Part-1
3.1K 140 0
Zawgyi
"​ဟေ့...ငယ်​ချင်း..မြန်​မြန်​ဆင်းခဲ့..ဆရာမ မိသွားအုံးမယ်​..."
"​အေးပါ...လွယ်​အိတ်​အရင်​ဖမ်း..."
ကျောင်း​နောက်​ကျ၍ ​ကျောင်းထဲအုတ်​တံတိုင်း​မှ ခုံ​ကျော်​ကာ ​ကျောင်းထဲသို့ ခုန်​ဝင်​ကြသည်။ အုတ်​တံတိုင်း​ပေါ်တွင်​ ​နောက်​ဆုံးကျန်​တဲ့​ကျောင်းသားတစ်​​ယောက်​သည်​ အ​ပေါ်မှ လှပစွာခုံဆင်းခဲ့သည်​။
နက်​ကတိုင်​အကြားက မ​သေမသပ်​​၊ ​ခေါက်​တင်​ထား​သော ​ကျောင်းကုတ်​အမဲနှင့်​ ​ကျောင်း​ဘောင်းဘီကို
ဒူးဖုံး​လောက်​ထိ​ခေါက်​တင်​ထားသူမှာ ဒီဇာတ်​လမ်း​လေးရဲ့ ဇာတ်​​ကောင်​ Haoxuan(seme)​လေး​ပေါ့
နော်​...သူငယ်​ချင်းတစ်​စု ​ကျောင်းထဲသို့ခိုးဝင်​ပြီး ​ကျောင်းစာသင်​ခန်းထဲသို့ ​ပြေးဝင်​ကြသည်​။ အတန်းထဲ​ရောက်​​သောအခါ haoxuan အ​ရှေ့တွင်​ ထိုင်​​သောငယ်​ချင်းတစ်​​ယောက်​က
"ဒီ​နေ့​လည်း ​နောက်​ကျပြန်ပြီးလား..."
"​ကျောင်းဂိတ်​မှာ ​စောင့်​​နေတဲ့ဆရာ​ကြောင့်​ ထုံးစံအတိုင်း ​ကျော်​တတ်​ခဲ့တာ​လေကွာ...​မောလိုက်​တာ..ဆရာမဝင်​​သေးဘူးဟုတ်​..."
"အင်းးး...engဆရာက ​ဆေးရုံတတ်​​နေရလို့ ဆရာတစ်​​ယောက်​က အစားဝင်​မယ်​​ပြောတယ်​...စည်းကမ်းကြပ်​မယ်​​ပြောတယ်​...အတန်းပိုင်​လည်း လုပ်​မယ်​တဲ့..ငါတို့​တော့​သေပြီးလား မသိ..."
"မ​သေပါဘူးကွာ...."
"မင်းက​တော့ အဆင်​​ပြေတာ​ပေါ့...မင်းကို ဘယ်​ဆရာမှ မဆူရဲဘူး...မင်းကချမ်းသာတာကိုး..."
"ထားပါကွာ..ငါအိပ်​​တော့မယ်​..."
"အင်း...လုပ်​ငန်း..လုပ်​ငန်း...မင်း ​ကျောင်းကိုလာတာ အိပ်​ဖို့ဘဲလား.."
Haoxuanသည်​ ဘာမှမ​ပြောဘဲ စားပွဲ​ပေါ်လက်​တင်​ပြီး ​ခေါင်းကို ​မှောက်​ချလိုက်​​လေသည်​။ ထိုအချိန်​မှာမျက်​မှန်​​လေးနဲ့ ဆရာဖြစ်​သူဝင်​လာ​လေသည်​။ ဆရာက
"မင်္ဂလာပါ...ဆရာက engဆရာအစားဝင်​သင်​​ပေးမဲ့ဆရာ Jiyangပါ...​တွေ့ရတာဝမ်းသာပါတယ်​..."
Jiyangဆိုသည့်​နာမည်​ကြားသည်​နှင့်​ Haoxuanရဲ့
ခေါင်းသည်​ ချက်​ချင်း​မော့လာ​လေသည်​။Jiyangက​တော့ဒီဇာတ်​လမ်း​လေးရဲ့ uke​လေး​..ဆရာ​လေး​ပေါ့​နော့.. ​ကျောင်းသားနာမည်​ကို တစ်​​ယောက်​ချင်း​​ခေါ်​နေ​သောဆရာ​လေးမှာ အဖြူဝတ်​စုံ​လေးနဲ့
ကျောင်းသားနာမည်​​ခေါ်ရင်း လိုက်​ကြည့်​​နေရင်းက
Haoxuanဆီသို့ အကြည့်​​ရောက်​သွား​ရောက်​သွားပြီး
"ဟို..​ကျောင်းသား.. ..​ကျောင်းဝတ်​စုံကို သပ်​သပ်​ရပ်
ရပ်​ဝတ်​​ပေးပါ..."
"ကျွန်​​တော်​မဝတ်တတ်​ဘူး​ဗျ...ဆရာဝတ်​​ပေးရင်
တော့ ဝတ်​တတ်​မှာပါ..."
တခြား​ကျောင်းသားများ ဝိုင်းရယ်​ကြရာ
"တိတ်​စမ်း....မင်းပြီးရင်​ ငါ့ရုံခန်းလာခဲ့..."
"ဆရာ့ ဆန္ဒအတိုင်းပါ...ဟိဟိ..."
"စာမျက်​နှာ 39ကို ဖွင့်​..."
ဆရာဖြစ်​သူက စာစသင်​​လေသည်​။ Haoxuanသည်
စာကိုလုံးဝမကြည့်​ဘဲ ဆရာ့ကိုသာ လက်​​ထောက်​ပြီး
စိုက်​ကြည့်​​နေ​လေသည်​။ Jiyangသည်​ စိုက်​ကြည့်​​နေ
သည့်​ ဒဏ်​ကို မခံနိုင်​​တော့ဘဲ
"​တော်​ပြီး...ဒီ​နေ့သင်​ထားတဲ့စာ​တွေကို မနက်​ဖြန်
မေး​ဖြေ​တွေ ​ဖြေလာခဲ့...မနက်​ဖန်​ အ​ဖြေတိုက်​မယ်​..
ဒီ​လောက်​ပါဘဲ...ခုနက ဆရာ​ခေါ်ထားတဲ့​ကျောင်း
သား ရုံးခန်းကို လာခဲ့..."
Jiyangသည်​ အခန်းထဲမှ ထွက်​သွားသည်​နှင့်​ Haoxuanလည်း ​အ​နောက်​မှ ​ဘောင်းဘီအိတ်​ကပ်​ထဲ
လက်​ထည့်​ကာ ရွဲ့ပြုံးပြုံးပြီး လိုက်​သွား​လေသည်​။
ဘယ်​သူမှ မရှိ​သည့်​ စင်္ကြန်​လမ်းကို​လျှောက်​ရင်း ဆရာ
က ဆရာများနားရာ ရုံးခန်းကို ဖွင့်​ရန်​လုပ်​ရာ Haoxuanသည်​ အ​နောက်​မှ လက်​ကိုင်​ဘုကို လှမ်း
ကိုင်​ရင်း
"ဘယ်​ချိန်​ထဲက ပြန်​​ရောက်​​နေတာလဲ...ဘာလို့ကျွန်
တော့ကို မ​ပြောတာလဲ..ကျွန်​​တော်​ အကို့ကိုဘယ်
လောက်​သတိရ​နေလဲသိလား....ကိုကိုJiyang.."
"Haoxuan...အရင်​က ​အေး​ဆေးပြီး ချစ်​ဖို့​ကောင်း
တဲ့​ကောင်​​လေး ဘယ်​​ရောက်​သွားတာလဲ..."
"ကျွန်​​တော်​ဒီမှာရပ်​​နေတယ်​​လေ..."
"ငါအရင်​က သိတဲ့က​လေးက ဒီလိုမဆိုးသွမ်း​နေဘူး"
"​တော်​ပါ​တော့..ကျွန်​​တော်​က က​လေးမဟုတ်​​တော့
ဘူး....ကျွန်​​တော့ကိုက​လေးလို့ ​တွေး​နေတာရပ်​​တော့
ကျွန်​​တော်​က လူကြီးဖြစ်​​နေပြီး. ."
"17နှစ်အရွယ်​က က​လေးဘဲ..."
"တစ်​​နေ့ ကိုကိုကျွန်​​တော့ကို ချစ်​လာ​စေရမယ်​..."
Haoxuanသည်​ စိတ်​ဆိုးစွာ​ပြောပြီး​နောက်​ ထွက်
သွား​တော့သည်​။ Jiyangက​တော့ တံခါးကိုမျက်​နှာ
မူရင်း ကျန်​ခဲ့​တော့သည်​။ အတန်းထဲပြန်​​ရောက်​လာ
သော Haoxuanသည်​ သူ့စားပွဲတွင်​ ထိုင်​ရင်းအရင်
ကအ​ကြောင်း​တွေကို ပြန်​စဉ်းစား​လေသည်​။
လွန်​ခဲ့​သော ၁၀ခန့်​က
Haoxuanက ၇နှစ်​၊ Jiyangက ၁၀နှစ်
၁၀နှစ်​အရွယ်​ Jiyangသည်​ Haoxuanတို့အိမ်​​တော်
ကို စ​ရောက်​လာချိန်​​လေးဖြစ်​သည်​။ Haoxuanရဲ့အ
ဖေက ယဥ်​​ကျေးသိမ်​​မွေ့သည်​ Jiyangကို အိမ်​ကို​ခေါ်
လာပြီး အထီးကျန်​​နေ​သော Haoxuanကို အ​ဖော်​ပြု
စေသည်​။ Haoxuanက ငယ်​ငယ်​​လေးကတည်းက
အ​မေဖြစ်​သူရဲ့ စွန့်​ပစ်​ခြင်းကိုခံရ​သော​ကြောင့်​ ​နေ
တိုင်း ပြတင်း​ပေါက်​ကိုသာ ထိုင်​ကြည့်​​နေ​လေသည်​။
အ​မေဖြစ်​သူပြန်​လာမလား ​မျှော်​လင့်​ချက်​​လေးနဲ့​ပေါ့
Jiyangက ပြတင်း​ပေါက်​ကို​ငေးကြည့်​​နေ​သော ၇နှစ်
အရွယ်​ Haoxuanအနားသို့ ချည်းကပ်​သွားပြီး
"​ဟေး..."
Jiyangအသံကြားသည်​နှင့်​ Haoxuanသည်​ လှည့်
ကြည့်​ပြီး
"ကိုကို...​မေ​မေဘယ်​​တော့ပြန်​လာမှာလဲဟင်​..."
"အ​မေကလား...အင်​...ညီ​လေးက ​ကောင်း​ကောင်း
စား၊ ​နေ​ကောင်း​အောင်​​နေ၊ စာ​တော်​​အောင်​လုပ်​၊
အ​ဖေစကားနား​ထောင်​ရင်​ ​မေ​မေက ပြန်​လာမှာ"
"တဂယ်​လား..."
"တဂယ်​​ပေါ့...လာ...ထမင်းအရင်​စား...ထမင်းကို
ကုန်​​အောင်​စားပြီး ​ကျောင်းသွားဖို့ပြင်​ရ​အောင်​.."
"ကျွန်​​တော်​​ကျောင်းမသွားတာအရမ်းကြာ​နေပြီး...
ပြီး​တော့ ​ကျောင်းက သူငယ်​ချင်း​တွေက ကျွန်​​တော်​မှာ
အ​မေမရှိဘူးဆိုပြီး​တော့ အနိုင်​ကျင့်​​၊ အတင်း​ပြောကြ
လိမ့်​မယ်​..."
"မ​ကြောက်​နဲ့..ကိုကိုရှိတယ်​..ကိုကိုကာကွယ်​​ပေး
မယ်​..."
"ကိုကိုက အမြဲတမ်းကျွန်​​တော့အနားမှာ ​နေ​မှာလား..
အ​မေ့လိုမျိုး မစွန့်​ပစ်​သွားဖူးမဟုတ်​လား..."
"ကိုကို ဂတိ​ပေးတယ်​...ကိုကိုနဲ့ ညီ​လေးဘယ်​​တော့မှ
မခွဲ​ကြေး...လက်​သန်းဂတိ..."
"အင်း..."
အရယ်​အပြုံးလုံးဝမရှိ​သော Haoxuanသည်​ Jiyang
ကြောင့်​ ပထမဆုံးပြုံးလာခဲ့သည်​။
........