Zawgyi
Haoxuanသည် ဖုန်းပြောပြီးနောက် ပျော်ရွှင်ကာ
အိပ်ယာပေါ်သို့ ကိုယ်ကိုပစ်လှဲချလိုက်သည်။ သူ့၏အ
တွေးများသည် လွန်ခဲ့သည့် ၁၀နှစ်တာကာလသို့ ပြန်
ရောက်သွားခဲ့သည်။
လွန်ခဲ့သော ၁၀နှစ်
အခန်းထဲမှာဘဲ အောင်းရင်းပြတင်းပေါက်ကိုဘဲ ငေး
ကြည့်နေသော Haoxuanရှိရာသို့ Jiyangရောက်လာ
ပြီး
"ရှန့်ရှန့်....အခန်းထဲမှာ အောင်းနေပြန်ပြီးလား...လာ
လေ..အပြင်သွားရအောင်..."
"ကိုကို...ကျွန်တော် ကောင်းကောင်းလည်းအိပ်တယ်.
...ကောင်းစားတယ်...ဖေဖေ့စကားကိုလည်း နား
ထောင်တယ်လေ..မေမေကဘာလို့ပြန်မလာသေးတာ
လဲဟင်...မေမေ့ကိုလွမ်းတယ်...သတိရတယ်..."
Jiyangသည် မျက်ရည်များစီးကျလာသော Haoxuanကို ရင်ခွင်ထဲသို့ ဆွဲပွေ့ရင်း
"မငိုနဲ့တော့နော်....ကိုကိုမှာဆိုရင် မေမေလည်းမရှိဘူး
...ဖေဖေလည်း မရှိဘူး....ရှန့်ရှန့်ခံစားနေရတဲ့ဒဏ်ရာ
ကို ကိုကိုသိပါတယ်...ကိုကို့မှာ မိဘတွေမရှိတော့ပေမဲ့
ကောင်းကင်ပေါ်ကနေ ကိုကို့ကို.စောင့်ကြည့်နေတယ်
ဆိုတာ သိနေတယ်...ကိုကိုငိုမှာကို သူတို့မလိုချင်ဆိုတာလည်း သိတယ်...အာ့ကြောင့် ကိုကိုက မိဘတွေမရှိလည်း ကောင်းကောင်းနေနိုင်အောင် ကြိုးစားနေရ
တယ်....ရှန့်ရှန့်မှာဆိုရင် မေမေမရှိပေမဲ့ ဖေဖေရှိသေး
တာဘဲ...ဖေဖေ့ကို မေမေလို့သက်မှတ်ပြီး ဂရုစိုက်
ကြည့်ပါ...ပျော်ရွှင်လာလိမ့်မယ်...မေမေနဲ့အတူနေရ
သလိုမျိုးပေါ့နော့...လိမ္မာတယ်..မငိုနဲ့တော့..."
"ဒါဆို ကျွန်တော့မေမေက ကောင်းကင်ပေါ်ကြည့်နေ
တယ်လိုဘဲ မှတ်ထားရမှာလား..."
"အင်းးး...မေမေက ရှန့်ရှန့်ကိုလူတော်လေးဖြစ်လာ
စေချင်တယ်လေ...ကြိုးစားရင် မေမေလည်းပြုံးလာ
မှာပေါ့...."
"ဟုတ်..ကိုကို...ကျွန်တော်ကြိုးစားပါ့မယ်...ဂူးးး..."
ပြောနေရင်းနဲ့ Haoxuanရဲ့ ဗိုက်အော်သံထွက်လာရာ
နှစ်ယောက်လုံးရယ်မောကြလေသည်။ အမှန်ပင်
Haoxuanရဲ့အမေသည် နောက်ကွယ်တွင် တခြား
တစ်ယောက်နဲ့ဖော်ပြန်ရင်း အဖေဖြစ်သူသိသွားရာမှ
ရန်ဖြစ်ကြပြီး ၅နှစ်အရွယ် Haoxuanလေးကို ပစ်
သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် အဖေဖြစ်သူက
မှိုင်နေသော Haoxuanကို နာလန်ပြန်ထူရအောင်
မိဘမဲ့ဂေဟာမှ Jiyangကိုခေါ်ပြီး သူငယ်ချင်းဖြစ်စေ
ခဲ့သည်။ နောက်ပိုင်းတွင် နှစ်ယောက်သား တစ်
ကျောင်းတည်းတွင် တတ်နေရင်းက ပိုပြီးနီးကပ်ကာ
ရင်းနှီးလာကြသည်။ Haoxuanလေးကို အနိုင်ကျင့်
သော သူငယ်ချင်းများ ရန်ကနေ Jiyangလေး ကာ
ကွယ်ပေးခဲ့သည်။ Haoxuanသည် ကြာလာသည်နှင့်
အမျှ Jiyangကို ပိုပိုပြီး ခင်တွယ်လာခဲ့သည်။ Haoxuan 11နှစ်အရွယ်တွင် အဖေဖြစ်အနားကပ်ပြီး
"ဖေဖေ...သားကြီးလာရင် ကိုကို့ကိုဘဲ လက်ထပ်မယ်
....ခွင့်ပြုပေးမယ်ဟုတ်..."
"သား....လက်ထပ်တယ်ဆိုတာ မိန်းကလေးနှင့်
ယောက်ျားလေးဘဲ လုပ်လို့ရတာ...Jiyangနဲ့လုပ်လို့
မရဘူး...."
"ဘာလို့လဲ...ဖေဖေဘဲပြောတယ်လေ...လက်ထပ်
တယ်ဆိုတာ ချစ်သူနှစ်ဦးလုပ်ရတာဆို..."
"မရဘူး.. ...Jiyangကယောက်ျားလေး...သူနဲ့လက်
ထပ်လို့မရဘူး..."
"မရဘူး...သားသူ့ကိုချစ်တယ်....ကိုကို့ကိုချစ်တယ်..
ဖေဖေ ဘာဘဲပြောပြော သား ကိုကို့ကို ရအောင်လက်
ထပ်မှာဘဲ..."
"Haoxuan....Haoxuan..."
Haoxuanသည် ပြောပြီးသည်နှင့် အပြင်သို့ တဟုန်
ထိုးပြေးထွက်သွားပြီး Jiyangအခန်းထဲသို့ ဝင်သွားကာ အိပ်နေသော jiyangဆီသို့ အသာလေးကပ်သွား
လေသည်။ ခြုံထားသော စောင်ကိုလှန်ကာ စောင်ထဲ၌
ဝင်အိပ်နေလေသည်။ Jiyangက တစ်ဖက်လှည့်လာ
ပြီး
"ကိုယ့်အခန်းထဲမှာ ကိုယ်အိပ်လေ...ဘာလို့ ကိုကို့
အခန်းကို လာခဲ့ရတာလဲ..."
"ကိုကိုပျောက်သွားမှာစိုးလို့..."
"ဟဟ...ကိုကိုက ဘယ်ကိုပျောက်သွားရမှာလဲ..."
"ကိုကို..ကျွန်တော့ကို မထားသွားဘူးမဟုတ်လား.."
"ကဲ....အိပ်တော့...ဘာတွေလာမေးနေမှန်းမသိဘူး.."
ထိုနေ့ညတွင် Jiyangသည် ဘာမှမသိဘဲ စကားကို
ပြောင်ချော်ချော်သာ ပြောခဲ့သည်။ နောက်တစ်နေ့
တွင် အဖေဖြစ်သူသည် Jiyangအား စာကြည့်ခန်း
ထဲသို့ ခေါ်ခဲ့ပြီး နိုင်ငံခြားသို့ ပညာတော်သင်သွားရန်
ပြောလေသည်။ Jiyangသည် အံ့ဪနေရင်း ဘာ
ပြန်ပြောရမလဲတောင် ဖြစ်သွားခဲ့သည်။ နောက်တစ်နေ့တွင် Jiyangသည် နိုင်ငံခြားသွားရန် အထုတ်များ
ပြင်ဆင်နေချိန် Haoxuanသည် အခန်းတံခါးကို
ဆောင့်ဖွင့်လိုက်သည်။
"ကိုကို...ဘယ်သွားမလို့လဲ..."
"နိုင်ငံခြားပညာတော်သင်သွားမလို့လေ..."
"ကိုကို...ကိုကိုပြောတော့ ကျွန်တော့ကိုထားမသွား
ဘူးဆို...အနားမှာအမြဲနေမှာဆို..."
"Haoxuan...ကိုကိုက စကောလားရတယ်ဟာကို မ
သွားလို့ရမလား...ပြီးတော့ ကိုကိုလည်း ဦးလေးကျေး
ဇူးကို ပြန်ဆက်ရာရောက်တယ်...အို...လေယာဉ်ချိန်နီးနေပြီး ...ကိုကိုသွားတော့မယ်နော်..."
Jiyangသည် ခရီးဆောင်အိတ်ကို ဆွဲပြီးမငိုမိအောင်
မျက်ရည်များထိန်းထားရင်း အပြင်သို့ ထွက်သွားခဲ့
သည်။ Haoxuanသည် ကားပေါ်တတ်ရန်ပြင်ဆင်နေ
သော Jiyangအနောက်သို့ ပြေးလိုက်ရင်း
"ကိုကို...ကျွန်တော့ကိုထားမသွားနဲ့လေ...ကျွန်တော်လည်း လိုက်မယ်...ကိုကို....ကိုကို..."
"ကောင်းကောင်းနေခဲ့နော်..မဆိုးဘဲနဲ့ ဖေဖေ့စကား
နားထောင်...ကိုကိုသွားပြီးနော်...တာ့တာ...."
Haoxuanသည် ကားနှင့်ထွက်သွားသော Jiyang
အနောက်သို့ ပြေးလိုက်သော်လည်း ကိုယ်ရံတော်များ
က အတင်းဆွဲထားလေသည်။ Haoxuan သည် ပြင်း
ထန်စွာ မေ့မျောမတတ်ငိုကြွေးရင်း Jiyangအား
အော်ခေါ်နေခဲ့သည်။ Jiyangထွက်သွားသည့်နောက်
ပိုင်းမှ စ၍ Haoxuanရဲ့လိမ္မာသည့်ပုံစံများပျောက်
ဆုံးကာ စတင်ဆိုးသွမ်းခဲ့သည်။ ကျောင်းမှာလည်း ခဏခဏ ရန်ဖြစ်တယ်...ကျောင်းပြေးတယ်...ဆေး
လိပ်သောက်လာတယ်...အဖေစကားကိုနားမထောင်
တော့ဘူး...အပြုံးတွေလည်းပျောက်ဆုံးသွားခဲ့တာ
ဒီနေ့ထိပါဘဲ။ အတိတ်အကြောင်းတွေ စဉ်းစားရင်း
Haoxuanသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့
သည်။ မနက်သို့ရောက်သောအခါ သရေတမျှမျှနှင့်
နိုးလာပြီး
"ဟာ...ကိုကိုနဲ့နေ့လည်စာချိန်းထားတာဘဲ...ကိုကို
ကြွေသွားအောင် ပြင်ရမယ်..."
Haoxuanသည် အိပ်ယာပေါ်မှ ပျော်ရွှင်စွာဆင်းကာ
အောက်ထပ်သို့ဆင်းသွားလေသည်။ အောက်ထပ်တွင်
မနက်စာစားနေသော အဖေဖြစ်သူအားတွေ့ပြီး
"မင်္ဂလာပါ...အဖေ..."
Haoxuanသည် အဖေဖြစ်သူအား စိမ်းကားစွာ နှုတ်
ဆက်ပြီး အဖေနဲ့၃ယောက်စာဝေးသော ခုံ၌ဝင်ထိုင်
လိုက်သည်။ အဖေဖြစ်သူက
"ဒီမနက်ဘာကိစ္စများရှိလို့လဲ..."
"ဘာလို့လဲ..."
"ထူးထူးဆန်းဆန်း နှုတ်ဆက်နေလို့..."
"ဘာမှမဖြစ်ပါဘူး...နေ့လည်ချိန်းထားတာလေးရှိလို့
ပါ...."
Haoxuanသည် ပျော်ရွှင်နေသည့်စိတ်ကို ထိန်းချုပ်
ကာ အဖေဖြစ်သူမရိပ်မိအောင် နေနေရသည်။ အဖေ
သည် Jiyangပြန်ရောက်နေသည်ကို မသိသေးသော
ကြောင့် ဖြစ်သည်။ Haoxuanသည် မနက်စာစားပြီး
သည်နှင့် အပေါ်သို့ပြန်တတ်ကာ ရေချိုးခန်းထဲသို့ ပြေး
ဝင်သွားပြီး ချေးတိုက်ချွတ်ရေးလုပ်ငန်းစတင်လေသည်။
ရေချိုးဆပ်ပြာနှင့် ရေချိုးပြီးကိုယ့်အနံ့ကို ပြန်နမ်းကြည့်
ရင်း
"မွှေးလည်း မမွှေးဘူး...အိမ်ပြန်လာရင် ဝင်ဝယ်ခဲ့ရမယ်
...."
Haoxuanသည် ထိုရေချိုးဆပ်ပြာနှင့် ၃ ၄ခါလောက်တိုက်
ပြီးမှ ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး ဗီရိုထဲမှ အင်္ကျီရွေး
လေသည်။ တစ်ထည်ပြီး တစ်ထည်ကို ဗီရိုထဲမှ ဆွဲထုတ်
ပြီး မကြိုက်သည့်အခါ ကုတင်ပေါ်သို့ နောက်ပြန်ပစ်ထုတ်
လိုက်သည်။ Jiyangကို တွေ့ဖို့စိတ်လှုပ်ရှားကာ လုပ်မထိ
ကိုင်မထိဖြစ်နေတော့သည်။
.............
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်