Zawgyi
Jiyangလည်း Haoxuanအနားတွင် နေနေပေးရင်း
တစ်ဖြည်းဖြည်းပင်ပန်းလာရာ ကုတင်ပေါ်တွင် ခေါင်း
လေးတင်လျက် အိပ်ပျော်သွားခဲ့သည်။ ညလယ်ပိုင်းယလောက်ရောက်သောအခါ Haixuanသည် အာ
ခေါင်ခြောက်လာသဖြင့် နိုးလာလေသည်။ မူးနောက်
နေသောခေါင်းကို ဖိရင်း ထလာရာ ဘေးတွင် သူ့လက်
ကိုကျစ်ကျစ်ကိုင်ကာ အိပ်ပျော်နေသော Jiyangကို
တွေ့သဖြင့်
"ငါ အိမ်မက်များမက်နေတာလား...ငါဘယ်လိုဒီကို
ရောက်လာတာလဲ...ဒါက ...ကိုကို့အိမ်မဟုတ်လား..
နေအုံး...မနေ့က ဟိုကောင်တွေနဲ့ ဖိုက်ရင်း ငါ့အ
နောကသစ်သားတုတ်နဲ့ရိုက်လိုက်တာဘဲ...တော်တော်
အကျင့်မကောင်းတဲအကောင်တွေ...အားယားယား..
နာလိုက်တာ...."
Haoxuanသည် သူ့အဖြစ်ကိုပြန်စဉ်းစားလေ ခေါင်း
ကပိုနာကျင်လေဖြစ်လေသည်။ Jiyang လည်း
Haoxuanရဲအသံကိုကြားသဖြင့် နိုးလာပြီး
"ရှန့်ရှန့်...နိုးလာပြီးလား...ဘယ်နားနာနေသေးလဲ..
ဟင်...ပြောနော်..."
"ရေဆာတယ်..."
"အော်..အေးအေး..."
Jiyangလည်း ကုတင်ပေါ်တတ်ထိုင်လိုက်ပြီး ကုတင်
ဘေးရှိ ခုံပေါ်တွင်တင်ထားသော ရေခွက်ကိုလှမ်းယူ
ရင်း ဖန်ပုလင်းထဲမှ လောင်းထည့်နေလေသည်။ Haoxuanသည် jiyangရဲ့ကျောပြင်ကိုကြည့်၍ အ
နောက်မှ သိုင်းဖက်လျက် မှီလိုက်သည်။ Jiyangက
လန့်သွားရာ ကြက်သီးမွှေးသီးများထလာသည်။
Jiyangက
"ဘာ...ဘာလုပ်တာလဲ.. .."
"ခဏ...ခဏဘဲဒီလိုနေပေးပါ..."
"ဘာလုပ်တာလဲ...ကလေးလည်းမဟုတ်ဘဲနဲ့ကို...
ရော့..ဒီမှာရေ..."
"ကျွန်တော့လက်တွေ အားမရှိဘူး...ကိုကိုတိုက်.."
Jiyangသည် ကလေးကဲ့သို့ ကပ်ချွဲနေသော Haoxuan ဘက်သို့လှည့်ရင်း သည်းခံကာ ရေခွက်ကို
ပါးစပ်ဝ၌ တေ့ပေးလိုက်သည်။ Haoxuanက အကြံရှိ
သော အပြုံးဖြင့် ပြုံးလိုက်ရင်း
"ကိုကိုအရင်သောက်...မမျိုချနဲ့နော်..ငုံထား..."
"ခေါင်းထိသွားလို့ ဂေါက်သွားတာလား..."
"ကျွန်တော်ပြောသလိုလုပ်ပါ...နေမကောင်းတဲ့သူကို
အလိုလိုက်ပေးရမှာပေါ့..."
"Haoxuan..."
"အားယိုး...နာလိုက်တာ...အရမ်းနာတယ်...အားယိုး...."
Haoxuanသည် မူယာမာယာဖြင့် လိမ်ညာနေသည်ကို
မရိပ်မိသော Jiyangတစ်ယောက် သက်ပြင်းချပြီး
လိုက်လျောလိုက်ရသည်။ Jiyangသည် ရေကိုတစ်ငုံ
သောက်ပြီး ပါးစပ်ထဲ၌ ငုံထားချိန်တွင် Haoxuan
သည် ရုတ်တရက်Jiyangကို နမ်းရှိုက်ပြီး ပါးစပ်ထဲမှ
ရေတွေကို စုပ်ယူပြီး သောက်လိုက်သည်။ Jiyang
သည် ဘာမှမပြောစရာမရှိတော့ဘဲ Haoxuanကိုသာ
ကြည့်နေတော့သည်။ လုပ်ချင်တာ လုပ်ရပြီးအလှဆုံး
ပြုံးနေသော Haoxuanက
"ဟာ.....အခုမှဘဲရေငတ်ပြေသွားတော့တယ်..ကိုကို့
ဆီက ပြန်သောက်တဲ့ရေက အေးတယ်နော်..ပြီးတော့
ချောကလက်အရသာလည်းရသေးတယ်...ကိုကို..အ
ခုထိ ချောကလက်ကြိုက်တုန်းလား..."
Jiyangရဲ့မျက်နှာသည် တစ်ဖြည်းဖြည်းရဲတတ်လာ
ပြီး Haoxuanရဲ့နှာခေါင်းတည့်တည့်ကို ထိုးခွင်းလိုက်
သည်။
"သေလိုက်တော့..."
Jiyangသည် ထိုးခွင်းပြီးသည်နှင့် ကျောခိုင်းသွားလေ
သည်။ အိပ်ယာပေါ်တွင် လဲနေသောHaoxuanက
"အားယိုး...ကိုကို..တော်တော်ရက်စက်တာဘဲ...နာ
လိုက်တာ...ကိုကို....ကိုကို..."
ကျောခိုင်းနေသော Jiyangအား Haoxuanသည်
ကျောနားသို့နားကပ်လိုက်ရာ တဒုန်းဒုန်း မြည်နေသော
Jiyangရဲ့ ရင်ထဲက နှလုံးခုန်သံကို ထင်ထင်ရှားရှား
ကြီးကြားနေရသည်။ Haoxuanက အဖြစ်အပျက်ကို
သဘောပေါက်သွားပြီး
"အိုး...လက်စသက်တော့ ကိုကိုjiyangလေးက ရင်
တွေခုန်ပြီး စိတ်တွေလှုပ်ရှားနေတာကိုး...ရှက်ကိုးရှက်
ကန်းနဲ့ ကျွန်တော့ကိုထိုးခွင်းလိုက်တာဘဲ..ဟီးဟီး.."
"ရီမနေနဲ့...အိပ်တော့...ငါလည်းသွားအိပ်တော့မယ်"
"နေ..နေအုံး...ကိုကိုက ဘယ်မှာသွားအိပ်မို့လဲ..."
"ဆိုဖာပေါ်မှာလေ..."
"အဲ..မအိပ်ရဘူး...ဆိုဖာက သက်တောင့်သက်သာမှမ
ရှိတာ..နိုးလာရင်း ခါးတွေနာနေလိမ့်မယ်...ကျွန်တော်နဲ့လာအိပ်..."
"မအိပ်နိုင်ပါဘူး...မင်းဆီက ဆေးနံ့တွေကိုယ်မှာစွဲနေ
လိမ့်မယ်..."
"ကဲ...ဇီဇာကြောင်လိုက်တာနော်...လာ..လာအိပ်ပါဆို..."
Haoxuanသည် အားနှင့် Jiyangကို ဆွဲချလိုက်ရာ
Jiyangသည် ကုတင်ပေါ်တွင် အိပ်လျက်သားဖြစ်
သွားလေသည်။ Haoxuanက အနောက်မှတင်းကြပ်
စွာဖက်ထားရာ Jiyangရဲ့နားအနားတွင် ဝင်လေ
ထွက်လေသည် ပူလျက်ရှိနေသောကြောင့် jiyang
စိတ်ထဲ၌
"အဖျားရှိနေသေးတာဘဲ...ဒီနေ့တော့ သူ့စိတ်တိုင်းကျ
လိုက်လုပ်ပေးလိုက်ပါ့မယ်ကွာ..."
တစ်တွတ်တွတ်ပြောနေရင်း မျက်လုံးများစင်းကျကာအိပ်ပျော်သွားလေသည်။ မနက်ရောက်သောအခါ
Alarm ကြောင့် Jiyangသည် alarmကိုလှမ်းပိတ်ရင်း အရင်နိုးလာသည်။ Jiyangထရန်လုပ်သော်
လည်း အနောက်မှHaoxuanသည် အသေဖက်ထား
သောကြောင့်ထမရဖြစ်သည်။ Jiyangသည် Haoxuanရဲ့လက်နှစ်ဖက်ကို သူ့ခါးမှအသာလေးခွာ
ပြီး ပစ်ချလိုက်ရာ Hsoxuanသည် ပတ်လက်ဖြစ်
သွားပြီး Jiyangသည် လုပ်စရာရှိတာ ထလုပ်လေ
သည်။ ကျောင်းသွားဖို့အချိန်နီးတဲ့အထိ Haoxuan
တစ်ယောက်မနိုးသေးချေ။ Jiyangလည်း အုပ်ဆောင်းအောက်တွင် စားစရာထားသွားပြီး အပေါ်မှ စာပိုင်း
လေးထားသွားပြီး ကျောင်းသို့ထွက်သွားခဲ့သည်။ တစ်
အောက်လောက်ကြာသောအခါ Haoxuanသည် အိပ်
ချင်မူးတူးနဲ့နိုးလာပြီး Jiyangကို လိုက်ရှာလေသည်။
"ကိုကို...ကိုကို...ဘယ်ရောက်သွားတာလဲဟ...ကိုကို
...ကျောင်းသွားပြီးလား..."
တစ်ယောက်ထဲရေရွတ်နေရင်း အိပ်ခန်းထဲမှ အပြင်သို့
ထွက်လာခဲ့ပြီး ရေချိုးခန်းထဲဝင်သွားလေသည်။ ရေချိုးခန်းထဲသို့ရောက်သောအခါ မှန်ရှေ့တွင် ခွက်နဲ့
ထည့်ထာျးသာ သွားပွတ်တံ ၊ ဘေးတွင်ချိတ်ထားသော တံဘတ်အဖြူလေးတွေကို ကြည့်လိုက်ပြီး Haoxuanသည် ချိတ်ထားသောတံဘက်အဖြူလေး
ကို ယူပြီး နမ်းရှိုက်လိုက်ရင်း
"အားးးး...ကိုကို့ရဲ့ရနံ့လေး မွှေးလိုက်တာ..ဟိဟိ...
ကိုကို..ဘာဆပ်ပြာရည်တွေ သုံးလဲမသိ...လိုက်မွှေ
ကြည့်မှ..."
Haoxuanသည် Jiyangရဲ့အသုံးအဆောင်တွေ ကို
လိုက်မွှေပြီး Jiyang ရဲ့ဆပ်ပြာတွေနဲ့ ရေချိုးလိုက်
လေသည်။ ထို့နောက် ရေချိုးပြီးJiyangရဲ့အဝတ်ဗီရို
ကို သွားမွှေပြန်သည်။ ဗီရိုထဲမှ Jiyangရဲ့အဝတ်တွေ
ကို ကုတင်ပေါ်သို့ပစ်တင်ပြီး ထိုအဝတ်တွေပေါ်သို့ ပစ်
လှဲကာ ရောထွေးပြီး လှိမ့်နေလေသည်။ ရေချိုးပြီး
သည့်အရှိန်၊ Jiyangရဲ့အဝတ်တွေမှ ရသောမွှေးရနံ့
တွေကြောင့် Haoxuanသည် အဝတ်တွေကိုဖတ်အိပ်
ရင်း အဝတ်တွေကြားထဲမှာ အိပ်ပျော်သွားပြန်သည်။
ကျောင်း၌ Jiyangသည် နေမကောင်းဖြစ်နေသော
Haoxuanကိုစိတ်ပူနေတာနဲ့ဘဲ အလုပ်ထဲစိတ်မ
ရောက်ဘဲ ရှိလေရာ တခြားဆရာများက
"ဆရာ jiyang...ဘာတွေစဉ်းစားနေတာလဲ.. .နေမ
ကောင်းဘူးလား..."
"အဲ...မဟုတ်ပါဘူး..စဉ်းစားစရာလေးတွေ ရှိလို့်ပါ"
"အော်...ဟုတ်လား..."
"ဒါနဲ့လေ...ကျွန်တော်ညနေပိုင်းစာသင်ချိန်မရှိလို့..
ညနေပိုင်း ခွင့်ယူလို့ရမလား.."
"ရပါတယ်..ဒီနေ့ကျောင်းအုပ်မရှိတော့ ခွင့်မတိုင်
လည်းရတယ်..."
"ဟုတ်....ဒါဆိုကျွန်တော်သွားတော့မယ်နော်.."
Jiyang သည် Haoxuanကို စိတ်ပူသည်နှင့် အိမ်သို့
ပြန်ရာလမ်းတွင် အတွေးပေါင်းစုံလွှမ်းခြုံထားသည်။
"အိပ်ယာထဲမှာဘဲ အဖျားတွေနဲ့လဲနေမလား...မဟုတ်
ရင် ထမင်းစားခန်းထဲမှာဘဲ ထမင်းမစားနိုင်ဘဲဖြစ်နေ
မလား..."
အတွေးမျိုးစုံကို တွေးရင်း အိမ်သို့အပြေးပြန်ခဲ့သည်။
အိမ်ရောက်သောအခါ အိပ်ခန်းထဲသို့အပြေးဝင်သွား
ရာ အဝတ်တွေကြားထဲအိပ်ပျော်နေသော Haoxuan
ကိုတွေ့သောအခါ စိတ်တိုရမလို..ဝမ်းသာရမလိုဖြစ်
နေခဲ့သည်။ သူ့အင်္ကျီကြားထဲမှာအိပ်ပြီး ဘာမှမဖြစ်
တော့ ဝမ်းသာရမလို၊ အင်္ကျီတွေကြေကုန်သဖြင့် စိတ်တိုရမလိုလို စိတ်နှစ်ခွဖြစ်နေတော့သည်။
........
Jiyangတစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာ..
မှန်းကြည့်ကြပါလားဟင်....
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်