Zawgyi
Haoxuanသည် Bowenအား ရန်စသောအကြည့်ဖြင့်
ကြည့်သွားပြီးနောက် အခန်းပြန်ရာလမ်း၌ Jiyangရဲ့
ခါးကို တင်းတင်းဖက်ပြီး
"ကိုကို...အဲ့တဏှာရူး...အဲ..ဟုတ်ပါဘူး...အဲ့ဆရာ
ဝန်နဲ့ ဝေးဝေးမှာနေ..."
"ဟောဗျာ....နေရင်းထိုင်ရင်းနဲ့ ဘာဖြစ်ပြန်တာလဲ.."
"သူ ကိုကို့ကို ကြည့်တဲ့အကြည့်ကို မကြိုက်ဘူး..ကို
ကို့ကို အစိမ်းသပ်သက်ဝါးစားတော့မဲ့ အတိုင်းဘဲ.."
"သူက ကိုကို့သူငယ်ချင်းဆိုတော့ သူများနဲ့ကြည့်တဲ့အ
ကြည့်က ဘယ်တူပါ့မလဲ..."
"ကျွန်တော်ကြောက်တယ်..."
"စာတွေရထားပြီးပြီးဘဲ မဟုတ်လား..ဘာကိုကြောက်
နေတာလဲ .."
"မဟုတ်ဘူး...ကျွန်တော်ကြောက်တာ စာမေးပွဲကိုမဟုတ်ဘူး..ကိုကို ကျွန်တော့ကိုထားသွားမှာကို
ကြောက်တာ..."
ထိုစကားကိုကြားသွားသော Jiyangသည် ခြေလှမ်း
များရပ်တန့်သွားလေသည်။ Haoxuanလည်း ရပ်တန့်
သွားသော Jiyangများနောက်တွင် ရပ်တန့်သွားပြန်
သည်။ Jiyangက
"မင်း...ဘယ်လိုအကြောင်းကြောင့် ဒီလိုတွေးရတာ
လဲ..."
"ကိုကိုက လူတွေကိုအပြုံးနဲ့နှုတ်ဆက်၊ စကားပြော
တယ်လေ..ပြီးတော့ လူတွေကလည်း ကိုကိုရဲ့ချိုသာ
တဲ့အပြောတွေ အပြုံးတွေမှာ ကျဆုံးသွားကြတယ်
လေ...အဲ့တော့..သူတို့တွေ ကိုကို့ကို ကျွန်တော့်ဆီက
ဆွဲထုတ်သွားကြမှာကို ကြောက်နေတာ..."
Haoxuanသည် ပြောနေရင်းနဲ့ မျက်နှာငယ်လေးနဲ့
ခေါင်းစိုက်သွားလေသည်။ Jiyangသည် အောက်စိုက်
သွားသော ခေါင်းကိုသူ့လက်ဖြင့် ပြန်မော့ပေးရင်း
ပါးနှစ်ဖက်ကို လက်ဖြင့်ညင်သာစွာကိုင်ကာ
"ရှန့်ရှန့်...ကိုကို့ကို ဘယ်လိုတွေထင်နေတာလဲ..ဟမ်
...ကိုက အဲ့လောက်လွယ်တဲ့သူလို့ထင်နေတာလား.."
"ဒါမဲ့..."
"တော်ပြီး...ဆက်မပြောနဲ့တော့...ကိုက ဒီမှာရပ်နေတဲ့
Haoxuan တစ်ယောက်ထဲကိုဘဲ အမြဲချစ်နေမှာပါ..
နော်..."
"အားးး.. ..ရင်ထဲထိတယ်ဗျာ...ကျွန်တော့ကို နမ်းပါ
အုံး..."
Haoxuanက အပျော်လွန်ပြီးဖက်နမ်းရန်ပြင်ရာ Jiyangသည် ချက်ချင်းဘဲ လက်နှင့်မျက်နှာကိုကာထားလေသည်။ Jiyangက
"တော်တော့..စာမွဲဖြေရမယ်...သွားအခု..."
"အာ...ကိုကို...ကိုကိုလို့.. "
"ထပ်မပြောနဲ့တော့...သွား...စာမွဲခန်းထဲဝင်တော့..."
"ကိုကို..."
Haoxuanသည် ကလေးတစ်ယောက်လိုခြေဆောင့်
ရင်းကျန်ရစ်ခဲ့တော့သည်။ စာမေးပွဲခန်းစောင့်တဲ့
ချိန်တွင် Haoxuanသည် စောစောစီးစီးဖြေပြီးတော့
ပျင်းနေသည်နှင့် ခုံတွေကြားထဲ၌ ဖြတ်လျှောက်နေ
သော Jiyangကိုတွေ့သောအခါ စချင်သောစိတ်(အ
ချစ်စမ်းချင်တဲ့စိတ်)ဖြစ်လာကာ Haoxuanသည်
Jiyangအား
"ဆရာ...ဒီမေးခွန်းက မထင်မရှားဖြစ်နေတယ်.."
"ဟုတ်လား...ပြပါအုံး..(ဘယ်ချိန်ဘဲလိမ်လိမ် အလိမ်
ခံရသော ချိဖ).."
"ဒီမှာလေ..ဆရာ..."
Jiyangက Haoxuanပြသော မေးခွန်းကိုကြည့်လိုက်
ရာ ဘောပင်နဲ့သက်သက်ခြစ်ထားသော နေရာဖြစ်လေ
သည်။ Jiyangသည် Haoxuanအား စိတ်ပျက်သော
အကြည့်ဖြင့် ကြည့်ရင်း
"Haoxuan..."
"ဗျာ..."
"စာမေးပွဲခန်းက ဆော့တဲ့နေရာမဟုတ်ဘူးနော်.. "
Jiyangသည် ကိုင်ထားသော တုတ်နဲ့ခေါင်းကိုခေါက်
ပြီး
"သေချာပြန်စစ်...."
စာမွဲဖြေစဉ် တစ်ရက် နှစ်ရက် စာမွဲပြီးသည်အထိ
Haoxuanသည် Jiyangအား တစ်မျိုးမဟုတ် စစနေ
သည်။ နှစ်ရက်မြောက်နေ့တွင် မေးခွန်းစာရွက်ရေးထားသော စာကို Jiyangအား ခေါ်ပြပြီး
"ဆရာရေ...."
Jiyangလည်း အမှတ်မရှိဘဲ Haoxuanရေးထား
သောစာကို ဖတ်ပြန်သည်။
"ကိုကို...ကျွန်တော့ကိုချစ်လား...
ကျွန်တော်ကတော့ အရမ်းရမ်း ချစ်တယ်...."
ထိုစာကိုဖတ်ပြီး Jiyangသည် ဝမ်းလည်းသာသလို
ရှက်လည်း ရှက်သွားလေသည်။ Jiyangက ရုပ်ပြန်
တည်ကာ
"အဟမ်း...Haoxuan...မင်း စာမွဲဖြေလို့ပြီးရင် အ
ပြင်ထွက်နေ..."
ဒုတိယမြောက်နေ့
စာမွဲဖြေသည့်ခုံနေရာ နောက်ဆုံးကျသောအခါ Haoxuanသည် Jiyangအား အနောက်မှ စာဖြေပြီး
သည်နှင့် မျက်တောင်မခက်တမ်း ထိုင်ကြည့်နေပြန်
သည်။ Jiyangသည် နေမထိထိုင်မထိဖြစ်ကာ လမ်း
လျှောက်နေသည်။ Jiyangလျှောပ်သည့်နေရာကို
မျက်လုံးတစ်စုံက မလွတ်တမ်း လိုက်ကြည့်နေသည်။
တတိယမြောက်နေ့
Haoxuanသည် စာမေးပွဲခန်းထဲသို့ ဖုန်းခိုးယူလာ
ပြီး Jiyangအား စာခိုးပို့ပြန်သည်။ ပို့ထားသည့်စာ
ကို Jiyangဖတ်ကြည့်ရာ
"ကိုကို...ဒီနေ့အရမ်းလှနေတယ်...ကျွန်တော့်
စိတ်ကို မနည်းထိန်းချုပ်နေရတယ်...😘😘 ကျွန်
တော့ကိုအဲ့လောက်ထိ မဆွဲဆောင်ပါနဲ့လား..."
ထိုစာရပြီးသည်နှင့် Jiyangသည် Haoxuanရှိရာ
နေရာကို လှမ်းကြည့်ရာ Haoxuanသည် မသိသလိုနဲ့ သူစာသူ ဖြေနေလေသည်။ စာမွဲနောက်ဆုံးနေသို့
ရောက်သောအခါ Haoxuanရဲ့ အဖေသည် Jiyang
အား ဖုန်းဆက်ပြီး အိမ်လာဖို့ ဖိတ်လေသည်။ Jiyang
လည်း ထိုအိမ်တော်သို့ ရောက်သွားရာ အိမ်ဖော်တွေ
ပြောသံများကို နားစွန်းနာဖျားကြားလေသည်။
"ဘွဲ့ရပြီးတာနဲ့ သခင်လေးနဲ့ သခင်မလေး An rinကို
လက်ထပ်ပေးတော့မယ်တဲ့လေ..."
"ငါကြားတာတော့ သခင်လေးက သခင်မလေးကို
လုပ်လိုက်တဲ့ကိစ္စ တာဝန်မယူဘူးတဲ့..."
"အာ့ကြောင့် ဖြစ်လိမ့်မယ်...ငါမထင်ထားဘူး...
သခင်လေးက အဲ့လိုလူမှန်း..."
"လာလာ...ငါတို့အလုပ်လုပ်ရအုံးမယ်..."
ထိုစကားများကြားပြီးနောက် Jiyangသည် အကြီး
ကျယ်ဝမ်းနည်းသွားကာ Haoxuanရဲ့အဖေကိုမတွေ့
တော့ဘဲ ပြန်လှည့်ထွက်သွားလေသည်။ ပြန်လှည့်
ထွက်ချိန်တွင် Haoxuan နဲ့တိုးရာ
"ကိုကို...ဘယ်လိုရောက်လာတာလဲ.. .."
"ဖယ်..."
"ကိုကို.. "
"ဖယ်လို့ပြောနေတယ်လေ...မင်းက အဲ့လိုလူမျိုး
လား..."
"ဘာတွေပြောနေတာလဲ.. ."
"မင်းလုပ်ထားတဲ့ကိစ္စကို မင်းတာဝန်ယူသင့်တယ်.."
"ကိုကို...ဘယ်ကိစ္စ....မဟုတ်မှ.. "
"ဖယ်တော့...မင်းအဖေကို ပြောပေးပါ...ငါ ဒီနေ့နေ
မကောင်းလို့ ပြန်သွားတဲ့အကြောင်း..."
"ကိုကို...နေ.. နေပါအုံး.. "
Haoxuanသည် အနောက်မှပြေးလိုက်ပေမဲ့လည်း
An rinက ရောက်လာပြီး Haoxuanရဲ့လက်မောင်း
ကိုအတင်းဆွဲထားတော့သည်။ An rinက
"ဘာဖြစ်နေတာလဲ..."
"မင်း...အဲ့ကိစ္စကို ခုထိမရှင်းရသေးဘူးလား..."
"ရှင်းပြီးပြီးလေ..."
"ဒါဆို အိမ်ဖော်တွေပါးစပ်မှာ ပြောနေကြသေးတာ
လဲ..."
"အဲ့...အဲ့ဒါက..."
Haoxuanသည် An rinလက်ကိုခါချကာ Jiyang
အနောက်သို့ပြေးလိုက်ရန်လုပ်ပေမဲ့လည်း An rin
က လက်ကိုအသေဆွဲကာ
"နင့် အဖေခေါ်နေတယ်...အခုချက်ချင်း..."
ထိုအခါ Haoxuanသည် Jiyangအနောက်လိုက်ရန်
လက်လျော့ပြီး သူ့အဖေဆီကိုသာ သွားလိုက်တော့
သည်။ Jiyangသည် အိမ်တော်ရဲ့အပြင်ကိုရောက်
လာပေမဲ့လည်း
"မင်း ဘာလို့ငါ့အနောက်လိုက်လာပြီး မရှင်းပြရတာ
လဲ...ဘာလို့လဲ..."
Jiyangသည် ဝမ်းနည်းပတ်လက်ဖြစ်ကာ ထိုင်ချပြီး
အော်ဟစ်ငိုကြွေးလေတော့သည်။
........
Se ဖြစ်အောင်ရေးလိုက်ရရင်ဖြင့်....😏😏😏ဟင်းဟင်း
ဟင်း......readerတို့ ဘယ်လိုတွေဖြစ်သွားမလဲဟင်
#Kyelsin
✨✨✨✨✨✨✨✨✨✨✨
Unicode
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်