Part-17
559 51 0
Zawgyi
Haoxuanသည်​ သူ​တောင်​မသိတဲ့တာဝန်​ကို ယုံကြည်
ချက်​အပြည့်​နဲ့​ပြော​နေ​သောအ​ဖေဖြစ်​သူအား
"အ​ဖေ..ဘာကိုတာဝန်​ယူခိုင်း​နေတာလဲ..ကျွန်​​တော်
ဘာမှမသိရပါလား..."
"An rin...သမီးကိုယ်​တိုင်​ဘဲ​ပြောပြလိုက်​ပါလား.."
ထိုအခါ An rinသည်​ မျက်​ရည်​များဝဲကာ
"Haoxuan..နင်​ဒီလို​တော့မလုပ်​သင့်​ဘူး...မ​နေ့ည
က နင်​ငါ့ကိုစိတ်​တိုင်းကျလုပ်​သွားပြီး အခုမှ မသိချင်
ယောင်​​ဆောင်​ပြီး​နေ​နေတာ..အရမ်းလွန်​တာဘဲ.."
"​အော်​..မ​နေ့ညကကိစ္စဘဲကိုး..အဲ့ဒီကိစ္စအတွက်​နဲ့
ကျွန်​​တော့ကို​နေ့လည်​ပိုင်း လူ​တွေနဲ့လာ​ခေါ်ခိုင်းတာလား...​နေအုံး...An rin..ငါမသိလို့​မေးပါရ​စေ..မ
နက်​ကတည်းက ဒီကိစ္စကိုမပြီးဆုံးတတ်​​အောင်​ ​ပြော
ပြော​နေတာ နင်​ဘာလိုချင်​လို့လဲ...ငါတဂယ်​မသိလို့
ပါ...မင်းရဲ့​လေသံကိုနား​ထောင်​လိုက်​တာနဲ့..မရှိတာ
ကိုရှိ​အောင်​လုပ်​ထား​တဲ့ပုံစံနဲ့...မင်း ငါတို့အိမ်​ရဲ့​ချွေး
မဖြစ်​ချင်​​နေတာလား...ငါ့ကိုလိုချင်​​နေတာလား.."
"ဒါမဲ့...နင်​ငါ့ကိုမ​နေ့ညက မတရားလုပ်​သွားတယ်​​လေ
...ဒီမှာ အမှတ်​​တွေ..."
An rinသည်​ သူ့ပခုံး​ပေါ်က အမှတ်​​တွေကိုပြလိုက်​ရာ
အ​ဖေဖြစ်​သူက
"Haoxuan..ဘာငြင်းချင်​​သေးလဲ..."
Haoxuanသည်​ အ​ဖေ​ပြောသည်​ကိုနားမ​ထောင်​ဘဲ
An rinနားကပ်​သွားပြီး ထိုအမှတ်​ကိုဖိလိုက်​သည်​။
Haoxuanက
"နာလား.."
"မနားပါဘူး..."
"ဟုတ်​လား..."
Haoxuan သည်​မချဉ်​ပြုံးပြုံးကာ ထိုအမှတ်​ကိုဖိပြီး
ပွတ်​ဆွဲလိုက်​ရာ အ​ရောင်​ပြယ်​သွား​လေသည်​။ An rinနဲ့ Haoxuanအ​ဖေတို့က လန့်​သွားပြီး
"ဒါ...ဒါက..."
"အ​ဖေ...ဒါက သပ်​သပ်​ကိုဆွဲထားတာ...​နောက်​တစ်ချက်​က အမှတ်မှတ်​ဖို့က အသားကိုကိုက်​ပြီး အရာ
ပေးရတယ်​..အဲ့​တော့ နာမှာ​သေချာတယ်​. ..သူမက
မနာဘူးဆို​တော့...ကဲ...ကိစ္စကရှင်းသွားပြီးဆို​တော့
ကျွန်​​တော်​သွား​တော့မယ်​..."
"Haoxuan...သား...ခဏ​နေအုံး...အခု An rinမ
သန့်​ရှင်း​တော့ဘူးဆိုတာ အားလုံးကယုံ​နေကြပြီး...
တဂယ်​လို့ မင်းတာဝန်မယူရင်​ သူမ ဘဝပျက်​ရလိမ့်
မယ်​.."
"ဆိုလိုတာက မဖြစ်​မ​နေကျွန်​​တော်​က သူ့ကိုလက်​ထပ်​ရမယ်​​ပေါ့...ကျွန်​​တော်​သူ့ကိုဘာမှ မလုပ်​တာ​တောင်
လေ..."
"သား..."
"​တော်​ပြီး..အ​ဖေ ကျွန်​​တော့ကို​လေသံ​ပျော့​ပျော့​လေး
နဲ့ဆွဲမ​ဆောင်​ပါနဲ့...ကျွန်​​တော်​ ဘယ်​လိုဖြစ်​ဖြစ်​စိတ်
ပြောင်းမှာမဟုတ်​ဘူး.."
Haoxuanသည်​ ​ပြောချင်​ရာ​ပြောပြီးသည်​နှင့်​ ထွက်​သွားခဲ့ရာ အခန်းထဲ၌ An rinနဲ့ Haoxuanရဲ့အ​​ဖေတို့သာ ကျန်​ခဲ့​တော့သည်​။ Haoxuanရဲ့အ​ဖေက
"An rin...ဘယ်​လို​တောင်​လုပ်​ရက်​တာလဲ..မင်းအ
ဖေရဲ့​တောင်းဆိုမှု​ကြောင့်​ ငါ့အိမ်​မှာ​ပေး​နေထားတယ်
...ဒါမဲ့ သမီးဒီလိုအရှက်​မရှိတဲ့လုပ်​ရပ်​ကိုလုပ်​လိမ့်
မယ်​လို့ လုံးဝမထင်​ထားမိဘူး...အခု သမီးအ​​ကြောင်း
တွေ သမီးရဲ့အပျိုစင်​​တွေက သူများပါးစပ်​ဝမှာ ​ပြော
စရာဖြစ်​သွားပြီး...သမီးကိုအမှန်​တဂယ်​စိတ်​ပျက်​မိ
တယ်​..."
Haoxuanရဲ့အ​ဖေလည်း စိတ်​ပျက်​လက်​ပျက်​နှင့်
ခေါင်းရမ်းကာ ထွက်​သွားခဲ့သည်​။ An rinက
"ဘယ်​လိုဖြစ်​ကုန်​တာလဲ...ငါဒီမိသားစုရဲ့တစ်​ဦး
တည်း​သော ​ချွေးမဘဲဖြစ်​ရမယ်​...Haoxuan.. .နင်
ကိုငါလုံးဝပိုင်​ဆိုင်​​စေရမယ်​(အခုထိမမှတ်​​သေးဘူး..)
တစ်​ဖက်​၌ ​ကျောင်းဆင်းချိန်​တွင်​ Jiyangသည်​ သူရဲ့
အလုပ်​လွယ်​အိတ်​​လေးကိုလွယ်​ရင်း အပြင်​သို့ထွက်
လာခဲ့သည်​။ Jiyangသည်​ Haoxuanနဲ့အတူတူပြန်
ချင်​​နေ​သော်​လည်း Haoxuan က အရင်​ပြန်​သွား
သော​ကြောင့်​ စိတ်​​တွေညှိုး​နေ​လေသည်​။ တိတ်​တ
ဆိတ်​​နဲ့အိမ်​ပြန်​လမ်းကို ​​လေးလံ​သော​ဖြေလှမ်းများ
ဖြင့်​​လျှောက်​လာစဉ်​ အိမ်​တံခါးဝ၌ ဘီယာဘူး​တွေနဲ့
ရပ်​​စောင့်​​နေ​သော Haoxuanအား ​တွေ့​လေသည်​။
Jiyangသည်​ အရမ်းကို​ပျော်​ရွှင်​သွားပြီး ပြုံးဟန်​ပြု
နေ​ပေမဲ့လည်း ရုပ်​ပြန်​တည်​ကာ
"ဘာလာလုပ်​တာလဲ...အိမ်​ကိုမပြန်​ဘဲနဲ့..."
"ကိုကိုကလည်း...အိမ်​ကိုပြန်​ပြီး ​ရေ​တောင်​ချိုးပြီး
အဝတ်​လဲခဲ့တာဘဲကို..."
"ဘာကိစ္စလဲ..."
"ကျွန်​​တော်​ဒီ​နေ့ ကျွန်​​တော့ရဲ့လူပျို​ရည်​​လေးကို ကို
ကို့အတွက်​ထိန်းသိမ်းလာလို့ ပင်​ပန်း​နေပြီး...ဘီယာ
လေး​သောက်​ရ​အောင်​..."
"ဘာ...ငါ့အတွက်​...လူပျိုရည်​..ဟဟ​တောင်​တစ်
ဝက်​ဘဲရမယ်​..."
နှစ်​​ယောက်​သား ရန်​ဖြစ်​ရင်းအချစ်​စမ်းကာ အိမ်​ထဲ
သို့ဝင်​လာကြသည်​။ Jiyangက
"ငါ​ရေချိုးလိုက်​အုံးမယ်​..ခဏ​စောင့်​​နေ...​ရေခဲသတ္တာ
ထဲမှာ ​ရေခဲမုန့်​ဘူးကြီးရှိတယ်​..စားလို့ရတယ်​​နော်​.."
ထိုသို့​ပြောရာ Haoxuanသည်​ ​ရေခဲမုန့်​ဆိုသည်​နှင့်
သူ့မျက်​လုံးထဲ၌ Jiyangရဲ့ကိုယ်​​ပေါ်တွင်​​ရေခဲ့မုန့်​​တွေ
ပေ​နေကာ
"ရှန့်​ရှန့်​..​ရေခဲမုန့်​စားမလား...ငါ့ကိုစားမလား...ဒါမှမ
ဟူတ်​ နှစ်​ခုလုံးစားမလား..."
ဆွဲ​ဆောင်​မှုရှိ​သောအသံဖြင့်​ ချွဲပြီး Haoxuanရဲ့​ပေါင်
ပေါ်တွင်​ခွထိုင်​ကာ ဆွဲ​ဆောင်​​နေသည်​ကိုချက်​ချင်းဘဲ
ပြေးမြင်​​လေသည်​။ Haoxuanသည်​ Jiyangရဲ့အ
ဝတ်​မပါ​သောထိုပုံစံကိုစဉ်းစားပြီးသ​ရေ​တွေ​ကျ​နေ
လေရာ Jiyangသည်​ သူချွတ်​ထား​သောအင်္ကျီနဲ့ မျက်
နှာတည့်​တည့်​ကိုပစ်​ထည့်​လိုက်​သည်​။.ထိုအခါမှအသိ
စိတ်​ပြန်​ဝင်​ပြီး 
"ကိုကို့ကိုစားချင်​တယ်​..."
ယောင်​ပြီးထိုစကားလွှတ်​ကနဲထွက်​သွား​လေရာ Jiuang သည်​ရှက်​သွားကာ ​ရေချိုးခန်းထဲသို့ အလျင်
အမြန်​​ပြေးဝင်​သွား​လေသည်​။ တစ်​​အောက်​ကြာ​သော်
ရေချိုးခန်းထဲက ထွက်​မလာ​သေး​သော Jiyangအား
ဧည့်​ခန်း၌ ​ရေခဲမုန့်​ဘူးကြီးကိုပိုက်​ကာ
"ကိုကို..ဘာလို့ခုထိမထွက်​လာ​သေးတာလဲ..."
ပလုပ်​ပ​လောင်းနဲ့​ပြော​နေချိန်​မှာဘဲ ​ရေချိုးခန်းတံခါးကိုအသာ​လေးဖွင့်​ကာ
"Haoxuan....ငါ့ကိုအင်္ကျီတစ်​ထည်​​လောက်​ယူ​ပေး
ပါလား..."
"​အော်​...ဟုတ်​..."
Haoxuanသည်​ ​ရေခဲမုန့်​ဘူးကို​ဘေးတွင်​ချကာ အခန်းထဲသို့ဝင်​ပြီးအင်္ကျီသွားရှာ​လေသည်​။ ဗီရိုကိုဖွင့်​ကြည့်
ပြီးချိတ်​​တွေကို ဟို​ရွေ့ဒီ​ရွေ့ကာ လိုက်​ကြည့်​​နေသည်​။
ထောင့်​ဆုံး၌ ချိတ်​ထား​သော ​ပေါင်​​လောက်​ဖုံးသည့်
အင်္ကျီရှည်​ကို​တွေ့သွားရာ အကြံရသွားသည့်​စိုက်​နှင့်
ထိုအင်္ကျီကို Jiyangအား​ပေးလိုက်​​လေသည်​။ အဝ​တ်
လဲပြီးထွက်​လာ​သော Jiyangက
"​ဟေ့...Haoxuan..ဘာလို့ငါ့ကိုတစ်​ထည်​ဘဲ​ပေးတာ
လဲ..."
"ကိုကိုဘဲ​ပြောတယ်​..အင်္ကျီတစ်​ထည်​ဆို..."
"မင်း..ငါ့ကိုလာရွဲ့​နေတာလား..."
Jiyangသည်​ ရှက်​ကိုးရှက်​ကန်း ဖြစ်​ကာ အင်္ကျီစကို
အောက်​သို့ဆွဲချ​နေ​လေသည်​။ Haoxuanက
"ဝါး..ကိုကိုက ဒီအင်္ကျီနဲ့အရမ်းလိုက်​တာဘဲ.."
"တိတ်​စမ်း.."
"ကိုကို..ဒါ​ကျောင်းမဟုတ်​ဘူး...အဲ့​တော့ ကျွန်​​တော်
လည်း ​ကျောင်းသားမဟုတ်​ဘူး..အခုချိန်​နှာ ကိုကိုက
ကျွန်​​တော့ကို ချစ်​သူတစ်​​ယောက်​လို ဆက်​ဆံသင့်​​​နေ
ပြီး​လေ...​နော်​..."
"​ဝေး​ဝေးသွားစမ်းပါ..​ရေခဲမုန့်​အနံ့​တွေ.."
"ဘီယာ​သောက်​ရ​အောင်​​လေ...ကျွန်​​တော်​ရဲ့လူပျို
ရည်​​လေးကို ကိုကို့အတွက်​ ကာကွယ်​​ပေးခဲ့တဲ့အထိမ်း
အမှတ်​နဲ့..."
"​တော်​စမ်း...အ​ကြောင်းအရာ​တွေကို ဆင်​​ခြေ​ပေးမ
နေနဲ့..​သောက်​ချင်​တယ်​ဆိုလည်း ​သောက်​ချင်​တယ်
ပေါ့.. "
Haoxuanသည်​ Jiyangအား ဘီယာ​သောက်​ချင်
စိတ်​နဲ့ ပွတ်​သီးပွတ်​သပ်​လုပ်​​နေ​လေသည်​။ ​နောက်​ဆုံး
မှာ​တော့ နှစ်​​ယောက်​သားအရက်​​သောက်​ကြရင်း မူးတဲ့
အဆင့်​​ရောက်​သွား​လေသည်​။ Jiyangက
"Haoxuan...မင်း...ဘယ်​ချိန်​တုန်းက ငါ့ကိုစကြိုက်
တာလဲ..."
"အင်း...ကိုကိုပထမဆုံးအားရပါးရရယ်​တဲ့အချိန်​ဖြစ်
လိမ့်​မယ်​...အဲ့တုန်းက ကိုကို ပထမဆုံး​မွေး​နေ့လက်
ဆောင်​ရတဲ့ချိန်​​လေး​ပေါ့..ဟီးဟီး...ကျွန်​​တော်​​ပေးတဲ့
လက်​​ဆောင်​က သစ်​ရွက်​​လေးနဲ့ အရုပ်​လုပ်​ထားတဲ့
လက်​​ဆောင်​​လေး.."
အဖြစ်​အပျက်​ကိုပြန်​​ပြော​နေရင်း တစ်​ဂျိုက်​​မော့လိုက်
ပြန်​သည်​။ Jiyangသည်​ တစ်​ဖြည်းဖြည်းမူးလာရာ
ခုံ​ပေါ်သို့​မှောက်​အိပ်​လိုက်​သည်​။ Haoxuanသည်
မူး​နေ​သော Jiyangကို ခိုးနမ်းလိုက်​ပြီး ကြိတ်​ရယ်​​နေ
လေသည်​။ Haoxuanက
"ဟုတ်​​သေးပါဘူး...ငါတို့က ရည်းစားဖြစ်​​နေပြီးကို..
ခိုးနမ်းစရာမလို​တော့ဘူးဘဲ..ကိုကို...Jiyang​ကော
ကော...ထပါအုံး..."
"ထချင်​ဘူးးး...ငါ့ကိုချီသွား.."
"​ဗျာ...​အော်​..ဟုတ်​..."
Haoxuanသည်​ Jiyangကို ​ပွေ့ချီသွားပြီးအခန်းထဲ
ရှိကုတင်​​ပေါ်သို့တင်​လိုက်​ပြီး Haoxuanက အ​ပေါ်က
နေအုပ်​မိုးလိုက်​သည်​။ ထိုအခါ Haoxuanသည်
Jiyangအား စိတ်​ကြိုက်​နမ်း​လေ​တော့သည်​။ ​ထို့
နောက်​မှာ​တော့...................
မနက်​​ရောက်​​သောအခါ Jiyangသည်​ အရင်​နိုးလာ
ပြီး
"အားးးးးးးး....."
ငှက်​​တွေ​တောင်​လန့်​သွား​လောက်​တဲ့အထိ Jiyangရဲ့
အော်​သံသည်​ ကျယ်​​လောင်​လွန်း​လေသည်​။
.......
ဘာဖြစ်​သွားတယ်​ထင်​လဲဟင်​...😏😏😏😏
အကျင့်​ပုတ်​လိုက်​အုံးမယ်​...ဟင်း...ဟင်း...
#Kyelsin