့
ဆင်းကြသောအခါ ထမင်းစားဝိုင်းတွင် An rinက
ရောက်နှင့်ပြီး ဖြစ်သည်။ Haoxuanသည် Jiyang
အနောက်မှ ပြုံးစိပြုံးစိနဲ့ ဆင်းလာရာ An rinက
"ရှန့်ရှန့်...လာ...ဒီမှာလာထိုင်..."
"ငါ့နာမည်ကို အဲ့လိုခေါ်ခွင့်ဘယ်သူပေးထားလို့လဲ.."
"Haoxuan..."
Haoxuan သည် သူ့ကိုကိုတစ်ယောက်သာ ခေါ်ခွင့်
ရှိသော နာမည်ကို An rinခေါ်လိုက်ရာ အရမ်းစိတ်ရှုပ်
ထွေးသွားလေသည်။ Jiyangက Haoxuanရဲ့အဖေ
နားမှ ၃ခုံမြောက်တွင်ဝင်ထိုင်ပြီး
"ကောင်းကောင်းအိပ်ပျော်ပါရဲ့လား..ဦးလေး..."
"အေး...မနေ့ညက ဘယ်လိုညလဲမသိ...တော်တော်
အိပ်ကောင်းတယ်...သားရော.."
"အိပ်ကောင်းပါတယ်ဗျ..."
Haoxuanသည် Jiyangဝင်ထိုင်သောနေရာကိုကြည့်
လိုက်ပြီး သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ Jiyangက
သူ့ဘေးတွင် ဝင်ထိုင်သောကြောင့် လန့်သွားရာ လှည့်
ကြည့်လိုက်သည်။ Jiyangလှည့်ကြည့်လိုက်သော
ကြောင့် Jiyangလည်ပင်းနောက်က အနီအမှတ်လေး
ကို Haoxuanရဲ့အဖေ တွေ့သွားရာ
"Jiyang...သားလည်ပင်းအနောက်က ဘာဖြစ်နေ
တာလဲ..."
"ဗျာ..."
Haoxuanအဖေရဲ့စကားကြောင့် Jiyangတစ်
ယောက်လန့်သွားပြီး လည်ပင်းကိုပြန်စမ်းကြည့်လိုက်
သည်။ ခဏမျှငြိမ်ကျသွားပြီးနောက် Jiyangက
"ခြင်ကိုက်သွားထင်တယ်..."
"ဟုတ်လား..သားအခန်းထဲက အဲကွန်းပျက်နေတယ်
ထင်တယ်..."
"ဟုတ်...အဲ့ခြင် ကျွန်တော့ကိုကိုက်တုန်းက ကျွန်
တော်ရိုက်လိုက်သေးတယ်...ခြင်ကောင်က အကြီးကြီး
ဘဲဗျ..ပြီးတော့ အကျင့်လည်းမကောင်းဘူး..."
"ဟားဟား...အဲ့ဒါဆို အဲ့ခြင်က တော်တော်ဆိုးတာဘဲ
...ဟားဟား.. .စားရအောင်..."
"ဟုတ်ကဲ့..."
Haoxuanသည် သူ့အားဆိုးပြီး အကျင့်မကောင်းဘူး
လို့ပြောသော Jiyangအား ကလဲ့စားချေရန် သူ့လက်
သည် Jiyangရဲ့ပေါင်ပေါ်သို့တင်ပြီး ပွတ်သပ်နေလေ
သည်။ Jiyangသည် ယားလာရာ Haoxuanရဲ့လက်
ကို ဆိတ်ထည့်လိုက်ပြီး ဆိတ်လိုက်သည့်လက်ကို
Haoxuan တစ်ယောက်ဖမ်းဆွဲထားလေသည်။ Jiyangက အတင်းဆွဲပြီးရုန်းနေရာ Haoxuanသည်
Jiyangအနားကပ်ပြီး
"ဒီထက် ရုန်းနေရင် ဖက်နမ်းပစ်မှာနော်..."
ခြိမ်းခြောက်လိုက်သည်။ Jiyangသည် အနည်းငယ်
ဒေါသထွက်ပြီး Haoxuanရဲ့ခြေထောက်ကို အားရ
ပါးရ နင်းချလိုက်သည်။ Haoxuan ကနာသဖြင့်
ဆက်ကနဲတုန်လှုပ်သွားသဖြင့် အဖေဖြစ်သူက
"ဘာဖြစ်တာလဲ.."
"ဘာမှမဟုတ်ပါဘူး..."
"အေး...ထမင်းစားပြီးရင် An rinနဲ့ကျောင်းတူတူ
သွားလိုက်...Jiyangကတော့ ကိုယ်ပိုင်ကားရှိတယ်
မဟုတ်လား.."
"ဟုတ်"
Jiyangသည် ခုနက ရင်းရင်းနှီးနှီးပြောနေပေမဲ့လည်း
လေးနက်စွာပြောသော Haoxuan ရဲ့အဖေ စကား
ကြောင့် ပြန်ငြိမ်သွားပြီး ခေါင်းညိပ်နေတော့သည်။
Haoxuanရဲ့အဖေက Anrin အား
"သမီး...ညကဘယ်မှာအိပ်တာလဲ...ပြင်ပေးထားတဲ့
အခန်းမှာ မအိပ်ဘူးဆို..."
"အော်...ဟုတ်...မနေ့က Haoxuanနဲ့တူတူသွားအိပ်
တာပါ..."
"အဟွတ်ဟွတ်...ဟွတ်...ဘာ..ဘာပြောလိုက်တယ်"
An rinရဲ့ပြောင်လိမ်သောစကားကြောင့် Haoxuan
သည် မနက်စာစားနေရာမှ သီးသွားလေသည်။ ထို
စကားကြားပြီးသော Jiyangသည် စားနေရာမှရပ်တန့်သွားသဖြင့် Haoxuanက
"မင်းနဲ့ ငါက တူတူအိပ်တယ်လို့ ပြောတာလား..."
"ဟုတ်တယ်လေ...နင်ဘဲငါ့ကို တင်းတင်းဖက်ထားပြီး
တော့ အခုမှမသိချင်ယောင်ဆောင်မနေနဲ့လေ..."
Haoxuanရဲအဖေက သောက်နေသောရေခွက်ကို
ချလိုက်ပြီး
"Haoxuan...ကိုယ်လုပ်ထားတာကို ဝန်ခံစမ်း.."
"မဟုတ်ဘူး..."
"Haoxuan.. ."
"ကိုယ်မလုပ်ထားတာကို ဘာလို့ဝန်ခံရမှာလဲ.."
"ပြောချင်တာက မင်းတို့နှစ်ယောက်ထဲက တစ်
ယောက်တော့ ငါ့ကိုလိမ်နေတယ်ဆိုတာဘဲ..."
"မနေ့တုန်းက ကျွန်တော့အခန်းကို သွားခဲ့တယ်ဆိုပေ
မဲ့ ကိုကို့အခန်းထဲကို ဝင်သွားတာပါ..."
"ဘာ..."
"မနေ့တုန်းက An rin ကျွန်တော့အခန်းထဲမှာ ပါးပြီး
အထဲသို့မြင်နေရတဲ့အဝတ်တွေ ဝတ်ပြီး ကျွန်တော့ကို
စောင့်နေတာလေ...အဖေ သူ့ကိုမပြောထားဘူးလား
...ကျွန်တော် အဲ့လိုအဝတ်တွေနဲ့ ဓာတ်မတည့်ဘူးဆို
တာ...အဲ့ဒါဆိုရင် သူနဲ့ကျွန်တော်အိပ်အုံးမလား.."
"အဟမ်း..ဟမ်း...An rin...သမီးကို ဦးလေး အထင်
ကြီးမိတာ မှားသွားပြီးဘဲ...အဖေစားလိုပြီးပြီး..သွား
တော့မယ်.."
"ဟုတ်.."
အဖေဖြစ်သူ ထွက်သွားသည်နှင့် Haoxuanက
"An rin..ငါမသိလို့မေးပါရစေ...မင်းက ဘာမို့လို့
အဲ့လို အောက်တန်းကျအောင်လိမ်ရတာလဲ..."
"ဟ...အောက်တန်းကျတော့ ဘာဖြစ်လဲ...နင်နဲ့ငါက
ဘယ်လိုဘဲ ဖြစ်ဖြစ်ယူရမှာဘဲလေ..စောတာနဲ့နောက်ကျတာဘဲ ကွာတာ.."
"ဒါနဲ့လေ...မင်းကို ဘယ်သူကယူမယ်လို့ ပြောလို့လဲ..
အရှက်မရှိလိုက်ကြေငြာနေတာ.."
"နင်...ဪ..ဆရာလည်းရှိနေတာဘဲ...သမီးမေ့
သွားတယ်...ဆရာက ဒီမိသားစုနဲ့ဘာမှမဆိုင်ဘူးဆို..
သမီး အဖေပြောနေတဲ့သူက ဆရာမှန်းမသိခဲ့ဘူး..သ
မီးအမြဲသိချင်နေခဲ့တာ...Haoxuanရဲ့အချစ်ကိုအ
ကုန်သိမ်းသွားတဲ့သူကိုလေ...ဆရာကိုး...ဒါနဲ့လေ..
နှစ်တွေအကြာကြီးနေမှ ဆရာဒီကိုပြန်လာတာ လိုချင်တာရှိနေလို့များလား..."
ထိုစကားများသည် Jiyangရဲ့ရင်ကိုအလွန်နာကျင်စေ
သည်။ သူမက သွယ်ဝိုက်ပြီးပြောနေပေမဲ့လည်း အမွေ
တွေကိုလိုချင်လို့ဆိုတဲ့ ဆိုလိုရင်းက မပျောက်သွားသ
ဖြင့် Jiyangသည် ဒေါသထွက်ကာ
"An rin...အခုပြောနေတာ...မင်းရဲ့ဆရာနော်..ရို
သေသင့်တယ်...ရိုသေမှုကိုမသိရင် အိမ်ပြန်ပြီးအဖေ့
ကိုသင်ခိုင်းလိုက်..."
Jiyangသည် ပြောပြီးသည်နှင့် ကျောင်းသွားရန်
ထထွက်လာတော့သည်။ Haoxuamလည်း ထသွား
ရန်လုပ်ပြီး
"မင်း..နောက်တစ်ခါ ကိုကို့ကိုအဲ့လိုပြောရင် မင်းတို့ရဲ့
ကုမ္ပဏီ ကိုဒေဝါလီခံရအောင် လုပ်ပစ်မယ်...အဲ့
လောက်အာဏာက ငါ့လက်ထဲမှာ ရှိတယ်ဆိုတာ..
မှတ်ထား...နောက်ပြီး ငါ့မိန်းမဖြစ်ဖို့လည်း အိမ်မက်ဘဲမက်နေလိုက်..."
Haoxuanသည် အလောတကြီးလွယ်အိတ်ယူကာ
Jiyangအနောက်သို့ပြေးလိုက်သွားတော့သည်။
Jiyangက ကျောင်းသို့သွားရန် ကားထုတ်ရာ Haoxuan သည် ကားတံခါးကိုအတင်းဖွင့်ပြီး ဝင်ထိုင်
လျက်
"ကိုကို...အတူတူသွားရအောင်..."
"မင်းရဲ့ကျောင်းပို့တဲ့ကားရှိတာဘဲ..."
"အဲ့မှာ...An rinရှိနေတယ်...မသွားဘူး...ကိုယ့်ချစ်သူနဲ့ ကျောင်းသွားချင်တာလေ...မရဘူးလား.."
"ဟုတ်သား...မင်းနဲ့ငါက အဲ့အခြေအနေတောင်
ရောက်သွားပြီးကိုး..."
"ဟမ်...ကျွန်တော်တို့ချစ်သူဆိုတာ ကိုကိုမေ့နေတာ
လား...ဟာ...ဘယ်လိုတောင်...ဒီနေ့က ကျွန်တော်
တို့တွဲနေတာ တစ်ရက်ကြီးတောင်ရှိသွားပြီးလေ.."
"တစ်ရက်ထဲကို..."
"အဲ့လိုပြောလို့မရဘူးလေ...တစ်ရက်ဆိုတာ မနေ့
ကထက် ဒီနေ့မှာ ကျွန်တော် ကိုကို့ကိုပိုချစ်တယ်.."
"အေးပါ..ဟုတ်ပါပြီး...စကားတွေတတ်နေတာ.."
ထိုနှင့် နှစ်ယောက်သား အချစ်စမ်းနေကြရင်း ကျောင်း
သို့ရောက်ခဲ့တော့သည်။ အခန်းထဲ၌ စာသင်ချိန်ရောက်
သောအခါ Haoxuanက နောက်ဆုံးတန်းတွင် ထိုင်
ရင်း Jiyangဝင်လာသည်နှင့် အသည်းပုံကြီးကြီးလုပ်
ပြလေသည်။ နောက်ဆုံးတန်းဆိုတော့ ဘယ်သူမှမမြင်ချေ။ Jiyangတစ်ယောက် Haoxuanလုပ်ပြနေသော
အမူအရာကို နှစ်သက်လွန်းသဖြင့် စာထဲအာရုံမ
ရောက်တော့ဘဲ စာဘဲရေးခိုင်းထားတော့သည်။
........
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်