Zawgyi
Haoxuanသည် ပြင်ဆင်လို့ပြီးသည်နှင့် အိမ်ကနေ
ထွက်လာခဲ့သည်။ ပိတ်ရက်ဖြစ်သည်နှင့် လူအများ
လမ်းပေါ်တွင် ပြည့်ကြပ်နေသည်။ Haoxuanသည်
အပျော်လွန်၍ ချိန်းထားတာထက်စောပြီး ထွက်ခဲ့သည်။ ဂျင်းဘောင်းဘီအတို၊ တံတောင်စေ့လောက်ခေါက်
တင်ထားသော ရှပ်အကွက်၊ အထဲမှ T shirtအဖြူ
ဘွတ်ဖိနပ်အဖြူတို့နှင့် ခန့်နေသော Haoxuanအား
ဖြတ်သွားကြသော မိန်းကလေးများ ငေးကြည့်ကြ
သည်။ တစ်ချို့မိန်းကလေးက
"အကို...ဖုန်းနံပါတ်လေးပေးပါလားဟင်..."
"တောင်းပန်ပါတယ်ဗျ..ကျွန်တော့ချစ်သူကိုစောင့်နေ
လို့်ပါ..."
"အဲ...ချစ်သူရှိတာလား...တောင်းပန်ပါတယ်နော်.."
"ရပါတယ်..."
Haoxuanသည် Jiyangရောက်မလာသည်နှင့် ကစားကွင်းရှေ့ရှိ ကော်ဖီဆိုင်သို့ဝင်ပြီး မှန်နှင့်ကာထားသော
နေရာတွင် ထိုင်ရင်း Jiyangကို မျှော်နေတော့သည်။
မှာထားသော ကော်ဖီခါးလေးကို တစ်ငုံချင်းအရသာခံ
ရင်း အပြင်ကို မေ့စေ့ထောက်ရင်း ငေးနေခဲ့သည်။ မ
ကြာမီမှာပင် ကော်ဖီဆိုင်သို့ရောက်လာသော Jiyang
အားတွေ့သည်နှင့် ချက်ချင်းပြုံးရွှင်သွားလေသည်။
ရှပ်အပြာစင်းလေးနှင့် စတိုင်ဘောင်းဘီကို ဝတ်ဆင်ခဲ့
သော Jiyangအားကြည့်ပြီး Haoxuanတစ်ယောက်
ကြွေဆင်းနေခဲ့သည်။ Jiyangဆိုင်ထဲသိုဝင်လာသည်အထိ မျက်တောင်မခက်တမ်းကြည့်နေရာ Jiyangက
သူ့ရှေ့တွင် ဝင်ထိုင်ရင်း
"မျက်လုံးပါ ကျွတ်တော့မယ်...အဲလောက်ထိကြည့်မ
နေနဲ..."
"ကိုကိုက အရင်တိုင်းဘဲ ချောနေတုန်း...ဟီးဟီး..."
Jiyang သည် Haoxusnသောက်နေသော ကော်ဖီ
ခွက်ကိုကြည့်ပြီး
"ကလေးတွေက ကော်ဖီခါးခါးတွေမသောက်သင့်ဘူး
..."
"ပြောပြီးပြီးလေ..ကျွန်တော်ကလေးမဟုတ်ပါဘူး
ဆို..."
"ကလေးမဟုတ်တဲ့သူက ဘာလို့ ကစားကွင်းမှာတွေ့
မယ်လို့ချိန်းတာလဲ..."
"ကစားကွင်းရှေ့က ကော်ဖီဆိုင်လို့ပြောတာလေ..."
"ဟူး...ဘယ်သူက မင်းနဲ့စကားပြိုင်များနိုင်မာမို့လို့လဲ
....နေ့လည်စာသွားစားတော့မယ်မဟုတ်လား..သွား
မယ်..."
"ကိုကို...နေ..နေပါအုံး..."
Haoxuanက Jiyangအင်္ကျီစကို ဆွဲရင်း
"ဘာတုန်း..."
"ဟိုလေ...ဟဲဟဲ..ကစားကွင်းအတူတူသွားရအောင်..
နော်...မရောက်တာကြာပြီးလေ..."
"ဟာ.....Haoxuanရေ....ငါမအားဘူးသိလား..မင်း
တို့အရင်လက ဖြေထားတဲ့အဖြေလွှာတွေ စစ်ရအုံး
မယ်...မင်းတို့လက်ရေးက အရမ်းရမ်းလှတယ်ဆို
တော့လေ...ပြီးတော့ မင်းတို့ရဲ့ ပြစ်မှုတွေအတွက် စာ
ရင်းလုပ်ရအုံးမယ်..."
"ကိုကိုကလည်း ပြစ်မှုပြောရလောက်အောင်အထိမ
ကြီးသေးပါဘူး...ဟဲဟဲ...ကျောင်းပြေးတာနဲ့ နံရံ
ကျော်တာလောက်ဘဲ...."
"ဟူး....တော်ပြီးတော်ပြီး...ကစားကွင်းသွားမှာမ
ဟုတ်လား...သွားမယ်..."
"ရေး...နောက်ဆုံးတော့ ဒိတ်လုပ်ရပြီးဟေး..."
"ဒိတ်?"
"ဘာမှမဟုတ်ဘူး...ဘာမှမဟုတ်ဘူး.. ..သွားမယ်..
မြန်မြန်လာ..."
Haoxuanသည် Jiyangလက်ကိုဆွဲပြီး ကစားကွင်း
သို့ ပျော်ရွှင်စွာပြေးသွားလေသည်။ ကစားကွင်းထဲ
ရောက်သောအခါ Jiyang က
"Haoxuan.. ..လက်ကိုလွှတ်ပေးအုံး..."
"ဘာလို့လဲ...လူတွေဒီလောက်များနေတာ...လူကွဲ
သွားရင် ဘယ်လိုလုပ်မလဲ..."
"မင်းသဘော...ဒီတစ်ရက်တော့ မင်းသဘောအတိုင်း
လိုက်လုပ်ပေးမယ်..."
Haoxuanသည် ပြောပြမတတ်အောင်ပျော်ရွှင်ကာ
"ကိုကို...သေနတ်သွားပစ်ရအောင်..."
"ကလေးမဟုတ် ကလားမဟုတ်..ဘာလို့သေနတ်သွား
ပစ်မှာလဲ..."
"လာပါ...ကို့ကိုအတွက် လက်ဆောင်တွေယူပေး
မယ်..."
Jiyangသည် ဘာမှမပြောတော့ဘဲ Haoxuanခေါ်ရာ
အနောက်သို့ပါသွားတော့သည်။ သေနတ်ပစ်သည့်နေရာ ရောက်သောအခါ Haoxuanက ဆိုင်ပိုင်ရှင်အား
"ဦးလေးကြီး..ဘယ်လိုကစားရမလဲ..."
"လွယ်ပါတယ်...ပစ်မှတ်အလယ်တည့်တည့်ကို ၅ခါထိရင် လိုချင်တဲ့လက်ဆောင်တစ်ခုရမှာပါ..."
"ဟုတ်ပြီး..."
Haoxuanသည် အသင့်ချထားသော သေနတ်တစ်လက်ကိုယူပြီး ပစ်မှတ်ကိုသေချာချိန်ပြီး ပစ်လေသည်။ နာရီဝက်ကြာပြီးနောက်တွင် Jiyangရဲ့လက်ထဲ၌
အရုပ်တွေပြည့်ကြပ်လာသည်။ Jiyangကို ဖြတ်သွား
တဲ့သူများက
"အိုဟိုး...ကြည့်ပါအုံး...လက်ထဲမှာအရုပ်တွေအပြည့်
ဘဲ...အားကျလိုက်တာရယ်...."
Jiyangသည် တစ်ဖြည်းဖြည်းနှင့် မျက်နှာနီမြန်းလာ
ကာ ပိုက်ထားသော အရုပ်တွေပေါ်သို့ မျက်နှာပုံအပ်
လိုက်သည်။ ဆိုင်ရှင်က
"အောင်မလေး...ငါတော့ မွဲပြီးလားမသိ..."
စိတ်ထဲ၌ရေရွတ်ရင်း မျက်နှာမသာမယာဖြစ်နေလေ
သည်။ Haoxuanက ပစ်မှတ်ထိပြီးသည်နှင့်
"ဦးလေး...ထပ်ထိပြန်ပြီး...လက်ဆောင်ရမယ်ဟုတ်"
"ကြိုက်တာထပ်ယူပါ..."
Haoxuanသည် poohရုပ်လေးကိုယူပြီး Jiyangကို
ပေးရန်အနောက်သို့လှည့်လိုက်ရာ လက်ထဲ၌အရုပ်တွေ ပြည့်ကြပ်နေသည်ကိုတွေ့သည်နှင့်
"အိုး...အဲ့လောက်တောင်များသွားပြီးလား...ဟဲဟဲ..
မသိလိုက်ဘူး...ကိုကို...ကိုကို...ဘာလို့မျက်နှာမဖော်
တာလဲ..အရုပ်တွေမကြိုက်လို့လား..."
"မ..မဟုတ်ဘူး...သွားရအောင်...နော်...လူတွေလာ
ကြည့်နေတယ်..."
Jiyangပြောသည့်နှင့် ဘေးပတ်လည်ကိုကြည့်မိလိုက်
ရာ သူများတွေရဲ့အားကျနေသော အကြည့်တွေကို
မြင်လိုက်ရာ Haoxuanက
"ကိုကို ရှက်နေတာလား..."
"တော်စမ်း...သွားမယ်..မြန်မြန်.."
Jiyangသည် စိတ်ဆိုးသယောင်ဖြင့် လူအုပ်ထဲတိုး
ကာ ပြေးထွက်သွားရာ Haoxuanလည်း အနောက်မှ
ထပ်ကြပ်မကွာလိုက်လေသည်။ အရုပ်တွေကို မသယ်
နိုင်တဲအဆုံး ခုံတန်းလေးတစ်ခုံပေါ်တွင် ထိုင်ကြရင်း
"ကိုကို...ဒီနှစ်တွေမှာ ဘယ်လိုနေခဲ့လဲ..ကျွန်တော့ကို
ရောသတိမရဘူးလား...လက်ထပ်ပြီးပြီးလား...ကိုကို့
ကိုစတွေ့ကတည်းက မေးချင်နေတာ..."
"အဲ့အကြောင်းတွေမပြောနဲ့တော့..."
"အာ့ဆိုတစ်ခူဘဲ မေးမယ်...ကိုကို ကျွန်တော့်အပေါ်
ဘယ်လိုခံစားရလဲ..."
Jiyangသည် မထင်မှတ်သောမေးခွန်းကြောင့် နှုတ်
ဆိတ်သွားလေသည်။ Haoxuanက ထပ်မေးရန်လုပ်ရာ လူကြီးတစ်ယောက်ရောက်လာပြီး
"အားနာပါတယ်ဗျာ...ကျွန်တော့သမီးကိုတစ်ချက်
လောက်ကြည့်ထားပေးပါလား..."
"ဗျာ..."
သူစိမ်းတစ်ယောက်ရဲ့ ကလေးအပ်နှံခြင်းခံရသောအခါ haoxuanသည် ကြောင်တိကြောင်တောင် ဖြစ်
သွားလေသည်။ ထိုလူကြီးက
"ကျွန်တော့မိန်းမ စိတ်ဆိုးသွားလို့ ဘယ်ရောက်သွား
မှန်းမသိတာနဲ့ လိုက်ရှာချင်ပေမဲ့ သမီးလေးမလိုက်နိုင်
မှာစိုးလို့...တစအချက်ခေါ်ထားပေးပါဗျာ...တောင်း
ဆိုပါတယ်..."
"ရ..ရပါတယ်..."
ထိုလူကြီးသည် ကလေးကိုအပ်ပြီးသည်နှင့် လူအုပ်
တွေကြားထဲတိုးဝှေ့ပျောက်ကွယ်သွားတော့သည်။
Haoxuanတို့နှစ်ယောက်သား ကလေးကိုအလယ်မှာ
ထားပြီး အချိန်တော်ကြာနှုတ်ဆိတ်နေရာမှ Jiyangက
မတ်တပ်ထပြီး
"ဒီမှာခဏစောင့်နေနော်...ကိုကို ရေခဲမုန့်သွားဝယ်
ပေးမယ်..."
"ဟုတ်..."
ကလေးမလေးသည် တုံဆိုင်းခြင်းမရှိ ပြန်ဖြေလေ
သည်။ Jiyang ရေခဲမုန့်ဝယ်ရန်ထွက်သွားသည်နှင့်
Haoxuanက ကလေးမလေးအား
"ဝေ့...မင်းကြောင့် ငါရဲ့လှပတဲ့ဒိတ်လေးပျက်စီး
သွားပြီးဆိုတာ သိလား..."
"မသိဘူး..."
"ဘာ.."
"သမီးအမြင်မှာတော့ ကိုကိုက တစ်ဖက်သက်ကြိတ်
ကြွေနေတာပါ.."
"ကြိတ်ကြွေနေတာမဟုတ်ဘူး...ပေါ်တင်ကြွေနေတာ
...သိလား..."
"ကိုကို သူ့ကိုဖက်နမ်းလိုက်.. "
"ဘာ..ဘာလုပ်ရမယ်..."
"နမ်းလိုက်..ပြီးရင် ကိုကို့ကို အဖြေမပေးခင်အထိ
မလွှတ်တမ်းဖက်ပြီး အဖြေတောင်း..."
"အဲ့လိုကြီးက မကောင်းပါဘူး...ငါ့ကိုအဖြေပေးမဲ့အ
စား ကန်ပါကန်ထုတ်အုံးမှာ..."
"အဲ့တာကိုကို့အတွေးလေ...ကိုကို စဉ်းစားကြည့်...
သူရဲ့နီရဲပြီးရှက်နေတဲ့ မျက်နှာလေး...နမ်းဖို့သွေး
ဆောင်နေတဲ့ သူရဲ့နှုတ်ခမ်း...ချွေးတွေဆို့နေတဲ့ သူ
ရဲ့လည်တိုင်လေး..အဲ့လိုမလိုချင်ဘူးလား.."
"လိုချင်တာပေါ့...နေ...နေပါအုံး...အဲ့တာတွေကို
ဘယ်လိုသိတာလဲ..."
"ဘာလို့လဲဆိုတော့...မေမေတို့ရန်ဖြစ်တဲအခါ အဲ့လို
လေး ဖေဖေကပြောပြီး ချော့တယ်...ပြီးတာနဲ့ သူတို့.ရန်ဖြစ်တဲ့အချိန်ကနေ နောက်တစ်နေ့မနက်အထိ
အခန်းထဲက မထွက်လာတော့ဘူး..."
"တော်တော်ဆိုးတဲ့ကလေး...အဲ့တာတွေကို ခိုးနားမ
ထောင်နဲ့လေ..."
"ခိုးနားထောင်တာမဟုတ်ပါဘူး....ဖေဖေတို့ပြောနေ
တာကိုက အကျယ်ကြီး...မကြားချင်ရင်တောင် နား
ပိတ်လို့မရပါဘူး..."
ထိုအချိန်မှာပင် ရေခဲမုန့်ဝယ်ပြီး ပြန်လာသော Jiyang
ကိုတွေ့သည်နှင့် Haoxuanသည် ကလေးမလေးပြော
သည်ကိုပြန်ကြားပြီး ရှက်နေလေသည်။ Jiyangက
ကလေးမလေးကို ရေခဲမုန့်ပေးပြီး Haoxuanကိုလည်း ရေခဲမုန့်ပေးလိုက်သည်။ ကလေးမလေးက Jiyang
အား
"ကိုကို သဘောကျတဲ့သူရှိလား..."
"အဟွတ်..အဟွတ်...ဘာ..ဘာ.."
Jiyangသည် အအေးသောက်ရင်းက သီးသွားလေ
သည်။
"ဘာ..ဘာလို့မေးတာလဲ..."
"ကိုကို သဘောကျတဲ့သူမရှိရင် သမီးကို ၁၅နှစ်ဘဲ
စောင့်...သမီးကိုကို့ကို လက်ထပ်မယ်..."
"ဘာ..."
Jiyangသည် အံ့ဪရင်း ဘာပြန်ပြောရမလဲမသိ
သည်နှင့် Haoxuanက ကြားဖြတ်ကာ
"နေ...နေ..အုံး...ဒီက ကိုကိုက လက်ထပ်မဲ့သူရှိပြီး
သား...အဲ့ကြောင့် ဖြေးဖြေးချင်းဘဲ အသက်ကြီးလာ
နော်..."
"အာ့ဆို လက်ထပ်မဲ့သူက ကိုကိုလား..."
ကလေးမလေးရဲ့ စကားတွေကြောင့် ဘာမှပြန်မပြော
နိုင်တော့ဘဲ အံ့ဪရင်းသာ ကြည့်နေရတော့သည်။
............
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်