Zawgyi
Jiyangသည် ကလေးနှစ်ယောက်ကိုမွေးပြီးနောက်အ
လွန်မောပန်းသဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ Haoxuanတစ်ယောက် jiyangရှိရာ အခန်းထဲသို့ဝင်
လာပြီး Jiyangရဲ့ဆံပင်စပ်နားတွင် ရှိနေသောချွေးများကို သာသာယာယာလေးသုတ်ပေးနေရင်း
"ပင်ပန်းသွားပြီးနော်...ကိုကို..."
တစ်တွတ်တွတ်ပြောဆိုနေသည်။ ၄နာရီအကြာတွင်
Jiyangသည် မျက်လုံးရေးရေးလေးပွင့်ကာ နိုးလာ
သည်။ နိုးလာသည်နှင့် ဗိုက်ကိုစမ်းကြည့်လိုက်ပြီး
"ငါ့ဗိုက်က ဟာနေပါလား....ဘာမှလည်းမရှိဘူး...
ဗိုက်လည်းပစ်သွားတယ်.."
တစ်ယောက်ထဲမရေမရာပြောနေချိန်မှာဘဲ Haoxuan
သည် တံခါးတွန်းဖွင့်ကာ ထမင်းချိုင့်ဆွဲရင်းဝင်လာ
သည်။ Haoxuanသည် သတိရနှင့်နေပြီးဖြစ်သော Jiyangကိုတွေ့ရာ ပျော်ရွှင်သွားသဖြင့် လမ်းကိုခပ်
သုတ်သုတ်လျှောက်သွားပြီး
"ကိုကို...နိုးနေပြီးလား...သက်သာရဲ့လား...ဘယ်လို
နေသေးလဲ..."
"Haoxuan...က...ကလေး...တွေ..."
"အော်...ကလေးတွေကိုတွေ့ချင်လို့လား...ခဏ..."
Haoxuanသည် ပြုံးပျော်နေသောမျက်နှာနှင့် အပြင်
ပြန်ထွက်သွားသည်။ တအောက်ကြာသော် Haoxuan
လက်ထဲ၌ ကလေးတစ်ယောက်ကိုချီခဲ့ပြီး ဆရာမက
ကလေးတစ်ယောက်ချီခဲ့သည်။ Jiyangသည် ဆရာမ
လက်ထဲမှကလေးကို ပွေ့ချီရင်း
"ဝါး...ဒါက ငါမွေးလိုက်တဲ့ ဗိုက်ထဲကထွက်လာတဲ့
ကလေးလား..."
"ဟုတယ်...သေးသေးလေး...ကိုကို...ကလေးတွေက
မွေးကင်းစဆိုဘာလို့အဲ့လောက်သေးရတာလဲဟင်.."
"ကလေးတွေက သေးသေးလေးမဟုတ်ရင် ငါ့ဗိုက်ထဲ
က ဘယ်လိုထွက်လာမလဲ.. "
"ဟုတ်သား...ဟဲဟဲ...ကိုကို...ကျွန်တော်ချီထားတဲ့က
လေးကိုကြည့်ကြည့်...အိပ်နေတာတောင်ချစ်ဖို့ကောင်းလိုက်တာ...ကိုကိုနဲ တူတာဘဲ...."
"ဟားဟားဟား..."
Jiyangသည် ပွေ့ချီထားသောကလေးကိုကြည့်ရင်း
ပြုံးပျော်နေမိသည်။ မိသားစုလေးယောက်သားပျော်
ပျော်လေးရီနေတုန်း Haoxuan ရဲ့အဖေက ပြာယာ
ခက်ကာ
"Jiyang...ကလေးတွေရော...ကလေးတွေမတွေ့.."
အခန်းထဲရောက်လာပြီး jiyangတို့ပွေ့ချီထားသော
ကလေးတွေကိုတွေ့သည်နှင့်
"Haoxuan...ငါအိမ်သာသွားနေတုန်း မင်းကငါမသိ
အောင် ကလေးတွေကိုခေါ်ထုတ်သွားတယ်ပေါ့လေ"
"အဖေ...ကလေးတွေကို ကိုကိုတွေ့ချင်တယ်ဆိုလို့
ခေါ်လာတာလေ...ပြီးတော့ ကလေးတွေကိုလည်း
အမေဖြစ်သူကိုပေးတွေ့ရမှာပေါ့ဗျာ.."
"ထားပါလေ...မင်းနဲ့ငြင်းနေလို့လဲ...ဘာထူးမှာလဲ"
နောက်ဆုံးမှာတော့ နှစ်ယောက်သား ငြင်းတာရပ်သွား
တော့သည်။ Jiyangလက်ထဲတွင် အိပ်နေသောကလေး လေးသည်မျက်လုံးပွင့်လာကာ jiyangအား
ပြူးကြည့်ပြူးကြည့်နဲ့ ကြည့်နေသည်။ Jiyangသည်
ပြူးကြည့်နေသော ကလေးသေးသေးလေးအား နူးညံ့
စွာပြုံးပြလိုက်ရာ သေးသေးလေးသည် ပြန်ပြုံးပြလေ
သည်။ Haoxuanလက်ထဲမှ ကလေးကတော့ Haoxuanကိုမြင်သည်နှင့် ပါးစပ်ကြီးကိုဖြဲကာ အသားကုန်အော်ငိုလေသည်။ Haoxuanတစ်ယောက်
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည်နှင့် Jiyangသည်
ပွေ့ထားသောကလေးကို ပေါင်ပေါ်တွင် တင်းရင်း
Haoxuanရဲ့လက်ထဲမှ ကလေးကိုလွှဲပြောင်းယူလိုက်
သည်နှင့် ကလေးသည်ချက်ချင်းဘဲအငိုတိတ်သွား
တော့သည်။ ထို့နောက်Jiyangရဲ့ရင်ဘက်ထဲသို့တိုး
ဝင်ပြီး တစ်ခုခုရှာလေဖွေလေသည်။ Jiyangက သ
ဘောပေါက်သွားကာ ကြယ်သီးဖြုတ်ရန်လုပ်ရာ jiyangအားအပြူးသားကြည့်နေသော Haoxuanတို့
သားအဖကိုလှမ်းကြည့်လိုက်သည်။ Haoxuanသည်
Jiyangရဲ့အကြည့်တစ်ချက်ကို သဘောပေါက်သ
ဖြင့် အဖေဖြစ်သူအား
"အဖေ...ထွက်...ထွက်ကြမယ်..."
"ဘာလို့လဲ...ငါတောင်ကလေးမချီရသေးဘူး..."
"နောက်မှ...နောက်မှချီတော့...အခုတော့အရင်ထွက်
သွားရအောင်..."
အပြင်သို့တွန်းထုတ်ပြီး ထွက်သွားကြသည်။ ထိုအခုမှ
Jiyangလည်း ကြယ်သီးဖြုတ်ကာ သေးသေးလေးအား ချိုချိုတိုက်တော့သည်။
"အံ့ဪစရာဘဲ....ယောက်ျားလေးက နို့တိုက်လို့ရ
တယ်လား..."
ချိုချိုတိုက်ရင်း တီးတိုးပြောနေတော့သည်။ မကြာခင်မှာဘဲနှစ်ယောက်လုံးကိုတိုက်လို့အပြီးတွင် Haoxuan
ပြန်ဝင်လာကာ
"ကိုကို....တိုက်ပြီးပြီးလား..."
"အင်းပြန်အိပ်ပျော်သွားကြပြီး..."
"ကြက်ဥလေးကိုကျွန်တော်ချီထားပေးမယ်..."
"ဟင်...ကြက်ဥလေး..."
"အင်း....သူတို့လေးကဖြူဖြူလုံးလုံးလေးမို့ ကြက်ဥ
ဘဲဥ လို့နာမည်ပေးထားတာ..."
"ဟားဟား...နာမည်လေးကဆန်းလိုက်တာ.."
"အကြီးကို ဘဲဥလေး...အငယ်လေးကိုတော့ ကြက်ဥ
လေးလို့ ခေါ်မယ်လေ..."
"ဟုတ်ပါပြီး...ဒါနဲ့ Haoxuan..."
"အင်း..."
"ငါ...ဗိုက်ဆာတယ်..."
"ဘာစားချင်လဲ..."
"စွပ်ပြုတ်..."
"ဟုတ်သား...ကိုကိုအတွက် စွပ်ပြုတ်ယူလာခဲ့ပေး
တယ်...ကလေးတွေချီနေတာနဲ့ဘဲ မေ့သွားတယ်..ချိုင့်
ကအပူခံဆိုတော့ ပူသေးမှာပါ...စားလိုက်နော်...က
လေးတွေထိန်းဖို့ ဆရာမနှစ်ယောက်ခေါ်ထားတယ်.."
Haoxuanရဲ့စကားအဆုံးမှာဘဲ ဆရာမနှစ်ယောက်
ဝင်လာပြီး ကြက်ဥလေးတို့ကိုချီသွားခဲ့သည်။
Jiyangသည် Haoxuan ယူလာသောစွပ်ပြုတ်ကိုမနားတမ်းစားရာ Haoxuan က
"ဖြေးဖြေးစားပါ...ကိုကိုရာ...ဘယ်သူမှလုမစားပါဘူး..."
"မသိဘူးဟာ...ဗိုက်ဆာတာဘဲသိတယ်..."
"ဟုတ်ပါပြီး...ရေလည်းသောက်အုံး...ရော့..."
Jiyangသည် ကလေးနို့တိုက်ပြီးနောက် ဆက်တိုက်ကိုဗိုက်ဆာနေခဲ့သည်။ ရက်အနည်းငယ်အကြာတွင် မိသားစု၎ယောက်သား ဆေးရုံဆင်းကြပြီး အိမ်တော်
သို့ရောက်လာကြသည်။ အိမ်ထဲသို့ရောက်သည်နှင့်
Haoxuanရဲ့အဖေသည် ကြက်ဥလေးနှင့် ဘဲဥလေးကို လက်တစ်ဖက်စီချီကာ အခန်းထဲသို့ဝင်သွားခဲ့
သည်။ Haoxuan သည် အနောက်မှလိုက်သွားပြီး
"အဖေ ဘာလို့ကလေးတွေကို အခန်းထဲခေါ်သွားရတာလဲ..."
"ကလေးက မင်းတို့နဲ့နေတာ ကြာသွားပြီး...ငါ က
လေးနဲ့လုံးဝမနေရသေးဘူး...အဲ့တော့ ငါဒီညခေါ်
ထားမယ်...သွားသွား..."
Haoxuan သည် အဖေဖြစ်သူအခန်းထဲမှ မောင်း
ထုတ်ခံရပြီးနောက် jiyangရှိရာသူတို့အခန်းထဲသို့
ပြေးဝင်သွားပြီး Jiyangအား ပြေးဖက်တော့သည်။
Jiyangက
"ဘာဖြစ်တာလဲ..."
"ကိုကို...ကလေးတွေကိုအဖေခေါ်ထားမယ်တဲ့...ဒါ
ကြောင့် ဒီညကျွန်တော်တို့တူတူအိပ်ရအောင်..."
"အရင်ကလည်း တူတူအိပ်တာဘဲမဟုတ်လား.."
"ဟိုလိုအိပ်မှာ.."
"ဟမ်..."
"ပြောပြမယ်...ဒီလို..."
"ဝှါး...Haoxuan...ဘာ...ဘာလုပ်...အင်္ကျီတွေမ
ချွတ်နဲ့လေ...ဟိုက်...ဘယ်နေရာလာကိုက်နေတာလဲ"
Haoxuan သည် jiyangအားစောင်အောက်သို့ဆွဲ
သွင်းပြီးနောက်.......
..........
ဘာဖြစ်ကြမလဲဆိုတာတော့ ကြိုက်သလိုသာတွေးကြ
ပေတော့...😂😂😂😂
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်