Zawgyi
Jiyang သည် ကော်ဖီခွက်ကိုကျစ်ကျစ်ဆုတ်ကိုင်း
ထားရင်း အတွေးတွေလည်း လည်ပတ်နေသည်။ သူ့
ပါးစပ်မှ သူပြောချင်တာပြောချင်ပေမဲ့လည်း Haoxuanရဲ့ အဖေမျက်နှာကိုမြင်မြင်ယောင်နေသော
ကြောင့် အဖြေကိုထိန်းချုပ်ထားပြီး
"ထားပါတော့...ကော်ဖီတွေလည်း အေးကုန်ပြီး...
Haoxuanလည်း နိုးလောက်ရောပေါ့...သွားရအောင်..."
Jiyangသည် အရင်ထထွက်လာပြီး Haoxuanအခန်း
ဆီသို့လျှောက်လာလေသည်။ တံခါးနားတွင် ခိုးနား
ထောင်နေသော Haoxuanသည် သူအခန်းသို့လျင်မြန်
စွာပြေးရာ ကုတင်နဲ့ဒူးနဲ့တိုက်မိလေသည်။ တစ်ချက်
နာသွားရာ အောင့်ခံပြီး ကုတင်ပေါ်၌ လှဲလိုက်သည်။
Jiyangလည် အခန်းထဲဝင်လာပြီး အိပ်ချင်ယောင်
ဆောင်နေသော Haoxuanအား လှုပ်နှိုးပြီး
"ဝေ့....ထတော့...အိပ်ချင်ယောင်ဆောင်မနေနဲ့...မ
ထလာရင် ငါအရင်ပြန်ပြီးနော်.. ."
"အ...နေ..နေပါအုံး...ကိုကိုကလည်း..."
"လာ..သွားကြမယ်...တုတ်ထိုးဝင်စားကြရအောင်..
မင်းလည်း ကြိုက်တယ်မဟုတ်လား.."
Jiyangသည် နူးနူးညံ့ညံ့လေးပြုံးကာ အရင်ထွက်သွားတော့သည်။ Haoxuanက
"ဘာဖစ်သွားတာလဲဟ....ပိုပြီးနူးညံ့သွားပါလား...ဟ
..ကိုကို..စောင့်ပါအုံး..."
Haoxuanသည် အပြင်ခံအင်္ကျီကို အလျင်အမြန်ဝတ်ကာ အနောက်မှ ပြေးလိုက်သွားသည်။ လမ်းလျှောက်
ရင်း နှစ်ယောက်လုံးတိတ်ဆိတ်နေရာ Haoxuanက
"ကိုကို...ကျွန်တော့ အိပ်ချင်ယောင်ဆောင်နေတာ...
ဘယ်လိုသိလဲ..."
"ဒီလိုပါဘဲ...မင်းမျက်နှာက သေနေတာကိုး...မင်း
အိပ်ပျော်နေရင် မျက်နှာကအသက်ဝင်နေတယ်လေ..
ဟာ...ဘာလို့ ဒါတွေလာမေးနေတာလဲ..ဟိုဆိုင်မှာ ဝင်
စားရအောင်..."
"နေအုံး...ကိုကို ကျွန်တော့ကို ကြွေနေပြီးမဟုတ်လား.."
"ဘာ...ဘာတွေ...ပြောနေတာ...လဲ...မြန်မြန်လာ..
ခုံနေရာမရဘဲ နေနေမယ်..."
Jiyangသည် Haoxuan မေးခွန်းကြောင့် ရှက်သွေး
ဖြာကာ တုတ်ထိုးဆိုင်သို့ပြေးလေသည်။ ထိုနေ့ညတွင်
နှစ်ယောက်သား လမ်းဘေးတွင် ရောင်နေသော တုတ်
ထိုးဆိုင်၌ အချိန်ကုန်ပြီး အများကြီး စားခဲ့ကြသည်။
နောက်တစ်နေ့ မနက် jiyangသည် Haoxuanစား
ရန်အတွက် ဟင်းရည်အချိုလေးချက်ပြီး ကြက်ဥအ
စာသွပ်ကြော်လေး လုပ်ထားပေးသည်။ Haoxuan
တစ်ယောက် ကြက်ဥအစာသွပ်ကြော်အနံ့ကြောင့် နိုး
လာပြီး Jiyangရှိရာသို့ ထွက်လာလေသည်။ မီးဖို
ချောင်ထဲသို့ရောက်လာသော Haoxuanအား Jiyang
က ထမင်းခူးရင်း
"ထိုင်လေ...ပြီးရင်ဆေးသောက်...ကျောင်းသွားရ
မယ်..."
"မသွားလို့မရဘူးလား...နေမကောင်းသေးတဲ့ဟာကို"
Haoxuanသည် ဇွန်းလေးကိုနှုတ်ခမ်းဖြင့် ကိုက်ရင်း
ပြောလေသည်။ Jiyangလည်း ထမင်းနှစ်ပန်ကန်းခူး
ပြီး နေရာတွင် မျက်နှာချင်းဆိုင် ဝင်ထိုင်ကာ
"ကျောင်းပျက်လို့ မရတော့ဘူး..ကျောင်းမသွားတာ
ဘယ်နှရက်ရှိပြီးလဲ...စာတွေပြန်လိုက်ရအုံးမယ်မ
ဟုတ်လား.."
"အဲ...ကိုကိုကလည်း ကျွန်တော့ကိုအိမ်မှာ ထားခဲ့ရ
မှာ စိုးရိမ်တယ်ဆိုလည်း စိုးရိမ်တယ်ပေါ့...မူနေပြန်
ပြီး...ဟဲဟဲ..."
"Haoxuan...ထမင်းကို ပါးစပ်ပိတ်ပြီး စားမလား...
အပြင်ကို ကန်ထုတ်ရမလား..."
"ထမင်းစားပါ့မယ်..."
"အင်းးး.. ...ပြီးတော့ မင်းရဲ့ကျောင်းအင်္ကျီလည်း
လျှော်ထားပြီးပြီး ....မီးပူလည်း တိုက်ပြီးပြီး...ဝတ်
သွားလိုရတယ်...ကျောင်းမသွားခင်ပတ်တီး လဲပေး
မယ်..."
"ဝုတ်...ဝုတ်..."
ခွေးပေါက်လေးလိုအသံထွက်လာရာ ရေသောက်နေ
သော Jiyangသည် ရေတွေသီးကုန်ပြီး Haoxuan
မျက်နှာကို စင်ကုန်လေသည်။ Jiyangက
"ဆောရီး...."
ထိုနှင့် ကျောင်းသွားရန်အဆင်ပြင်ပြီးနောက် Jiyang
က
"နောက် မိနစ်နဲနဲကြာမှ ထွက်လာခဲ့..."
"အယ်...ဘာလို့လဲ..."
"ထွက်ဆိုထွက်ခဲ့...မေးခွန်းတွေမေးမနေနဲ့..."
"ဝုတ်..."
"ပြီးတော့လေ....နာခံတဲ့အသံကိုလည်း ပီပီသသ
ထွက်စမ်းပါ...ကလေးလည်း မဟုတ်တော့ဘဲ...ငါအ
ရင်သွားပြီး..."
Jiyangက အရင်ထွက်သွားပေမဲ့ Haoxuanသည် အ
နောက်မှ တိတ်တိတ်လေးခိုးလိုက်သွားလေသည်။
ကျောင်းနားရောက်သောအချိန်တွင် ကျောင်းသူများက Jiyangအနားကပ်လာပြီး မုန့်တွေလာလာပေးရင်း
နှုတ်ဆက်သွားကြသည်။ Jiyangရဲ့လက်ထဲတွင် မုန့်
တွေပြည့်သွားလေသည်။ အများဆုံးကတော့ ချောက
လက်လေးပေါ့။ ထိုမြင်ကွင်းကို ကြည့်နေသော Haoxuanက ရန်လိုသည့်အနံ့များထွက်လာရာ Jiyangက
"ငါလေးရဲ့ကျောစိမ့်သွားသလိုဘဲ...အစိမ်းသပ်သက်
စားခံရတော့မဲ့ ခံစားချက်ဘဲ...."
ပွစိပွစိပြောရင်း ကျောင်းထဲဝင်သွားတော့သည်။
ကျောင်းနားသို့ ဖြေးဖြေးချင်းလျှောက်လာချိန်တွင်
Haoxuanအား အနောက်မှ
"ဟေ့...မတွေ့တာကြာပြီးနော်...."
လှပသော မိန်းကလေးတစ်ယောက် သူ့အားနှုတ်ဆက်
လေသည်။ Haoxuanက
"မင်းက ဘယ်သူလဲ..."
"ဟမ်...ငါ့ကိုမမှတ်မိတော့ဘူးလား...ငါလေ...အ
လယ်တန်းတုန်းက အခန်းဖော်လေ..."
"ဟုတ်လား...ငါမသိဘူး..."
"အယ်.. အဲ့လိုမလုပ်နဲ့နေဟာ...နင်ကလည်း...ငါလေး
နင့်ကြောင့် ဒီကျောင်းကိုပြောင်းလာခဲ့တာ...ဝမ်းမသာ
ဘူးလား..."
"ငါက ဘာလို့ဝမ်းသာရမှာလဲ...ပြီးတော့ နင့်ဘာသာ
ရှည်ပြီး ပြောင်းလာတာလေ...ဒါဘဲ. ငါသွားပြီး.. "
Haoxuanသည် အေးတိအေးစက်ပြောကာ ကျောင်း
ထဲသို့ဝင်သွားတော့သည်။ ကျောင်းတတ်ချိန်၌ Jiyangသည် အသစ်ပြောင်းလာသော ကျောင်းသူ
လေးကို ခေါ်ပြီး ဝင်လာသည်။ Jiyang က
"ကဲ...ဆရာတို့အတန်းကို ကျောင်းသူအသစ်ပြောင်း
လာတယ်...သူမနာမည်က An rin...ကြိုဆိုပေးလိုက်
ပါအုံး..."
"အားလုံးမင်္ဂလာပါ.. ..နာမည်က An rin... Haoxuanနဲ့ ငယ်သူငယ်ချင်းပါ..."
Haoxuanရဲ့ သူငယ်ချင်းဆိုတဲ့အသံကို ကြားပြီး
နောက် တစ်တန်းလုံးတိတ်ဆိတ်သွားပြီး သူငယ်ချင်း
တွေက
"ဟာ...သားကြီး...မင်းဒီလိုလှတဲ့ မိန်းကလေးနဲ့သိ
မယ်လို့ မထင်ထားမိဘူး...ဟဟ.."
"ကဲ...လွတ်တဲ့နေရာမှာ ဝင်ထိုင်ပြီး စာစသင်ကြရ
အောင်..."
ထိုနှင့် An rinလည်း လွတ်နေတဲ့နေရာတွင် ဝင်ထိုင်
ကာ သင်ခန်းစာစတော့သည်။ ကျောင်းသူသစ်လေး
ပြောင်းလာသည်ကို Haoxuanသည် စိတ်မဝင်စားဘဲ
Jiyangကိုသာ ကြင်နာသောအကြည့်နဲ့ ကြည့်နေတော့
သည်။
.......
နောက်ပိုင်း Jiyangရဲ သဝန်တိုနည်းပေါင်း တစ်
သောင်းခြောက်ထောင်ကို တွေ့ရမှာပါနော်...
ချစ်တယ်နော်....readerတို့....😘😘😘
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်