Zawgyi
Haoxuanလည်း jiyangကြည့်ရာကိုလိုက်ကြည့်
ရန်လုပ်ရာ jiyangသည် ချက်ချင်းဘဲ
"မ...မကြည့်နဲ့..."
"ဘာရှိလို့လဲ..."
"ဟို...ဟို...ဝက်သားခြောက်လေ...စားရင်ကောင်းမ
လားလို့..."
"အော်...စားချင်စားလေ...ဒီနေ့က Lishang ဝယ်
ကျွေးမှာ..."
ထိုအခါ Lishangက လန့်သွားပြီး
"ဘာ...ငါဘယ်တုန်းကပြောလိုက်လို့လဲ..."
"အိမ်မက်ထဲမှာ..."
"မင်း...မင်း...ဆရာbowen...သူသားကိုအနိုင်ကျင့်
တယ်..."
"ဖူးးးး.. ..ဘာတဲ့...သား?..."
Lishangပြောသည့်စကားကြောင့် ရေသောက်နေသော အသေးလေးက ရေတွေအကုန်ထွေးထုတ်ပြီး
Jiyangကတော့ စားစရာဝါးနေတုန်းမှာဘဲ နင်ကုန်
လေသည်။ Haoxuanက
"တော်စမ်း....မင်းတို့လစ်လိုက်တော့..ငါမျက်စိ
နောက်လာပြီး..."
"မင်းတို့နှစ်ယောက် ငါတို့ရှေ့မှာ roပြတုန်းက ငါတို့
ဘယ်လိုခံစားရလဲသိပြီးမဟုတ်လား..."
"တော်တော့...ငါဗိုက်ဆာနေတယ်...ဆက်မပြောနဲ့
တော့..."
ထိုအချိန်မှာဘဲ waiterတစ်ယောက် သူတို့၅ယောက်
နားလာပြီး Haoxuanအား
"ဧည့်သည့်အတွက် ဝိုင်ချိုပါ..."
"ကျွန်တော်ဘာမှမမှာထားဘူးလေ..."
"ဟိုနားက ဧည့်သည်က အကို့အတွက်မှာပေးတာ
ပါ...ပြီးတော့ အကိုတို့ဝိုင်းကိုလည်း သူရှင်းပေးမှာပါ
တဲ့..."
"ဘာ...သူနဲ့သိတာမို့လို့လား...သွားသွား...ပြန်ယူ
သွာား..မကြိုက်ဘူး..ပြန်ပြောလိုက်ပါ..ဒီဝိုင်းကိုလည်းကိုယ့်ဘာသာ ရှင်းယူမယ်လို့..."
"ကျွန်တော့ကိုအခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ...အ
ကိုသာဒီဝိုင်လက်မခံရင် ဟိုဧည့်သည်က ကျွန်တော့်ကို
အလုပ်ပြုတ်အောင် လုပ်ပစ်မယ်တဲ့..."
"ဟူးးးးးး..."
Haoxuanက သက်ပြင်းတစ်ချက်ချလိုက်ပြီး
"မင်းကိုအလုပ်မပြုတ်စေချင်ရင် သူပြောတာအကုန်
လက်ခံရတော့မှာပေါ့..."
"ကျေးဇူးပါဗျာ..."
"နေအုံး..ဘယ်ဧည့်သည်က လာပို့ခိုင်းတာလဲ...မိန်း
မချောလေးလား..."
"ဟိုနားမှာ ထိုင်နေတဲ့အမျိုးသမီးပါ..."
Haoxuanက ဝိုင်ချိုကိုမော့သောက်ရင်း ညွှန်ပြသည့်
နေရာကို လှမ်းကြည့်လိုက်ရာ ဝဝတုတ်တုတ်အမျိုးသ
မီးကိုတွေ့သည်နှင့် သောက်နေသော ဝိုင်ချိုများပြန်
ထွက်ကုန်လေသည်။ Haoxuanနဲ့ ထိုင်နေသော ကျန်
၎ယောက်လည်း ထိုအမျိုးသမီးကို စိတ်လေတယ်ဆိုတဲ့အကြည့်ဖြင့် ငြိမ်၍သာကြည့်နေသည်။ ထိုအခါ
Haoxuanက
"ကိုကို...ကျွန်တော်တို့်သွားရအောင်..."
"အင်း...ပိုက်ဆံရှင်းလိုက်မယ်..."
"ဟိုဝတုတ်မကြီး ရှင်းမယ်လို့ပြောထားတယ်လေ..
သွားမယ်လာ..."
Haoxuanလည်း Jiyangလက်ကိုဆုတ်ကိုင်ကာ
သူတို့အခန်းဆီသို့ပြန်သွားကြတော့သည်။ မကြာခင်
မှာဘဲ အချစ်ကျွန်းမှ ပြန်ရန်အခ်ျိန်ရောက်လာတော့
သည်။ လေဆိပ်၌ Haoxuanသည် Jiyangအတွက်
နွားနို့ပူပူလေးဝယ်နေချိန် အနောက်မှ
"ဟေ့...ကောင်လေး..."
"ဘယ်သူ....အားးး...ခင်ဗျားကြီးက..."
"တို့ကိုမှတ်မိတယ်ပေါ့..."
"ခင်ဗျားကိုမမှတ်မိစရာလား...အိမ်မက်ထဲထိအောင်
လိုက်နှောင့်ယှက်နေတာ..."
"တို့ကိုအိမ်မက်တယ်လို့ပြောတာလား...အဟီး..ပျော်
သွားပြီးကွယ်...တို့နှင့်မတွဲချင်ဘူးလား..."
"ဆောရီးပါ...ငြင်းပါရစေ...ကျွန်တော့မှာ ချစ်သူရှိ
တယ်..."
"လိမ်ဖို့မကြိုးစားပါနဲ့...ဟိုနေ့ညကတောင် မိန်းကလေး မပါလာဘဲနဲ့ကို...လိမ်တာတအားညံ့တာဘဲ..."
"ကျွန်တော့မှာ ချစ်သူရှိတယ်လို့ဘဲ ပြောလိုက်တာ..
မိန်းကလေးလို့ မပြောလိုက်မိပါဘူးနော်...ဒါဆို...
ခွင့်ပြုပါအုံး..."
ဝတုတ်မကြီးခင်မျာ Haoxuanရဲ့စကားကြောင့်
ကြောင်အမ်းအမ်းဖြစ်ကာ ကျန်ခဲ့တော့သည်။ လေ
ယာဉ်ထွက်တာကိုစောင့်နေရာနေရာ၌ Haoxuan
သည် jiyangအတွက် နွားနို့ပူပူလေးကို ကမ်းပေးပြီး
"နွေးအောင်သောက်ထားလိုက်နော်...အိမ်ပြန်ရောက်
မှဆေးသောက်ရမယ်...ဘယ်လိုအဖျားဝင်သွားတာ
လဲမသိ..."
"မင်းတို့က အဝတ်မှဝတ်မအိပ်ကြတာ..."
အသေးလေးကကြားဖြတ်ဝင်ပြောသောကြောင့် Jiyangသည် ထိုအကြောင်းတွေပြန်စဉ်းစားရင်းရှက်လာလေသည်။ Haoxuanက
"ကိုကို...အဖျားပြန်တတ်လာတာလား..."
"မ...မဟုတ်ပါဘူး..."
"အာ့ဆို..ဘာလို့မျက်နှာကြီး နီနေရတာလဲ..."
"အေးလို့ပါ..."
"လာလာ...ကျွန်တော်ရင်ခွင်ထဲမှာ အိပ်နေလိုက်...နွေး သွားလိမ့်မယ်..."
Jiyangလည်း မငြင်းတော့ဘဲ Haoxuan ရင်ခွင်ထဲ၌
ခိုလှုံနေရင်း
"အယ်...သူ့နှလုံးတွေ အဆက်မပြတ်ခုန်ပါလား...ဟဲ
ဟဲ...အင်း.....နွေးနေတာဘဲ....သူ့ရင်ခွင်က...အမြဲ
တမ်းအိပ်နေရရင် ကောင်းမှာဘဲ..."
Jiyangစိတ်ထဲမှ တဖွဖွပြောနေရင်း ကြိတ်ပျော်နေမိ
တော့သည်။ Jiyangသည် အတွေးပေါင်းမြောက်များ
စွာတွေးနေရင်းနဲ့ အိပ်ပျော်သွားခဲ့သည်။ လေယာဉ်
ထွက်မဲ့ချိန်ရောက်သောအခါ Haoxuanသည် နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေသော Jiyangကိုမနှိုးချင်တာ
နဲ့
"အသေးလေး...ငါတို့အိတ်ဆွဲခဲ့ပေးလို့ရမလား.."
"အင်း..ရတယ်လေ...."
"ကျေးဇူးပါ..."
Haoxuanသည် Jiyangကိုနွေးထွေးညင်သာစွာပွေ့
ချီသွားလေသည်။ လက်မှတ်ပြရာ နေရာ၌ တန်းစီနေ
စဉ် အခြားသူများက သူတို့အား အားကျနေသောအ
ကြည့်ဖြင့် ကြည့်နေကြရင်း
"ပွေ့ချီခံရတဲ့ ကောင်လေးနေရာမှာ ငါဖြစ်ချင်လိုက်
တာနော်..."
"အေးဟာ...ကြည့်ပါလား...သူ့ချစ်သူကိုပွေ့ထား
တာလေးက အသည်းယားစရာလေး..."
တီးတိုးပြောသံများကြောင့် Haoxuanသည် ကျေနပ်ပိတိဖြာနေတော့သည်။ Jiyangသည် တရေးရပြီး
ပြန်နိုးလာသောအခါ
"ဟင်...ငါတို့ဘယ်ရောက်နေတာလဲ.. .."
"ကျွန်တော်တို့ရောက်ခါနီးနေပြီး..."
"အယ်...ကိုယ်အဲ့လောက်တောင် အိပ်ပျော်သွားတာ
လား..."
"ကိုကိုက နေမကောင်းတော့အိပ်ငိုက်နေမှာပေါ့...ထပ်
အိပ်လေ..."
"မအိပ်တော့ပါဘူး...လောလောဆယ် ဗိုက်ဆာနေ
တယ်..."
"ဘာစားချင်လဲ..."
"ခေါက်ဆွဲပြုတ်စပ်စပ်လေး...၃ပွဲဆင့်စားချင်တယ်"
"ဗျာ...ဘယ်လိုတောင်လား....ကိုကိုနေမကောင်း
ဘူးလေ..."
"မသိဘူးကွာ...စားချင်တာဘဲသိတယ်..."
"ကိုကို...ဗိုက်များကြီးနေသလားလို့..."
Haoxuanသည် ကိုယ်ဝန်သံသယဝင်သွားကာ Jiyangရဲ့ဗိုက်ကို ပွက်သပ်လေသည်။ Jiyangသည်
ရှက်ကန်းကန်းနဲ့ Haoxuanရဲ့ခေါင်းကို ထုချလိုက်ရာ
အသီးသီးသွားလေသည်။ Haoxuanက
"အောင့်...နာတာ့..."
ထိုအခါ ခရီးသည်များက တိတ်တိတ်နေရန် တပြိုင်
တည်းပြောလေသည်။
"ရှူးးးးး..."
"တောင်းပန်ပါတယ်ဗျ..."
Jiyangတို့အိမ်လည်းပြန်ရောက်သောအခါ Haoxuanသည် Jiyangစားချင်သော ခေါက်ဆွဲကို
သုံးထုပ်တခါတည်းပြုတ်ပေးရာ Jiyangသည် တစ်
ယောက်တည်း တစ်ထိုင်တည်း စားလိုက်လေသည်။
၁၅မိနစ်တောင်မကြာဘဲ ကုန်သွားခဲ့သည်။ Haoxuan
သည် ပါးစပ်အဟောင်းသားနဲ့ပင် ကြည့်နေတော့
သည်။
..................
ကလေးရှိသွားမယ်လို့ထင်လား...
မင်မင်ရေးတဲ့ficက ကလေးမွေးတဲ့ficကြီးဘဲဖစ်နေ
ရင် ကြိုက်ကြမလားဟင်...ပြောပြပေးကြပါနော်...
#Kyelsin
ESTÁS LEYENDO
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်