Zawgyi
Haoxaun သည် အပြင်သို့ပြေးထွက်ပြီး Jiyangအား
ပြေးရှာလေသည်။ သူရဲ့ခြေလှမ်းများသည် ပန်းခြံထဲ
သို့ရောက်သွားခဲ့ပြီး ဒန်းပေါ်တွင် ထိုင်ရင်း အတွေးတွေ
ထဲနစ်မြောနေသော Jiyangအား တွေ့သွားလေသည်။
Jiyangသည် ဒန်းလေးပေါ်တွင် ဒူးပေါ်သို့မျက်နှာလေး
တင်ရင်း ပန်းတွေကိုငေးကြည့်နေသည်။ Haoxuan
သည် Jiyangအနားသို့ ကပ်သွားပြီး
"ကိုကို...."
"ဟမ်...မင်း...မင်းဒီကိုဘာလာလုပ်တာလဲ...ဒီချိန်ဆို
မင်းရဲ့သတိုသမီးလောင်းနဲ့ ရှိနေရမဲ့အချိန်မဟုတ်လား
..ပြီးတော့ မင်းရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ မင်းမရှိလို့
ဘယ်ဖြစ်မလဲ..."
"ကျွန်တော့အတွက်မွေးနေ့ကတော့ ကိုကိုရှိမှပြည့်စုံ
မှာပါ..."
"တော်တော့...ငါ့ကိုနှစ်သိမ့်မနေနဲ့..."
"ဒါနဲ့...ကိုကို ကျွန်တော့ကို သဝန်တိုနေတာလား.."
"ဘယ်...ဘယ်သူက ..သတို...ဝန်နေ..နေ...လို့လဲ.."
Jiyangသည် စကားထစ်စွာပြောပြီး မျက်နှာကြီးရဲ
တတ်လာလေသည်။ Haoxuan က
"ကိုကိုသိလား...ကိုကို လိမ်တဲ့ချိန်ဆိုရင် ကိုကို့ စကား
တွေထစ်သွားတယ်ဆိုတာလေ..."
"ဘယ်...ဘယ်သူက...လိမ်နေလို့လဲ..."
"ဟာ...ကိုကိုကလည်း ဆိုးမနေပါနဲ့တော့...ကိုကို..
ကျွန်တော့အပေါ်မရိုးသားဘူးဆိုတာ ကျွန်တော်သိ
တယ်နော်..."
Haoxuan သည်ပြောရင်းဆိုရင်းနဲ့ Jiyangကို လက်
နှစ်ဖက်နဲ့တင်းကြပ်စွာဖက်လိုက်သည်။ Jiyangက
အတင်းရုန်းထွက်ကာ
"လွှတ်...ငါ့ကိုလွှတ်..."
"ကိုကို...သိလား...ကျွန်တော်ငယ်ငယ်ကတည်းက
ကိုကိုကို...ကျွန်တော်..."
"တော်...ထပ်မပြောနဲ့တော့..."
"ဒါမဲ့..."
"ရှန့်ရှန့်...နားထောင်...ငါတို့နှစ်ယောက်လုံးက
ယောက်ျားလေးတွေ...အဲ့တော့..."
"အဲ့တော့ ဘာဖြစ်လဲ.. ..အချင်းချင်းသဘောကျနေ
ရင် ပြီးရောလေ..."
"မဖြစ်နိုင်ဘူး..."
"မဟုတ်မှလွဲရော..အဖေ့ကြောင့်လား....."
"......"
Jiyangသည် ဘာစကားမှထပ်မပြောတော့ဘဲ...Haoxaun ရဲ့လက်ထဲမှ ရုန်းထွက်လေသည်။
ရုန်းထွက်ပြီး ပြေးရန်လုပ်ပေးမဲ့လည်း Haoxaun
သည် အနောက်မှလှမ်းဖက်ထားလေသည်။ Haoxuan ရဲ့လက်ထဲမှ ရုန်းထွက်ရန်လုပ်ပေမဲ့လည်း
Haoxuan သည် အားအကုန်သုံးပြီး Jiyangရဲ့ကျော
ကိုမှီပြီးဖက်ထားလေသည်။ Jiyangလည်း လက်
လျော့ကာ မျက်ရည်များစို့လာပြီး
"ငါပြန်မလာခဲ့ရင် ကောင်းသား...မဟုတ်ဘူး..အစ
ကတည်းကငါတို့မတွေ့ခဲ့ရင် ကောင်းမှာ...အဲ့ဒါဆို ငါ
တို့နှစ်ယောက်လုံးလည်း မခံစားရတော့ဘူး..."
"နေ...နေပါအုံး...အဲ့သဘောက..."
"ဟုတ်တယ်...ငါမင်းကိုသဘောကျတယ်...ငါမင်း
ကိုချစ်တယ်..."
"နောက်တစ်ခေါက်လောက်ပြောပါအုံး.. "
"ထပ်ပြောတော့ရော...ငါတို့အဆင်ပြေမယ်ထင်လား
...ငါတို့လူတွေကြားထဲမှာ လက်လည်းတွဲမသွားနိုင်
ဘူး..နမ်းလည်းမနမ်းနိုင်ဘူး..."
"ကျွန်တော်တို့ ထွက်ပြေးကြရအောင်..."
"ဘာ..."
"ကျွန်တော်တို့ထွက်ပြေးကြမယ်...ဘယ်သူမှမရှိတဲ့
နေရာ..."
"ငါအဲ့လို သတ္တိမကြောင်ချင်ဘူး..."
"ကျွန်တော့ကိုဘဲ ကြည့်နေပေးပါ..ကျွန်တော်တို့တွဲ
နေတာကို လူတွေသိသွားတဲ့အခါကြရင် ကိုကို့ရှေ့က
နေကျွန်တော် မားမားမတ်မတ်ရပ်တည်ပေးမယ်..
ကိုကိုသာ ကျွန်တော့ကိုကြည့်နေပေးရင် ရပြီး..."
ထိုစကားကြားပြီးနောက် Jiyangရဲ့စိတ်ထဲတွင် ပူ
ပန်နေတာတွေ ပြေပျောက်သွားလေသည်။ Jiyang
လည်း ငြိမ်ကျသွားသည်နှင့် Haoxuanသည် Jiyang
ရဲ့မေးစေ့ကို သူ့ဘက်သို့ဖြေးဖြေးချင်းလှည့်ပြီး နူးညံ့
စွာအကြင်နာပေးလိုက်လေသည်။ အကြင်နာပေးနေ
စဉ် Jiyangရဲ့မျက်လုံးထဲမှ မျက်ရည်စများကြွေကျ
လာလေသည်။ ထို့နှင့် သူတို့နှစ်ယောက်လည်း ချစ်သူ
ရည်းစားအဆင့်သို့တိုးတတ်သွားခဲ့သည်။ မကြာခင်မှာ
ဘဲ နှစ်ယောက်လုံးပွဲထဲသို့ တစ်ယောက်နဲ့တစ်ယောက်
ရယ်မောကာ ပြန်ရောက်လာကြသည်။ Haoxuanက
"ကိုကို...ဟိုမှာ ကိုကိုအကြိုက် အချိုရည်တွေရှိတယ်
...သောက်နှင့်နော်...ကျွန်တော်လာခဲ့မယ်..."
"အင်း..."
Jiyangသည် တောက်ပစွာပြုံးပြီး မုန့်တွေရှိရာသို့
သွားလေသည်။ Haoxuanရဲ့အဖေက ရောက်လာ
ပြီး
"ခုနက သူနဲ့ဘာတွေပြောနေလို့ အဲ့လောက်ထိရယ်
မောပြီး ရင်းနှီးနေကြတာလဲ..."
"အဖေကလည်း ကျွန်တော့တို့နှစ်ယောက်က ငယ်ငယ်
ကတည်းက ဒီလိုဘဲရင်းနှီးကြတာဘဲ...ဒီနေ့တော့ ဆ
ရာအနေနဲ့မဟုတ်ဘဲ ကိုကိုတစ်ယောက်အနေနဲ့ မြင်ချင်
လို့ပါ..."
"ဟူး...ထားပါတော့...အခု ကပွဲစနေပြီး An rinကို
ခေါ်ပြီး ကပွဲထဲဝင်တော့..."
"ဟုတ်ကဲ့ပါဗျာ..."
Haoxuanသည် ပြုံးစိပြုံးစိနဲ့ လမ်းလျှောက်သွားပြီး
An rinကို ကပွဲထဲဝင်ရန်လက်ကမ်းလေသသည်။
An rinသည် ဘဝင်လေဟက်သည့်မျက်နှာနှင့် မျက်
နှာမော့ကာ လက်ပြန်ကမ်းရင်း ကပွဲထဲဝင်ကြလေ
သည်။ Haoxuanသည် ကသာကနေတာ မျက်လုံးထဲ
၌ An rinကိုမမြင်ဘဲ သူ့ချစ်ချစ် Jiyangကိုသာ မြင်
လေသည်။ An rinကတော့
"ဟက်...ငါ့ရဲ့အလှထဲမှာ မြောသွားပြီးကိုး...ငါပြော
သားဘဲ နင်ကငါ့ရဲ့အပိုင်ဖြစ်ရမယ်ဆိုတာ..."(ဘဝင်
လေဟက်နေတာ...ပြောကိုမပြောချင်ဘူး..😒😒)
စိတ်ထဲ၌ ရေရွတ်နေသည်။ An rinက
"ငါ့မှာ နင့်အတွက်လက်ဆောင်ပါတယ်...မှန်းကြည့်ပါ
လား...ဟင်?"
"ခန့်မှန်းနေရအောင် ငါအားနေတာမဟုတ်ဘူး..."
"ဟာ...နင်ကလည်း ...ညလယ်ကျရင် နင့်အခန်းထဲမှာလက်ဆောင်ရောက်နေလိမ့်မယ်..."
An rinရဲ့စကားကြောင့် Haoxuanသည် သူမမျက်
လုံးထဲသေချာကြည့်လိုက်သည်။ သူမ အကြံကိုသိနေ
သလိုလိုဖြစ်ကာ ခေါင်းညိတ်လိုက်သည်။ မုန့်စားနေ
သော Jiyangအနားသို့ Haoxuanရဲ့အဖေကပ်သွား
ပြီး
"သူတို့နှစ်ယောက်က လိုက်တယ်မဟုတ်လား..."
"အာ...ဟုတ်..."
"သူတို့နှစ်ယောက်ကို ကျောင်းပြီးရင် စေ့စပ်ပေးဖို့လုပ်
ထားတာ အဲ့နေ့ကျရင် မင်းလည်းတတ်ရမယ်နော်..."
"ဟုတ်..."
Haoxuanရဲ့အဖေသည် စကားပြောရင်း Jiyangရဲ့
မျက်နှာကိုကြည့်လိုက်သည်။ Jiyangရဲ့ဝမ်းနည်းသွား
သည့်မျက်နှာကို မြင်လိုက်ရာ
"Jiyang...ဒီညဒီမှာနေသွားပါလား..မင်းရဲ့အခန်းကို
အခုထိ ထားထားတုန်းဘဲ..."
"ဟုတ်..."
Jiyangသည် ပြောသမျှအားလုံး ခေါင်းညိတ်ရင်းနေ
နေတော့သည်။ Jiyangသည် Haoxuanရဲ့အဖေနဲ့
စကားပြောနေစဉ် တုန်လှုပ်နေ၏။ ညလယ်ပိုင်းသို့
ရောက်သောအခါ Haoxuanရဲ့မွေးနေ့ကိတ်လှီးဖို့အ
ချိန်ကျရောက်လာသည်။ ကိတ်၃ထပ်နှင့် ခရင်များ
ထည့်ထားသော လှပသည့်ကိတ်သည် ခန်းမအလယ်
သို့ရောက်လာသည်။ Haoxuanသည် ၁၈နှစ်ပြည့်အ
တွက် လုပ်ထားသော ကိတ်ကိုအလယ်မှခွဲချပြီး ဂုဏ်
ပြုကြလေသည်။ မွေးနေ့ပွဲပြီးနောက် Jiyangသည်
သူရဲ့ငယ်ငယ်ကနေခဲ့သော အခန်းထဲသို့ဝင်ကြည့်
လိုက်သည်။ Haoxuanရဲ့အဖေပြောသည့်အတိုင်း
Jiyangထွက်သွားသည့်အချိန်မှစ၍ ပစ္စည်းများဒီအ
တိုင်းသာ ရှိနေသည်။ စားပွဲပေါ်မှ သူရဲ့ ဒိုင်ယာရီစာ
အုပ်မှာ ဒီအတိုင်းသာ ရှိနေသည်။ Jiyangသည် လေး
လံသောခြေလှမ်းများလှမ်းကာ ကုတင်ပေါ်သို့ ကိုယ်ကိုပစ်တင်ပြီး အိပ်ချလိုက်သည်။ ထို့နောက်မျက်လုံး
များစင်းကာ အိပ်ပျော်သွားတော့သည်။ An rin
သည် Haoxuanရဲ့အခန်းထဲသို့ ခိုးဝင်သွားပြီး
ဟိုဖော်ဒီဖော်အဝတ်နှင့် ပါးလွှာသောအဝတ်များ ဝတ်
ဆင်ကာ ကုတင်ပေါ်၌ sexyကျစွာ.လှဲနေသည်။
"ဒီည နင်ငါ့ရဲ့အပိုင်ဖြစ်ကို ဖြစ်စေရမယ်..."
ပိုင်စိုးပိုင်းနှင်းနဲ့ ပြောနေသည်။ Haoxuanသည် သူ
အခန်းသို့လျှောက်လာပြီး တံခါးဖွင့်ရန်လက်လှမ်း
လိုက်သည်။ ဖွင့်ရန်လုပ်ပေမဲ့လည်း An rinရဲ့စကား
ကိုပြန်ကြားမိလေသည်။
"ငါ့အတွက်လက်ဆောင်ဆိုပါလား..."
Haoxuanသည် မသင်္ကာသည်နှင့် တံခါးကိုအသာလေး ဖွင့်ကာ ချောင်းကြည့်လိုက်ရာ An rinရဲ့ဝတ်စားပုံကိုကြည့်ပြီး အံ့ဪသွားလေသည်။ Haoxuanက
"အော်...ဒါလား...ငါ့အတွက်လက်ဆောင်...သူ့ဆီက
လက်ဆောင်မယူဘဲ ကိုကို့ဆီကဘဲ ယူတော့မယ်..ဟီးဟီး..."
Jiyangဆီက လက်ဆောင်တောင်းရန် ဘေးအခန်းသို
ဝင်သွားခဲ့သည်။ အထဲတွင် အိပ်ပျော်နေသော Jiyang
ကိုတွေ့သည်နှင့် အသာလေးသွားကာ Jiyangဘေး
၌ ကပ်အိပ်လိုက်သည်။ Jiyangက သူ့ကိုကျောပေး
အိပ်နေရာ ဖြူဖွေးနေသောလည်တိုင်လေးကို အမှတ်
ပေးချင်စိတ်ပေါက်လာသဖြင့် အနားကပ်ကာ လည်
ပင်းအနောက်၌ လျှာဖြင့်လျက်ပြီး အမှတ်ပေးလိုက်
ရာ အနီလေးဖြစ်သွားလေသည်။ Haoxuanတစ်
ယောက် ကျေနပ်ပီတိဖြာနေတုန်း Jiyangသည် ခြင်
ကိုက်သည့်အထင်နဲ့ လက်နှင့်ရိုက်ချလိုက်လေသည်။
Jiyangရဲ့လက်ရာသည် Haoxuanရဲ့ပါးပေါ်၌ ထင်
ကျန်နေတော့သည်။ တစ်ဖက်၌ Haoxuanရဲ့အခန်း
ထဲ၌ စောင့်နေသော An rinခမျာ သူအကြံတိုင်းမဖြစ်
ဘဲ အထီးကျန်နေတော့သည်။
"သူဘာလို့အခုထိမလာသေးလဲ..မသိ...အေးပါတယ်
ဆိုမှ...ဟက်...ဟက်ချိုး..."
နှာစီးပြီးနေမကောင်းဖြစ်သွားလေတော့သည်။
........
စောင့်နေသူများရှိမလားလို့..😁😁
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်