Zawgyi
တစ်အောက်ကြာပြီးနောက် ဆရာများသည် Jiyang အားနှုတ်ဆက်ပြီးပြန်သွားကြတော့သည်။ ဆ
ရာတွေပြန်သွားသွားချင်းမှာဘဲ Jiyangသည် အဝတ်
ဗီရိုဆီသို့ပြေးလေသည်။ ဗီရိုထဲသို့ဖွင့်ကြည့်လိုက်ရာ
Jiyangရဲ့အဝတ်များကိုပွေ့ပိုက်ကာ အိပ်ပျော်နေသော Haoxuanအားတွေ့ပြီး
"အင်း...အိပ်နေလိုက်ပုံများ ကလေးလိုဘဲ...နိုးလာ
ရင်တော့ ဒီစကားကိုပြန်ရုတ်သိမ်းရမှာတော့ အမှန်ဘဲ
...ဟူး...Haoxuan....ရှန့်ရှန့်...ထတော့..."
"အမ်း...ဆရာတွေပြန်သွားကြပြီးလား..."
"အင်း..ပြန်သွားကြပြီး လာ..ထွက်လာတော့..."
Jiyangသည် Haoxuanကိုကျောခိုင်းလှည့်ထွက်ချိန်
တွင် Haoxuanသည် jiyangရဲ့လက်တစ်ဖက်ကို အားပါးတရဆွဲပြီး ဖက်ထားလိုက်သည်။ Jiyangက
"ဘာလဲ..."
"သတိရနေတာ..."
"ဟမ်...."
"မနေ့ကနဲ့ ခုနကအချိန်ထိဆိုရင် ကိုကို့ကိုမထိတွေ့မ
ဖက်ရတာ နာရီ၂၀နဲ့ ၃၃မိနစ်ကြာသွားပြီး..."
"ကဲ...အကဲတွေပိုနေလိုက်တာ...အခန်းထဲကမထွက်
လာခင် မင်းဖက်ထားလို့ကြေနေတဲ့အဝတ်တွေကို ပြန်
ခေါက်ခဲ့..."
"ဗျာ..."
"မြန်မြန်ပြီးအောင် ခေါက်ခဲ့...ခေါက်ဆွဲပြုတ်စားကြ
တာပေါ့...."
ထို့နှင့် ထိုနေ့ကစပြီး သူတို့နှစ်ယောက်အဆင်ပြေသွား
ကြပြီး ကျောင်းခရီးမထွက်ခင် ၂ရက်အလို၌ Haoxuanက သူ့သူငယ်ချင်းများနှင့်အတူ ဈေးဝယ်
ရန် ကုန်တိုက်သိုရောက်လာကြသည်။ Haoxuan
သည် အဝတ်တွေရောင်းရာတစ်နေရာသို့ဝင်ပြီး ကုတ်အင်္ကျီအကြီးကြီးတစ်ထည်ကိုကြည့်နေသည်။ သူငယ်
ချင်းများက
"Haoxuan...မင်း အဲ့ကုတ်ကိုဝယ်မလို့တော့ မဟုတ်ပါဘူးနော်..."
"အင်း...ဝယ်မှာ..."
"ဟူး..တော်သေးတာပေါ့...ဘာ..ဝယ်..ဝယ်မယ်...
မင်းလာနောက်နေတာလား.."
"ငါနောက်နေတယ်လို့ မင်းဘယ်လိုများထင်လိုက်ရတာလဲ..."
"မဟုတ်ဘူးလေ...ဒီလောက်ကြီးတဲ့ကုတ်ကို မင်း
ဘယ်မှာ သွားသုံးမို့လဲ...လူနှစ်ယောက်စာလောက်
တော့ အသာလေးဝင်တယ်နော်..."
"မင်းပြောတာမှန်တယ်...ငါတစ်ယောက်ယောက်ကို
သွားခိုးမလို့...ဟင်းဟင်းဟင်း...."
"ဘာ...ဘယ်သူ့ကို သွားခိုးမလိုလဲ..."
"အဲ့တာက လျို့ဝှက်ချက်...မင်းတို့အကူအညီလည်း
လိုသေးတယ်..."
"ဘာကူညီရမှာလဲ...မင်းမျက်နှာကိုကြည့်ရတာတော့
မကောင်းတဲ့အကြံတော့ မဟုတ်ဘူးမဟုတ်လား.."
"ဟင်းဟင်း.. ..."
Haoxuanသည် လူယုတ်မာအသံဖြင့် ရယ်နေရာ သူ
ငယ်ချင်းများက ထိန့်လန့်နေသည်။ Haoxuanရဲ့မ
ကောင်းတဲ့ရယ်သံများကြောင့် ခရီးသွားရန်ပြင်နေ
သော Jiyangမှာ မကောင်းတဲ့အငွေ့အသက်တွေခံစား
နေတော့၏။
"ငါတော့ မကောင်းတာတစ်ခုခုကို ခံစားနေရသလိုဘဲ..."
Jiyangသည် အတွေ့များစွာနဲ့ နစ်မြောနေချိန် သူ့ဆီသို့
ဖုန်းကောဝင်လာသည်။ ထိုဖုန်းကိုကြည့်ပြီး Jiyang
သည် လုပ်လက်စအလုပ်များ ရပ်တန့်သွားပြီး
"ဟယ်လို..ဦးလေး..."
"Jiyang...ဒီညနေခင်း အပြင်မှာညစာစားရအောင်..
ဦးလေးတို့မတွေ့တာကြာပြီးလေ..."
"ဟုတ်ကဲ့...လာခဲ့ပါ့မယ်..."
Haoxuanရဲ့အဖေ ဖုန်းဆက်ခေါ်သောကြောင့် အပြင်သွားရန်ပြင်ဆင်ရပြန်သည်။ Haoxuanရဲ့အဖေခေါ်
ထုတ်ရာ စားသောက်ဆိုင်တစ်နေရာသို့ရောက်သောအခါ
"Jiyang...သား...ဒီမှာလာ..."
Haoxuan၏ အဖေရဲ့ လက်လှမ်းပြမှုကြောင့် ထိုနား
သို့လမ်းလျှောက်သွားရာနီးလာတာနဲ့အမျှ အဖေဖြစ်သူရဲ့မျက်နှာချင်းဆိုက် ထိုင်ခုံတွင် မိန်းမအရိပ်အ
ယောင်တွေ့ရလေဖြစ်သည်။ Jiyangသည် Haoxuan
အဖေရဲ့ ရှေ့တွက်ရပ်လိုက်ပြီး
"ဘာကိစ္စများရှိလို့လဲဗျ.. "
"အော်...ဒီမှာလေ...မင်းလည်းအသက်ကမငယ်တော့
ဘူးဆိုတော့ အိမ်ထောင်ဖက်တွေ့သင့်နေပြီးလေ..အာ့
ကြောင့် ဦးကသင့်တော့တဲ့မိန်းကလေးတစ်ယောက်
ရှာထားပေးတယ်...ကဲ...စကားပြောလိုက်အုံးနော်..
ဦး အစည်းအဝေးရှိလို့ သွားရအုံးမယ်..."
"အယ်..ဦးလေး...ဦးလေး..."
Jiyangသည် ဦးလေးရဲ့စကားကိုမငြင်းနိုင်တဲ့အဆုံး
ထိုမိန်းကလေးနဲ့ ထိုင်လိုက်ရသည်။ jiyangသည် ဘာ
စကားမှမပြောဘဲ ရေကိုသာ နည်းနည်းဆီသောက်နေ
သည်။ ရေကုန်ပြီးလို့ နှုတ်ခမ်းနားတွင် ကပ်နေသော
ရေစများကို လျှာဖြင့်အသာအယာသက်လိုက်ရာ ထို
မြင်ကွင်းသည် အိမ်ထောင်အဖြစ်တွေ့နေသော မိန်းက
လေးမှာ တစ်ဖြုတ့်ဖြုတ်ကြွေကျသွားတော့သည်။ ထို
မိန်းကလေးက
"ကျွန်မနာမည်က chan chan...ဆရာဝန်ပါ....အ
ဖေကတော့ ဆေးရုံအုပ်ပေါ့...ကျွန်မက ခုထိရည်းစား
မထားဖူးသေးပါဘူး...ဝါသနာကတော့ ဂေါက်ရိုက်တာပါ...အကြိုက်ဆုံးအစားအစာကတော့...***********"
Chan chanကတော့ သူ့ဘာသာဆက်ပြောနေဆဲ
Jiyangမှာတော့ သူ့မပြောသည်ကိုနားမဝင်ဘဲ သူ့အ
တွေးတွေထဲဝယ် Haoxuanသာလွှမ်းမိုးထားလေ
သည်။ chan chanက
"ဒီမှာ..ဆရာ...ဆရာ..."
"အော်...ဟုတ်...ဘာပြောလိုက်တာလဲမသိ.."
"ဘာတွေတွေးနေလို့ ခေါ်တာတောင်မကြားရတာလဲ
...ဆရာလေးရဲ့အကြောင်းပြောပြပါအုံး..."
"အော်...ကျွန်တော်က အိပ်ရတာကိုကြိုက်တယ်..အ
ချိန်တိုင်းအိပ်တယ်..နေ့တိုင်းလုပ်နေကျအလုပ်က
တော့ အပျင်းတစ်တာဘဲ..."
"ရှင်...ဟုတ်.."
Chan chanသည် နားလည်ရခက်သွားသည်နှင့် တခဏကြာစဉ်းစားလိုက်သည်။ သူ့စိတ်ထဲ၌
"ပြောချင်တာက ယောဂထင်တယ်...ဆရာဆိုတော့
ခေါင်းကိုက်ပြီးပင်ပန်းနေတာကို ဖြေတာဖြစ်လိမ့်မယ်
...အင်း...တော်တော်ကောင်းတဲ့အလေ့အကျင့်ဘဲ.."
တွေးနေရင်း ကြိတ်ပျော်နေရစ်သည်။ chan chanက
"ဆရာ jiyang...ကျွန်မတို့တွဲကြည့်မလား.."
"စိတ်တော့မရှိပါနဲ့ဗျာ..ကျွန်တော့မှာ ချစ်သူရှိလို့ပါ"
Chan chanက စိတ်ရှုပ်နေသည့်ပုံဖြစ်သွားပြီး
"ငါ့လို မိန်းကလေးကိုငြင်းတယ်ပေါ့...ငါလောက်လှတဲ့သူ ဒီလောကမှာရှိသေးလို့လား..."
စိတ်ထဲ၌ ရေရွတ်ရင်း မာနထောင်နေသည်။ ထိုမိန်းက
လေးက အပြုံးတုဖြင့်ပြုံးကာ
"ဟားဟားဟား...ဆရာjiyangက နောက်နေပြန်ပြီး
ရှင်...ဆရာက singleဆိုတာ ကျွန်မသိပါတယ်နော်..
ဦးလေးက ပြောပြပြီးသားလေ..."
"ယုံတာမယုံတာက ခင်ဗျားအပိုင်းပါ...ပြီးတော့ ကျွန်
တော်တို့နှစ်ယောက်ကြားမှာ အချစ်မရှိဘဲ ဘယ်လိုမှအတူနေနိုင်မှာ မဟုတ်ပါဘူး...သွားခွင့်ပြုအုံး..."
Jiyangသည် အေးစက်စွာငြင်းပယ်ပြီး လှည့်ထွက်ခဲ့
တော့သည်။ chan chanက
"ရှင်...ကျွန်မလက်က လွတ်မယ်မထင်နဲ့...စကားမ
စပ် ချောရက်လိုက်တဲ့ရှင်ရယ်...ဘယ်လိုတောင်ချော
ရက်ရတာလဲဟေ..."
Jiyangကို နောက်ကျောကနေကြည့်ပြီး ကြွေကျနေ
တော့သည်။ jiyang အိမ်ထောင်ဖက်တွေ့သည်ကို
Haoxuan တစ်ယောက်မသိလိုက်ချေ။ ခရီးသွားမည့်
ရက်ရောက်သောအခါ ကျောင်းသားကျောင်းသူများအားလုံး ကားပေါ်တတ်ကြပြီး Jiyangက နောက်ဆုံး
ခုံ၌ ထိုင်ပြီး
"ကဲ...ဆရာတို့ တောင်တန်းတွေဆီကိုရောက်ဖို့ဆိုရင်
ညဘက်လောက်မှ ရောက်လိမ့်မယ်...အိပ်ချင်အိပ်သွားကြပါနော်..."
ကားသည်လည်း ကျောင်းမှစထွက်ခဲ့တော့သည်။ jiyangတစ်ယောက်ထဲအနောက်မှာ ထိုင်နေချိန် Haoxuanသည် jiyangအနားသို့ တိတ်တိတ်လေး
ရောက်လာပြီး ဘေး၌ လာထိုင်လေသည်။ Jiyangက
"ကျောင်းသားတွေနားမှာ သွားထိုင်လေ...ဒီကိုဘာ
လာထိုင်လုပ်တာလဲ..."
"ထိုင်ဖို့နေရာမရှိတော့လို့ပါ...ပေးထိုင်နော်...နော်.."
Haoxuan သည် ခွေးပေါက်လေးမျက်နှာထားဖြင့်
ကြည့်နေရာ Jiyangသည် ရင်တွေခုန်ပြီးရူးမတတ်
ဖြစ်သွားရင်း ပေးထိုင်လိုက်ရသည်။ ကားစီးတာကြာ
လာသည်နှင့် Jiyangသည် ခေါင်းစိုက်ပြီး အိပ်ငိုက်
လာလေသည်။ Haoxuanသည် သူ့ချစ်သူအိပ်ငိုက်နေ
သည်ကိုသတိထားမိသွားပြီး ခေါင်းကိုသူ့ပခုံးပေါ်သို့
ညင်သာစွာ တင်ပေးလိုက်တော့သည်။
.......
Haoxuan သွားခိုးမဲ့သူက ဘယ်သူလို့ထင်လဲဟင်..
😏😏😏ဟင်းဟင်းဟင်း(လူယုတ်မာလေသံဖြင့်)
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်