Part-7
801 74 0
Zawgyi
Haoxuanသည်​ jiyangရဲ့ခါးကိုအတင်းဖက်​ထား
ပြီး တွန်းလွှတ်​လို့မရ​အောင်​ နမ်း​နေ​လေသည်​။ ​ဆေခန်းနားသို့ ချည်းကပ်​လာ​သော လူတစ်​​ယောက်​ရဲ့​ခြေသံ
ကြား​သောအခါ Jiyangသည်​ ကြံရာမရသည့်​အဆုံး
Haoxuanရဲ့ ​ခြေ​ထောက်​ကိုနင်းချလိုက်​​လေသည်​။
Haoxuanက နာကျင်​ရာ
"Ouch...."
အသံထွက်​လာသည့်​အတွက်​ jiyangသည်​ Haoxuanရဲ့ပါးစပ်​ကို ဖုံးအုပ်​လိုက်​သည်​။ jiyangက
တိတ်​​တိတ်​​နေရန်​ လက်​ဟန်​ပြပြီး တစ်​ဖြည်းဖြည်းနီး
လာ​သော ​ခြေသံကို ဂရုစိုက်​နား​ထောင်​​လေသည်​။ ​ခြေ
သံမှာ နီးသထက်​နီးလာပြီး တံခါးကိုလာဖွင့်​​လေသည်​။
လော့ချထား​သော​ကြောင့်​ ဖွင့်​မရဘဲ ပြန်​လှည့်​သွားခဲ့
သည်​။ အမှန်​ထိုသူမှာ jiyangကို ​နောက်​​ယောင်​ခံခိုင်း
ထား​သော Haoxuanရဲ့အ​ဖေ လွှတ်​ထား​သောသူ
ဖြစ်​သည်​။ ​ဆေးခန်းတံခါးဖွင့်​မရသည့်​အတွက်​ ပြန်
လှည့်​သွားသည်​နှင့်​ jiyangသည်​ အုပ်​ထား​သော
Haoxuanရဲ့ပါးစပ်​ကို ဖွင့်​​ပေးရင်း
"ဟူး...hsoxuan...​နောက်​ဆို ငါနဲ့​ဝေး​ဝေး​နေ​စေချင်
တယ်​..."
"ဘာလို့လဲ...ကျွန်​​တော်​အတင်းနမ်းလိုက်​လို့လား.."
"မဟုတ်​ဘူး...ဦး​လေးလည်း ငါ​ပြန်​​ရောက်​​နေတယ်
ဆိုတာ သိ​နေပြီး...မင်းနဲ့နီးနီးကပ်​ကပ်​​နေရင်​ ငါဘယ်
တော့မှ ​ကောင်း​ကောင်း​နေရမှာမဟုတ်​ဘူး...ငါဘာ
ပြောချင်​လဲဆိုတာ သိတယ်​ဟုတ်​..သွား​တော့မယ်​.."
Jiyangသည်​ ပြက်​ပြက်​သားသား​ပြောပြီးသည်​နှင့်
ဆေး​ပေးခန်းထဲမှ ထွက်​သွား​တော့သည်​။ jiyangရဲ့
စိတ်​ထဲ၌ နာကျင်​​နေသလိုနှင့်
"ငါ့ရဲ့တကိုယ်​​ကောင်းဆန်​မှုကို ခွင့်​လွှတ်​​ပေးပါ...
Haoxuan..."
မျက်​​ရည်​များစီးကျကာ စိတ်​ထဲ၌ ​ပြော​နေ​လေသည်​။
ဆေး​ပေးခန်းထဲတွင်​ Haoxuanတစ်​​ယောက်​သာ ကျန်
ရစ်​ခဲ့​တော့သည်​။ ထိုအခန်းထဲသို့ ​ရောက်​လာ​သော
သူငယ်​ချင်းများက
"Haoxuan...ဘယ်​လိုလဲ...ဆရာနဲ့...အဆင်​​ပြေ
လား..."
"ငါတို့...ဒီ​နေ့ဘယ်​သူနဲ့ကစားဖို့ရှိလဲ..."
"အမ်​...ဟို...ဟိုတစ်​​ခေါက်​က မင်းထိုးလိုက်​​တဲ့​ကောင်
တွေက သူတို့နဲ့ပြန်​ဖိုက်​ဖို့ ​နေရာချိန်းလိုက်​တယ်​...မင်း
ဆရာနဲ့ ​ပျော်​​နေတာနဲ့ဘဲ ငါတို့မ​ပြောဘဲ ​နေ​နေတာ.."
"ဒါဆို...ဒီ​နေ့လုပ်​လိုက်​..."
"ဘာ...ရုတ်​တရက်​ကြီး..."
"ဒီည​နေ ​ကျောင်းအ​နောက်​ဖက်​မှာ ပြန်​ချိန်းလိုက်​..."
"ဟုတ်​ပြီး..."
Haoxuanသည်​ ​ပြောပြီးသည်​နှင့်​ Jiyangပြင်​ထား​ပေး​သော နက်​ကတိုင်​ကို​ဖြေ​လျော့ပြီး ​ကျောင်းကုတ်
လက်​ရှည်​ကို ​တံ​တောင်​​စေ့ထိ ​ခေါက်​တင်​ကာ ​ဘောင်း
ဘီအိတ်​ထဲ လက်​ထည့်​ရင်း အပြင်​သို့ ထွက်​သွား​တော့
သည်​။ ကျန်​ခဲ့ပြန်​​သော သူငယ်​ချင်းများက
"Haoxuan..ဘာဖြစ်​သွားတာလဲ...​ဆရာနဲ့အ​ဆင်​မ
ပြေဘူးလားမသိ..."
"ထားလိုက်​ပါ​တော့...သူ့အ​ကြောင်း​တွေ ငါတို့မှ မသိ
တာ...ငါ​တော့ ဒီည​နေအတွက်​ ရင်​ခုန်​တယ်​..ကိုယ်
လက်​မလှုပ်​ရှားရတာ ကြာပြီး​လေ..."
"ဟူး...မင်းက​တော့...သွားမယ်​..လာ.."
အတန်းထဲတွင်​ စာသင်​​နေသည်​ကို စိတ်​မ​ရောက်​ဘဲ
အပြင်​ကို​ငေးကြည့်​​နေ​သော Haoxuanရဲ့ စိတ်​ထဲ၌
Jiyang​ပြောသည့်​စကားများကိုသာ ကြား​ယောင်​​နေ
မိသည်​။ Haoxuanသည်
"ကိုကို...​ပြောချင်​တာက သူ့ကို​နောက်​​ယောင်​ခံထား
တာ သူသိ​နေတယ်​​ပေါ့...ဟ....လုပ်​ရက်​တယ်​​နော်
....အ​ဖေ...."
စိတ်​ထဲ၌ ​တွေး​နေမိသည်​။ ည​နေပိုင်း​ကျောင်းဆင်း
ချိန်​ ..jiyangသည်​ Haoxuanရဲ့အ​ဖေဖြစ်​သူနှင့်
ချိန်းထားသည့်​​နေရာကို ​​ရောက်​သွား​လေသည်​။ ​ကော်
ဖီဆိုင်​ထဲတွင်​ ဘယ်​သူမှ မရှိဘဲ ဦး​လေးတစ်​​ယောက်​သာရှိ၍ တိတ်​ဆိတ်​​နေသည်​။ Jiyangသည်​ အသက်
ပြင်းပြင်းရှူကာ ဦး​လေး​ရှေ့သို့ ရဲရဲကြီး​လျှောက်​သွား
ပြီး
"မင်္ဂါလာပါ....ဦး​လေး..."
"​အေး...မ​တွေ့တာကြာပြီး​နော်​..."
"ဟုတ်​..."
"ထိုင်​ပါအုံး.."
Jiyangသည်​ ဦး​လေး​ရှေ့တွင်​ ထိုင်​ပြီး​နောက်
"ပြန်​​ရောက်​တာ ဘယ်​​လောက်​ရှိပြီးလဲ..."
"တစ်​ပတ်​​လောက်​ရှိပါပြီး..."
"​အော်​...အခု​ရော ဘယ်​မှာ​နေပြီး...ဘယ်​မှာအလုပ်
လုပ်​​နေလဲ..."
"​ဦး​လေး သိပြီးသားလို့ထင်​တယ်​..."
"ဟားဟားဟားဟား......မင်းက အရင်​လိုဘဲ ဉာဏ်
ကောင်း​နေတုန်းဘဲကိုး....မင်း​နောက်​ကို လိုက်​​နေမှန်း
ဘယ်​လိုသိတာလဲ..."
"ဦး​လေးက အမြဲတမ်းကျွန့်​​တော့​နောက်​ လူလွှတ်​ထားတာဘဲ...ဟိုမှာ​နေလဲတူတူဘဲ​လေ..."
"​အေးပါ...ဟုတ်​ပါပြီး....ဒါနဲ့...Haoxuanက မင်း
အနားပြန်​ကပ်​​နေတယ်​​နော်​..."
"ဦး​လေးစိတ်​မပူပါနဲ့...ဦး​လေးစိတ်​ပူ​နေသလို့ ဖြစ်​လာ
မှာမဟုတ်​ပါဘူး..."
"ငါမင်းကို ယုံကြည်​ပါတယ်​....မင်း ဘယ်​​တော့မှ ငါ့
ကို သစ္စာမ​ဖောက်​ဘူးဆိုတာ...​ရှေ့​လျှောက်​လည်း
မင်းကိုယုံ​နေမယ်​​နော်​..."
"ဟုတ်​ကဲ့...​ပြောစရာမရှိရင်​ ကျွန်​​တော်​သွား​တော့
မယ်​..."
"မင်းကလည်း ပြက်​သားလိုက်​တာ...​နေပါအုံး...
နောက်​တစ်​လကြာရင်​ Haoxuanရဲ့​မွေး​နေ့ပွဲရှိတာ
သိတယ်​ဟုတ်​..."
"ဟုတ်​..."
"ဒီမှာ ဖိတ်​စာ...ဒီပွဲကို မင်းတတ်​ရမယ်​..."
"တတ်​ဖြစ်​​အောင်​ ကြိုစားပါ့မယ်​...ဒါဆိုသွားခွင့်​ပြု
ပါအုံး..."
Jiyangသည်​ အားတင်းကာ​ပြောပြီး အပြင်​ထွက်​လာ
လေသည်​။ ​ကော်​ဖီဆိုင်​အ​ကွေ့နားသို့ ​ရောက်​သည်​နှင့်
ထိုင်​ချလိုက်​ပြီး တစ်​ကိုယ်​လုံးတုန်​လှုပ်​​နေသည်​။
"အခုထိ ငါသူနဲ့စကား​ပြောလိုက်​​တိုင်း တုန်​လှုပ်​တာ
မ​ပျောက်​သွား​သေးဘူးဘဲ...ဟူး..."
Jiyangသည်​ နံရံကိုကိုင်​၍ အားယူပြီးထကာ အိမ်​သို
ပြန်​ခဲ့​လေသည်​။ တစ်​ဖက်​၌ ​ကျောင်း​နောက်​ဖက်​တွင်
ရန်​ဖြစ်​ရန်​ စုလာကြ​သော ​ကျောင်းသားနှစ်​စု.....
အုပ်​စုတစ်​စုစီတွင်​ ​ခေါင်း​ဆောင်​အဖြစ်​ထား​သော 
ကျောင်းသားတစ်​​ယောက်​စီရှိသည်​။ အုပ်​စုတစ်​စုရဲ့
ခေါင်း​ဆောင်​က​တော့ Haoxuanဖြစ်​သည်​။ တစ်​ဖက်
ကျောင်းသားက
"မင်းက ​ခေါင်း​ဆောင်​လား...ကြည့်​ရတာ​တော့ မင်း
ကမိန်းက​လေးလိုဘဲ...အ​ကောင်​​သေး​သေးနဲ့..."
နှိမ်​၍​ပြောကာ ရယ်​ကြ​လေသည်​။ Haoxuanသည်
Jiyang​ပြော​သောစကား​ကြောင့်​ စိတ်​တို​နေရာ
"ငါမိန်းက​လေးဟုတ်​လားမဟုတ်​လား သိချင်​ရင်
စမ်းကြည့်​​လေ..."
"ဘယ်​လိုစမ်း​စေချင်​လဲ....ငါနဲ့တစ်​ည မိုတယ်​သွား
မလား..."
"ဟာ...​တော်​​တော်​စကားများတဲ့​ကောင်​..."
Haoxuanရဲ့ သည်းခံနိုင်​စွမ်းကုန်​ဆုံးသွားရာ အရှိန်
ဖြင့်​​ပြေးပြီး ​​အဓိက​နေရာကို​ပြေးကန်​လိုက်​​လေသည်​။
(ဘယ်​​နေရာလဲ သိတယ်​ဟုတ်​..😁😁) ထို​နေရာကိုထိခိုက်​သွား​သော ထို​ကျောင်းသားသည်​ ​အောက်​သို့
ပျော့​ခွေကျသွားပြီး ​မြေပြင်​​ပေါ်တွင်​ လှဲ​နေရသည်​။ ထို
အခါ ​Haoxuanက ​ဆောင့်​​ဆောင့်​ထိုင်​လိုက်​ပြီး
"ငါက မိန်းက​လေးနဲ့တူလား...မင်းကမိန်းက​လေးနဲ့
တူလား...သိပြီးမဟုတ်​..."
"မင်း....​ဟေ့​ကောင်​​တွေ ဘာလုပ်​​နေတာလဲ..သူ့ကို
ချကြ​လေကွာ..."
ထို​ကျောင်းသားရဲ့အမိန့်​နဲ့ တခြား​ကျောင်းသားများ
Haoxuanတို့ထံသို့တိုးဝင်​ကာ ဖိုက်​ကြ​လေသည်​။
ညဘက်​​ရောက်​​သောအခါ Jiyangရဲ့တိုက်​ခန်း၌
ရေချိုးပြီးထွက်​ဘာ​သော Jiyangသည်​ ​အေး​အေး
ဆေး​ဆေးနဲ့ ​ခေါင်းသုတ်​​နေစဉ်​ တစ်​​ယောက်​​ယောက်
က ဘဲလ်​ကိုအဆက်​မပြတ်​တီး​နေ​သည်​။ Jiyangက
"ဘယ်​သူက ဘာလို့အဲ့​လောက်​တီးရတာလဲ..."
ပွစိပွစိ​ပြော​နေရင်း တံခါးသွားဖွင့်​လိုက်​သည်​။ တံခါး
ဖွင့်​လိုက်​ချိန်ွေင်​ ဘယ်​သူမှမရှိ​​ချေ။ Jiyangက 
ကြောင်​သွားပြီး
"အဲ...ဘယ်​သူမှလည်းမရှိဘူး..."
အပြင်​ကိုထွက်​ပြီး မျက်​စိကစားလိုက်​ရာ တံခါး​ထောင့်
တွင်​လဲ​နေ​သော Haoxuanကို ​တွေ့​လေသည်​။ ​ခေါင်း
မှာ​သွေး​တွေ စီးကျ​နေ​သော Haoxuanကို ​တွေ့ရာ စိုး
ရိမ်​တကြီးနဲ့ ​လှုပ်​​မေး​လေသည်​။
"Haoxuan....Haoxuan....ဘာဖြစ်​တာလဲ...​ဟေ့
....သတိထားအုံး​လေ...​ဟေ့..."
Haoxuanသည်​ Jiyangရဲ့လှုပ်​နှိုးတဲ့အရှိန်​​ကြောင့်
နိုးလာပြီး
"ကိုကို....ဟီးဟီး..."
တစ်​ချက်​ပြုံးရင်း ​မေ့လဲသွား​လေသည်​။ Jiyangသည်
ပိုပြီး ပြာယာခက်​သွားပြီး အထဲသို့ တွဲ​၍ဆွဲသွင်း​လေ
သည်​။ Jiyangရဲ့ အခန်းထဲရှိ ကုတင်​​ပေါ်တွင်​ ​ပေးလှဲ
ချပြီး ​သွေး​တွေသုတ်​ရန်​ ​ရေ​နွေးသွားစပ်​​လေသည်​။
အခန်းထဲပြန်​​ရောက်​လာပြီး ​ရေ​နွေးနဲ့​ဖြေး​ဖြေးချင်
သုတ်​​ပေး​နေ​လေသည်​။ ဒဏ်​ရာရဲ့ဒဏ်​​ကြောင့်​ ​အဖျား
ဖြေး​ဖြေးချင်းတတ်​လာပြီး ​ယောင်​​လေသည်​။
"အ​မေ....အ​မေ...ကျွန်​​တော့ကို ထားမသွားပါနဲ့...
အ​မေ....အ​မေ..."
Haoxuanသည်​ အ​မေဖြစ်​သူကိုတမ်းတ​နေရာ Jiyangသည်​ သနား​သောအကြည့်​ဖြင့်​ ကြည့်​ကာ
Haoxuanရဲ့ လက်​ကိုဆုတ်​ကိုင်​​​ပေးရင်း
"စိတ်​မပူပါနဲ့...ကိုယ်​ရှိတယ်​....ကိုယ်​ရှိတယ်​.."
ဘေးမှ တစ်​ဖွဖွ​ပြော​နေ​ပေးရင်း နှစ်​သိမ့်​​ပေး​နေ​တော့
သည်​။
........