Zawgyi
ညဘက် Haoxuanတို့အိပ်နေချိန်တွင် အဖေဖြစ်သူရဲ့
အတွင်းရေးမှူးသည် ကိုယ်ဝန်ဆောင်အတွက် လိုအပ်
သော ပစ္စည်းဖာများကို လူနှစ်ယောက်နှင့် အိမ်ရှေ့တံခါးပေါက်တွင် ချသွားခဲ့သည်။ ဖာတွေပေါ်၌
ရေးထားသည်မှာ
"Happy new year...."
ထိုစာသားရေးပြီးနောက် ပါလာသော လူနှစ်ယောက်
က အတွင်းရေးမှူးအား
"ဆရာ...ဒီလိုရေးတာအဆင်ပြေပါ့မလား.."
"နှစ်ကုန်ဖို့်က အများကြီးကျန်သေးတယ်မဟုတ်လား.."
"ရားး...သူဌေးပြောလိုက်တာမကြားဘူးလား..သူပို့
တာမသိစေနဲ့တဲ့..."
"ဒါမဲ့လည်း တခြားစာတွေရေးလို့ရနေသေးတာဘဲ"
"ဆိုစမ်းပါအုံး..."
"ပြောပြမယ်..နားထောင်...အဟမ်းဟမ်း...ချစ်လှစွာ
တူလေး Haoxuan.. .ဒေါ်လေး တူလေးရဲ့မိန်းမအ
တွက် ကိုယ်ဝန်ဆောင်အတွက်လိုအပ်တာတွေထည့်
ပေးလိုက်တယ်...ကောင်းကောင်းသုံးနော်..."
"ဟ...ရူးနေလား...Haoxuanမှာ အဒေါ်မရှိဘူး.....
အဘွားဘဲရှိတယ်..."
"ဒါဆိုလည်း အဘွားလို့ပြောင်းရေးလိုက်ပေါ့ဗျ..."
"အဘွားက သိမလားကွ...ရွာမှာအေးဆေးနေနေတဲ့
စာကို..."
"ဟာ...သိတော့ဘူးဗျာ..."
"ငါထုမိတော့မယ်..."
အပြင်မှာ သုံးယောက်သားစကားများနေချိန်တွင် အထဲ၌အိပ်နေသော Jiyangတို့နှစ်ယောက်နိုးလာပြီး
"အပြင်မှာ ဘာတွေဖြစ်နေတာလဲမသိ..."
"ဟိုဘက်အိမ်က ရန်ဖြစ်နေတာဖြစ်မှာပေါ့ဗျ...လာလာပြန်အိပ်ရအောင်...ကိုကိုက များများအိပ်ဖို့လို
တယ်လေ..."
"မဟုတ်ဘူးထင်တယ်နော်...အခန်းကိုယ်စီက အသံ
လုံပါတယ်ကွ..အိမ်ရှေ့ကထင်တယ်..လာ..သွား
ကြည့်ရအောင်..."
Jiyangတို့လည်း စပ်စုချင်စိတ်နှင့်အပြင်သို့ထွက်လာ
တော့သည်။ ထိုအချိန်ထိ အပြင်က၃ယောက်သားငြင်း
လို့မပြီးသေးချေ။ Jiyangတို့အိပ်ခန်းထဲမှအပြင်ထွက်
လာပြီး မီးဖွင့်လိုက်သည်ကို အပြင်ပြတင်းပေါက်မှမြင်
သော ၃ယောက်သား ယောက်ယက်ခက်ကုန်ကာ ဟို
ဘက်ပြေးရမလိုဒီဘက်ပြေးရမလိုနဲ့ အချင်းချင်းတိုက်မိကုန်သည်။ Jiyangလည်း တံခါးဖွင့်လိုက်ရာ ၃
ယောက်သားလေရဲ့အရှိန်ပျောက်ကွယ်သွားပြီး ဖာ
တွေသာကျန်ခဲ့တော့သည်။ Haoxuanက
"ဘယ်ကဖာတွေလဲ..."
"စာရေးထားတယ်...ဖတ်ကြည့်.."
"အင်း..."
ရေးထားသောစာကိုဖတ်ကြည့်ပြီးနောက် Haoxuanက
"နှစ်သစ်....နှစ်သစ်ကအကြာကြီးလိုသေးတာမဟူတ်
လား..."
"ဘာတွေပါလဲဖွင့်ကြည့်..."
Haoxuanက ဖွင့်ဖို့လက်ရောက်သွားပြီးနောက် စဉ်းစားမိကာ လက်ကိုပြန်ရုတ်လျက်
"ကိုကို...တော်ကြာဗုံးတွေဘာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ..."
"ဖြစ်စရာလားကွ...ဖွင့်သာဖွင့်ကြည့်စမ်းပါ..."
ဖွင့်ဖို့လက်ရောက်သွားပြန် ပြန်ရုတ်လိုက်ပြန်
"ကိုကို...ငွေမဲတွေဖြစ်နေရင်ဘယ်လိုလုပ်မလဲ..."
"ဟမ်..."
"ရုပ်ရှင်ထဲမှာလဲတွေ့ရတယ်မဟုတ်လား...သူတို့မသ
မာမှုပေါ်သွားမှာကြောက်လို့ အိမ်တွေရှေ့မှာ လိုက်ချ
ပေးပြီး ရှောင်သွားကြတာလေ..."
"ဟေ့ကောင်...ရုပ်ရှင်ကြည့်တာလည်းလျော့...ဖယ်..
မင်းမဖွင့်ရင် ငါဖွင့်မယ်..."
"ဟုတ်ပါပြီး..ဟုတ်ပါပြီး...ကျွန်...ကျွန်တော်ဖွင့်
မယ်..."
Haoxuan လည်းတုန်ရင်သောလက်များဖြင့် ဖွင့်
ကြည့်လိုက်ရာ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်
သော ပစ္စည်းများဖြစ်ရာ Jiyangသည် Haoxuan
အား စိတ်လေပါတယ်ဆိုတဲ့အကြည့်ဖြင့်ကြည့်ကာ
"ဘယ်မှာလဲ ဗုံး...ဘယ်မှာလဲငွေမဲ..."
"အယ်...ဟဲဟဲ...ကျွန်တော်လည်း ဖြစ်နိုင်တာကို
စဉ်းစားလိုက်တာပါ.."
"ဘာမှထပ်မပြောနဲ့တော့..သယ်ခဲ့..."
Haoxuanသည် ဖာများကိုအထဲသို့မလာခဲ့ပြီးတစ်ခု
ချင်းစီထုတ်ကြည့်ကြသည်။ Jiyangက
"ဘယ်သူကများ ဒီလောက်အများကြီးကို ပို့လိုက်တာ
တုန်း...ကြည့်အုံး...ပုံပြင်စာအုပ်တစ်ထပ်ကြီး..."
"အဲ့တာတွေတောင်မကဘူး...ဗိုက်ဖုံးအင်္ကျီတွေ
တောင်ပါသေး...ရှပ်အင်္ကျီကိုဘဲ ကြီးအောင်ချုပ်ထား
တာ..."
"ဘယ်သူဖြစ်နိုင်မလဲ...မဟုတ်မှ..."
"ကိုကိုလည်း ကျွန်တော့်လိုတွေးမိတယ်မဟုတ်
လား..."
"ဖြစ်နိုင်ပါ့မလားကွာ...ငါတို့ကိုသဘောတူတာမှမ
ဟုတ်တာ..."
"ဟုတ်တယ်..ထားလိုက်ပါ...လာလာ...ပြန်အိပ်ရ
အောင်..."
"အင်း.."
Jiyangတို့သည် ထိုဖာနှစ်ဖာကို ဧည့်ခန်းထဲ၌ထား
သွားပြီးနောက် ပြန်အိပ်သွားကြလေသည်။
၆လကြာပြီးနောက် Jiyangရဲ့ဗိုက်မှာလည်း ပူထွက်
လာခဲ့သည်။ အမြွှာဆိုတော့ Jiyangမှာပိုစား ပိုအိပ်
အထဲကကန်ရင်လည်း Jiyangခမျာ နာကျင်ရလေ
သည်။ ညရောက်သော် Haoxuanက Jiyangရဲ့ဗိုက်
လေးကို ပွတ်သပ်ရင်း စကားပြောပေးနေသည်။ တစ်
ဖက်၌ ကိုယ်ဝန်ရင့်လာလေ စိုးရိမ်စိတ်မြင့်တတ်လာ
သော Haoxuanရဲ့အဖေသည် Jiyangတို့ကိုပြန်ခေါ်.ရန်စဉ်းစားလေသည်။ သူပြောထားသည့်စကား
ကြောင့် ခေါ်ရန်မဝံ့မရဲဖြစ်နေသည်။ အတွင်းရေးမှူးက
"သူဌေး...သခင်လေးတို့ကိုပြန်မခေါ်တော့ဘူးလား.."
"ခေါ်ချင်တာမှ တစ်ပိုင်းကိုသေလို့...ငါ့သားရဲ့လက်ထဲ
မှာ ကိုယ်ဝန်ဆောင်ကိုအပ်ထားရတာ လုံးဝကိုစိတ်မချ
ချင်ဘူးကွ..."
"ဘာလို့လဲဗျ..."
"Haoxuan က ဘယ်လောက်တောင် စပ်စလူးထ
လည်းဆိုတာ ငါတို့သိတဲ့အတိုင်းဘဲ...တောင်လုပ်ဆို
မြောက်လုပ်တဲ့ကောင်လေ...ပြီးတော့ ဗိုက်ကိုလည်း
ဖြည်းဖြည်းချင်းပွတ်ပေးရမှာကို ပွတ်ပေးရဲလားမသိ
....အစာရော ပုံမှန်စားရရဲ့လားမသိ..."
Haoxuanရဲ့အဖေ စိတ်မချမ်းမသာဖြစ်နေသည်ကို
တွေ့ရာ အတွင်းရေးမှူးလည်း ဘာလုပ်ရမယ်မှန်းမသိ
တော့ချေ။ အတွင်းရေးမှူးက လာရင်းကိစ္စကိုသတိရ
သြားပြီး
"သူဌေး...ပြောစရာရှိပါတယ်..."
"ပြော.."
"သတင်းထောက်တွေက သခင်လေးရဲ့ချစ်သူကိုဘယ်သူဆိုတာ သိရဖို့အသည်းအသန်လိုက်နေကြပါတယ်..
စိုးရိမ်တာက Jiyangမှန်းသိသွားရင်...."
"ဘာကိုစိုးရိမ်နေလဲသိပြီး...မင်းက ငါ့ကိုယ်စားသွား
ပြီး Jiyangကို ငါ့ဆီလာခဲ့ဖို့ ပြောလိုက်ပါ..."
"ဟုတ်ကဲ့..."
အတွင်းရေးမှူးလည်း သူဌေးရဲ့စကားအတိုင်း Jiyang
ရှိရာသို့သွားပြီး သွားရောက်ဖိတ်ကြားလေသည်။ တံ
ခါးလာဖွင့်သော Jiyangက
"ဦးလေးက ဖိတ်တာလား..."
"ဟုတ်ကဲ့..."
"ဒါမဲ့...သွားဖို့က..."
"စိတ်မပူပါနဲ့..ကျွန်တော်တို့ကူညီပါ့မယ်..."
"ဒါဆိုလည်း..."
Jiyangသည် သွားရန်အတွက် လွယ်အိတ်တစ်လုံးကို
ယူပြီး အတွင်းရေးမှူးကိုပေးပြီး အဖေရှိရာသို့ထွက်လာကြသည်။
..........
အဖေက ဘာပြောမယ်ထင်လဲဟင်...
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်