Zawgyi
Jiyangဆွဲထုတ်သွားခံရပြီး အိမ်ထဲ၌ လှောင်ထားခံရ
သည်။ ထိုအချိန်တွင် လက်ထက်ပွဲအတွက် ကြိုးကြိုးစားစားပြင်ဆင်နေသော An rinသည် ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်နေရင်းလူတစ်ယောက်နဲ့ စကားပြော
နေသည်။ An rinက
"ဒီဓာတ်ပုံထဲလူကို ဖျက်ဆီးပေး..."
"ဘယ်သူလဲ....."
ထိုလူသည် ပုံကိုယူကြည့်လိုက်ပြီး
"ဒါ...ဒါက...ယောက်ျားလေးလေ..."
"ထပ်မပြောဘူး...ရှင်သူ့ကိုဖျက်ဆီးလာပေးရင် ကျွန်
မ ရှင်နဲ့နောက်တစ်ခေါက်ထပ်တွေ့မယ်..."
"တစ်ခေါက်တည်းလား....ဆက်တိုက်တွေ့ကြမယ်လေ...မဟုတ်ရင်တော့ ဒီအလုပ်ကိုသဘောမတူဘူး.."
"ကောင်းပြီးလေ....သူ့ကိုရက်ရက်စက်စက်ဖျက်ဆီး
လာခဲ့..အပြင်ထွက်ဖို့ကြောက်သွားအထိ ...အသေ
တော့မလုပ်နဲ့နော်...ဒီထဲမှာ သူ့အိမ်လိပ်စာပါတယ်...
ကျွန်မအာမခံတယ်...သူရဲ့လူပျိုရည်မပျက်သေးဘူး
...အသစ်လေးကိုမြည်းစမ်းကြည့်ပေါ့..."
"ကောင်းပြီး...ဘယ်နေ့လိုချင်လဲ..."
"ဒီနေ့ချက်ချင်း..."
"မရဘူး..."
"ဘာလို့လဲ..."
"ဒီနေ့က မင်းနဲ့အတူတူရှိချင်လို့..."
"ဟဟဟ...ရှင်ကလည်း နောက်ပြန်ပြီး..."
သူတို့နှစ်ယောက်စကားပြောနေသည်ကို လူတစ်
ယောက်သည် ဓာတ်ပုံရိုက်ပြီးသည်နှင့် လှည့်ထွက်သွားသည်။ Haoxuanကိုပိတ်လှောက်ထားသော အိမ်
တော်၌ Haoxuanသည် အခန်းထဲတွင် ငြိမ်ငြိမ်မနေ
ဘဲ သူ့အရုပ်သေတ္တာထဲသို့ ခေါင်းစိုက်ဝင်ကာ တစ်ခုခု
ကိုရှာနေလေသည်။ ထိုအချိန်တွင် တစ်ခုခုကိုရှာတွေ့
သွားကာ ခေါင်းပြန်ထုတ်လိုက်ချိန် သူ့ခေါင်းပေါ်တွင်
စက်ရုပ်တစ်ရုပ်တင်နေသည်ကို ဂရုမစိုက်ဘဲ မတ်တပ်ရပ်ကာ
"ဟူး...တော်သေးတယ်..ရှိသေးလို့...ငယ်ငယ်ကဖွတ်
ထားတာ အခုချိန်မှာ အသုံးလိုလာမယ်လို့ ဘယ်သူကထင်မှာလဲနော်...သုံးလို့ရသေးရဲ့လားမသိ..."
Haoxuanငယ်ငယ်က Jiyangနဲ့စကားပြောရန် ခ
လုတ်ဖုန်းလေးကို အရုပ်သေတ္တာထဲ၌ ထည့်ဖွက်ထား
ခဲ့သည်။ Haoxuanရှာနေသည်မှာ ထိုခလုတ်ဖုန်းလေး
ဖြစ်သည်။ Haoxuanသည် ပါဝါခလုတ်ကိုဖွင့်ပြီး သူ့
သူငယ်ချင်းများဆီ ဖုန်းဆက်ပြီး
"ဟေ့ကောင်တွေ...ငါ့ကိုကယ်အုံးကွ..."
"ဘာဖြစ်ပြန်တာလဲ...ငါတို့ရဲ့ပိတ်ရက်လေးကို..."
"မဟုတ်ဘူးကွ...ငါ့အဖေက An rinနဲ့ ငါ့ကိုနောက်
တစ်ပတ်မှာ လက်ထပ်ပေးတော့မယ်တဲ့..."
"ဖူးးးး....ဘာပြောလိုက်တယ်...လက်ထပ်မယ်..."
"အေးဆို...ဟိုတစ်ခေါက် ငါဆရာ့ကိုလက်ထပ်ခွင့်
တောင်းနေတဲ့မြင်ကွင်းကို သူမ မြင်သွားပြီး ငါ့အဖေ
က အဲ့လိုစီစဉ်ပါလေရော..."
"ဆရာကရော..."
"အခု ငါ့စိတ်ထဲမကောင်းဘူးဖြစ်နေတယ်...ဆရာ မ
ကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ ငါ့စိတ်ထဲထင်နေ
တယ်..."
"An rin?..."
"ဟုတယ်...သူက အစကတည်းက ဆရာ့ကိုကြည့်မရ
တာလေ...သူတစ်ခုခုလုပ်လိုက်ရင် ငါတော့ရင်ကွဲပြီး"
"မဟုတ်ရင်တောင် ငါ့အဖေပါဝါကို သုံးပြီး An rin
ကို နောက်ယောင်ခံထားတယ်...ငါမင်းကိုပို့လိုက်မယ်.."
"မပို့နဲ့..."
"ဘာလို့လဲ..."
"ငါ့အဖေက ဖုန်းသိမ်းထားတယ်..သူ့ဆီရောက်သွားလို့ကတော့ An rinအကြောင်းဖုံးကွယ်ပေးမှာ သေ
ချာတယ်..."
"နောက်...ဘယ်သူ့ဖုန်းနဲ့ဆက်နေတာလဲ..."
"အရုပ်သေတ္တာထဲမှာ ဖွတ်ထားတဲ့ခလုတ်ဖုန်း..."
"ဝါးဟားဟားဟား.....မင်းလိုသူဌေးသားက ဒီလို
ခလုတ်ဖုန်းလေးနဲ့...ဝါးဟားဟား..."
"လာရီမနေနဲ့...မင်းတို့လည်း အရင်က ခလုတ်ဖုန်းဘဲ
မဟုတ်လား...ဟားဟားဟား...မင်းအဖေ အထည်
လုပ်ငန်းရဲ့ ဥက္ကဌ ဖြစ်တာတောင် ခလုတ်ဖုန်းနဲ့ဘဲ မ
ဟုတ်လား..."
"မင်းသိလား...မင်းကိုလာကယ်ချင်တဲ့စိတ်တောင်မရှိ
တော့သလိုဘဲ..."
"ဟာ...မလုပ်ပါနဲ့ကွာ...ငါ့ဆီကိုညကျရင် ခိုးလာခဲ့..
ဒါတော့ မင်းကျွမ်းတယ်မဟုတ်လား..."
"စိတ်သာချ..."
"အော်...ပြီးတော့ နောက်တစ်ယောက်ကို ဆရာ့အိမ်
သွားပြီး ဆရာ့ကိုသွားခိုးလာခဲ့...လူအစားထိုးဖို့မမေ့နဲ့
နော်..."
"အေးပါကွာ...စစ်ဆင်ရေးလေးစကြတာပေါ့..."
ညဘက်ရောက်သောအခါ ဟိုတယ်၌ An rinနှင့်ထို
လူသည် အခန်း၁၀၅တွင် အသံပေါင်းစုံထွက်ကာ သာ
ယာနေချိန် Haoxuanရဲ့အိမ်တော်၌ သူ့သူငယ်ချင်း
သည် ခြံအနောက်မှ ခိုးဝင်ကာ လေးထပ်မြောက်သော
အထပ်သို့ ကြိုးမြှားပစ်တင်ကာ တတ်သွားလေသည်။
Haoxuanအခန်းရဲ့ ပြတင်းပေါက်သို့ တိုးဝင်ပြီး
"ဟေ့ကောင်...ငါရောက်ပြီး..."
"မင်းကလည်း နောက်ကျလိုက်တာ..."
"ဟေ့ကောင်...မင်းမသေချင်ရင် တိတ်တိတ်နေ..."
"အေး...အေးပါကွာ...ဒါနဲ့ ဆရာရော..."
"မင်းဆရာကို တခြားတစ်ယောက်သွားကယ်နေတယ်
...ငါ့အိမ်ကိုရောက်လာလိမ့်မယ်.."
"မင်း...ဆရာ့ကိုတစ်ချက်ထိရင် မင်းဆံပင်မွှေးတွေအ
ကုန်ပြောင်ပြီးမှတ်..."
"အဖြစ်မသည်းနေနဲ့...သွားမယ်လာ..."
"ဘယ်ကို..."
"ပြေးမယ်လေ..."
"ငါထွက်ပြေးမယ်လို့ မပြောမိပါဘူး..."
"ဟမ်..."
"ငါဒီမှာ နေနေမှ ရမယ်...မဟုတ်ရင် ...ဆရာ့တိုက်ခန်းမှာ.ဆရာမရှိတာ သိသွားလိမ့်မယ်.."
"ဒါဆို ငါ့ကိုခေါ်တာက..."
"မင်းပြမယ်ဆိုတဲ့ပုံရော..."
"ဒီမှာ.."
Haoxuanသည် ကမ်းပေးသောပုံကိုကြည့်ပြီးနောက်
နှုတ်ခမ်းထောင့်၌ တွန့်တတ်ပြီးပြုံးသွားကာ
"အိုး...မင်းသိလား...ငါ့မှာအကြံတစ်ခုရှိတယ်ဆိုတာ
..."
"မင်းပြောမှသိရမှာပေါ့ကွ..."
"ငါပြောတာနားထောင်...လက်ထပ်ပွဲမတိုင်ခင်အထိ
An rinကိုနောက်ယောက်ခံထား...သူတို့နှစ်ယောက်
ဘယ်ကိုသွားတယ်...ဘယ်မှာတွေ့တယ်...ဖြစ်နိုင်မယ်
ဆိုရင် သူတို့စကားပြောတာကို အသံဖမ်းထားစေချင်
တယ်...ငါပြောတာနားလည်တယ်မဟုတ်လား..."
"Ok...ငါသိပြီး..."
ထိုချိန်တွင် သူငယ်ချင်းဖြစ်သူဆီသို့ ဖုန်းဝင်လာပြီး
"သေချာလား...အဲ့အထဲဝင်သွားတာ..ဟုတ်ပြီး..
ကျေးဇူး...ဆက်လိုက်ထား..."
ဖုန်းချပြီးနောက်
"မင်းဒီသတင်းကိုကြားပြီး ဘယ်လိုဖြစ်သွားမလဲဆို
တာသိချင်မိတယ်..."
"ပြောစမ်းပါ..."
"အခု သူတို့နှစ်ယောက် ဟိုတယ်ထဲမှာတဲ့...အသံပေါင်းစုံတွေထွက်နေတာဘဲတဲ့...ဟားဟားဟား...ငါမရီဘူး
နော်..."
"ဟားဟားဟား...ငါလည်းမရီဘူး...ဘယ်လိုတွေ
တောင်လား...ဓာတ်ပုံရော..."
"ရပြီး..."
"ဒေါက်ဒေါက်...ဒေါက်ဒေါက်...Haoxuan...ဘယ်
သူနဲ့စကားပြောနေတာလဲ..."
"အာ....ဘယ်သူနဲ့မှ မဟုတ်ပါဘူး...အဖေက တံခါး
အပြင်ပေးမထွက်တော့ ကျွန်တော်လည်းပျင်းတာပေါ့
လို့..."
"အိပ်တော့..."
"ဟုတ်ကဲ့..."
Haoxuanအဖေက အပြင်ကနေ အော်ပြောနေလေရာ
အထဲတွင် လန့်ဖြန့်နေကြတော့သည်။
.......
နောက်တစ်ပိုင်းမှာတော့ Jiyang ဆေးမိသွားပါတယ်
...ဘာဖြစ်မလဲသိတယ်ဟုတ်..ဟိဟိ😏😏😏😋😋
kyelsinthawdar
ВЫ ЧИТАЕТЕ