Zawgyi
Haoxuanနှင့် jiyangတို့နှစ်ယောက်သားအချိန်ကြာမြင့်စွာ အိပ်ပျော်သွားကြ
သည်။ jiyangသည် ပျော့အိနေသောအိပ်ရာပေါ်တွင်
တစ်ယောက်ထဲအိပ်ပျော်နေတုန်း လေအေးလေးက
သူ့အားတိုးဝင်တိုက်ခက်လာလေသည်။ လေအေး
ကြောင့် တစ်ဖြည်းဖြည်းနိုးလာပြီး မျက်လုံးကိုပွတ်ကာအိပ်နေရာမှ ထကြည့်လိုက်သည်။ ကိုယ်ပေါ်တွင်
လည်း ဝတ်စုံပြည့်၊ မရင်းနှီးနေသောနေရာ ထိုအ
ကြောင်းရာများကြောင့် Jiyangသည် လန့်နေရင်း
Haoxuanကိုလိုက်ရှာနေသည်။ ထိုအချိန်တွင် ကျော
ကိုမှီရင်း တံခါးကိုတွန်းဖွင့်၍ဝင်လာသော Haoxuan
အားမြင်သည်နှင့် ဝမ်းသာနေပေမဲ့လည်း စိတ်ဆိုးကာ
ခေါင်းအုံးနှင့် ကောက်ပေါက်လိုက်လေသည်။ Haoxuanသည် သူဘာလုပ်မိမှန်းမသိသည်နှင့်
"အာ...ကိုကို...ဘာဖြစ်တာလဲ..."
"မင်းဘာလို့ငါ့တစ်ယောက်ထဲထားသွားရတာလဲ.."
"ကိုကိုက မနိုးသေးတော့နိုးလာရင် ဗိုက်ဆာနေမှာစိုး
လို့ ကိုကို့အတွက်မနက်စာသွားယူပေးတာ..."
"ငါ...ငါစိတ်ထင်...ငါတို့ထပ်ကွဲနေတယ်...ထင်လို့.."
Jiyangသည် ပြောနေရင်းနဲ့ မျက်ရည်များကျကာ
ငိုကြွေးလေသည်။ Haoxuanသည် ယူလာသောမ
နက်စာပူပူလေးကို ဘေးခုံတွင်တင်ရင်း Jiyangအား
ပွေ့ဖက်နှစ်သိမ့်ပေးလေသည်။ jiyangသည် Haoxuanရင်ခွင်ထဲက မရုန်းထွက်ဘဲ
"မင်းနဲ့ခွဲနေရတဲ့ တစ်ပတ်ကဘယ်လောက်ကြာလဲသိ
လား...မင်းအတွက်တော်မသိပေမဲ့ ငါ့အတွက်တော့
တစ်လ၊ တစ်နှစ်လောက်ကြာခဲ့သလိုဘဲ..."
"အို...ကိုကိုရယ်...ကျွန်တော့သူငယ်ချင်းပြောပြပါ
တယ်...ကိုကို ကျွန်တော့ကိုလွမ်းလို့ ပြတင်းပေါက်နား
မှာဘဲ ထိုင်နေတတ်တယ်ဆို..."
"လွမ်းလို့မရဘူးလား..."
"ရတာပေါ့...ရတာပေါ့..."
Jiyangသည် Haoxuanရင်ဘက်ကိုမျက်နှာအပ်ရင်း
မပီတပီနဲ့ ရေရွတ်နေသည်။ Haoxuanမျက်နှာသည်
မျောက်ငှက်ပျောသီးရထားသည့်ရုပ်ဖြင့် ကျေနပ်နေ
ပြီး Jiyangအားတင်းတင်းကြီးဖက်ထားတော့သည်။
သူတို့ရှိရာအခန်းထဲသို့ Haoxuanရဲ့သူငယ်ချင်းနှစ်
ယောက်နဲ့ Bowenတို့က ဝင်လာပြီး
"ဟေ့...ရေသွားဆော့ရအောင်..."
"ဘာ...နေအုံး..ငါတို့ဘယ်ရောက်နေတာလဲ..."
"အောင်း...ဆရာမသိသေးဘူးလား...ဒီကျွန်းက ကျွန်
တော်တို့မိသားစုပိုင်တဲ့အချစ်ကျွန်းလေ..."
"ဘာ..."
"ဒီကျွန်းကလူတွေက အရမ်းချစ်ကြတဲ့သူတွေလေ..
အဲ့ဒါ ဆရာတို့နှစ်ယောက်ကိုမနာလိုလို့ ကျွန်တော်တို့
နှစ်တစ်ထောင် Faတွေက အတွဲလာရှာတာ...နော့်.."
ပြောရင်းနဲ့ပင် Haoxuanရဲ့သူငယ်ချင်းသည် Bowen
အား ရိုက်လိုက်လေရာ
"ဟေ့...ငါကနှစ်တထောင် Faမဟုတ်ဘူး...ငါမှာ
ကြိတ်ခွက်ရှ်နေတဲ့သူရှိတယ်..."
"အမ်...."
Bowenက ရှက်ရမ်းရမ်းသော မျက်နှာဖြင့်ပြောလိုက်
ရာ အားလုံးက အံ့ဪသွားပြလေသည်။ ထိုအခါ
Bowenသည် စကားလမ်းကြောင်းလွှဲကာ
"အဟမ်း...ရေကူးကြမယ်ဆို..."
"ဟုတယ်..ဒီရောက်ပြီးမှ ရေမကူးရဘူးဆိုရင် ဘယ်
ပျော်စရာကောင်းမှာလဲ...ကဲ..သွားကြမယ်...မင်းတို့
နှစ်ယောက်ရော လိုက်မှာလား..."
Jiyangသည် ဘာမှမဖြေဘဲ Haoxuanကိုကြင်နာ
သောမျက်ဝန်းဖြင့် တစ်ချက်ကြည့်လိုက်ရာ Haoxuanသည် ချက်ချင်းဘဲအရေပျော်ကျသွားလေ
သည်။ Haoxuanက
"အဟမ်းဟမ်း...ငါတို့မလိုက်တော့ဘူး..."
"မင်းတို့...ငါသိတယ်နော်..."
"သိရင်လည်း ပြီးရော..လာမနှောင်ယှက်နဲ့...စောင်
FAနှစ်ကောင်..."
"အဟွတ်...ရက်စက်လိုက်တဲ့သူငယ်ချင်း...ဘယ်လို
တောင်ပြောရက်တာ...လာပါ...သွားရအောင်..ဒီမှာ
ရှိနေရင် ငါအသက်ထွက်သွားလိမ့်မယ်..."
သူငယ်ချင်းနှစ်ယောက်သား တစ်ယောက်ကိုတစ်
ယောက်ကျောကိုပွတ်သက် နှစ်သိမ့်ပေးရင်းထွက်သွား
တော့သည်။ အခန်းထဲတွင် bowenနှင့် အချစ်ငှက်နှစ်
ကောင်သာ ကျန်ခဲ့ရာ bowenက
"Haoxuan.. .မင်းနဲ့စကားပြောချင်တယ်...နှစ်
ယောက်ထဲ..."
"ဘာဖြစ်တာလဲ...bowen...အတည်ပေါက်ကြီးနဲ့"
Jiyangက သံသယဝင်ကာ စကားနှိုက်လေသည်။
"ဒီလိုပါဘဲ...နှစ်ယောက်သားရှင်းစရာလေးရှိလို့.."
"သေချာတာပေါ့...ကျွန်တော့တို့ရှင်းစရာရှိတယ်..
ဟိုးရင်ကတည်းက ရှင်းရမှာ.. "
Bowenနှင့် Haoxuanတို့နှစ်ယောက် တစ်ယောက်
မျက်နှာတစ်ယောက်စိုက်ကြည့်ကာ သွေးအေးတိုက်
ပွဲထက်ကို ဆိုးရွားနေသည်ကို ခံစားနေရသော Jiyangက
"အယ်...ငါရော...မင်းတို့နဲ့နေလို့ရလား..."
"လုံးဝဘဲ..."
"ရတယ်လား..."
"မရဘူး..."
Jiyangရဲ့စကားကို နှစ်ယောက်သား တစ်ပြိုင်နက်
ငြင်းပယ်ကြပြီးနောက် ဝရန်တာသို့ထွက်သွားကြ
သည်။ jiyangတစ်ယောက်ထဲကျန်ခဲ့ပြီး
"သူတို့သွားနေတုန်း ငါလည်းရေချိုးအုံးမှ..."
ကုတင်ပေါ်မှ ဆင်းသွားလေသည်။
"အို.. ငါကျောတွေဘာလို့ဒီလောက်နာနေရတာလဲ.."
တဖွဖွပြောရင်း ကျောကိုနည်းနည်းစီပွတ်သပ်ပေးနေ
၏။ ဝရန်တာ၌ Haoxuanက
"ခင်ဗျား ကိုကိုကို ကြိုက်နေတာမဟုတ်လား..."
"သေချာတာပေါ့...ပြီးတော့ မင်းထက်သူ့ကိုအရင်
ကြိုက်ခဲ့တာ..."
"လာနောက်နေတာလား...ကျွန်တော်က ကိုကိုငယ်
ငယ်ကတည်းက ကြိုက်ခဲ့တာ..."
"ဘာဘဲဖစ်ဖစ်...ငါသူကိုကြိုက်တယ်...အဲ့တော့သူ့
ရဲ့အချစ်ကို ရအောင်ယူမယ်..."
"နောက်ကျသွားတယ်လို့ မထင်ဘူးလား..ကိုကိုက
ကျွန်တော့ရဲ့ချစ်သူဖြစ်နေတယ်လေ.."
"ဒါမဲ့...မင်းရဲ့အဖေက သဘောမတူဘူးမဟုတ်လား
.."
"ခင်ဗျား..."
"ဘာလဲ...အခုက မင်းနဲ့ငါက ပြိုင်ဘက်တွေဘဲ.. "
"အချစိပြိုင်ဘက်တွေပေါ့..."
ညနေပိုင်း၌ Jiyang,haoxuan,bowenတို့သုံး
ယောက်သား ထိုကျွန်းရဲ့ဈေးသို့ရောက်ခဲ့သည်။ လူ
စည်ကားနေပြီး ရုပ်ပြပုံပြင်များ၊ သကြားလုံးအရုပ်
မျိုးစုံများနှင့် တခြားစားစရာများစွာ ရှိနေသည်။
Jiyangသည် အလွန်အမင်းဝမ်းသာလွန်းသဖြင့် ဟို
ပြေးကြည့် ဒီပြေးကြည့်နှင့် အပြုံမပျက်နိုင်သော
မျက်နှာကိုမြင်နေရသော Haoxuanနှင့် Bowenတို့
နှစ်ယောက်သား ဟက်ထိသွားလေသည်။ ထိုနောက်
Jiyangအတွက် နှစ်ယောက်သားလမ်းခွဲကာ မုန့်တွေ
သွားဝယ်ပေးလေသည်။ Haoxuanက Jiyangအ
တွက် ရောင်စုံမုန့်လုံးလေးများကိုသွားဝယ်ခဲ့ပြီး Bowenကတော့ ပုံစံဖော်သကြားရုပ်လုံးလေးကို သွား
ဝယ်ပြီး Jiyangအား နှစ်ယောက်လုံးတပြိုင်နက်ကျွေး
ကြလေသည်။ Haoxuan ကျွေးသော ရောင်စုံမုန့်လုံး
လေးအားကြည့်ပြီး Bowenက
"ဟ...မင်းဟာက ကလေးတွေချောင်းဆိုးစာတွေကို
Jiyangကိုလာကျွေးနေတာလား..."
"ဒီမုန့်လုံးတွေက အရမ်းအိပြီးစားကောင်းတယ်..ပြီး
တော့ဒါက ဂျုံနဲ့လုပ်ထားပေးတာ...ခင်ဗျားဟာဘဲ
ချောင်းဆိုးပြီး ကလေးစားတဲ့မုန့်...ဘာတဲ့...သကြား
လုံးတဲ့..ဟဟ.."
"ဒီသကြားလုံးတွေစားရင် ငယ်ဘဝကိုပြန်သတိရသွား
စေတာ မသိဘူးမဟုတ်လား...ဟဟ..Jiyang...စား
ကြည့်..."
"ကျွန်တော့ဟာ...အရင်စား..."
"ငါ့မုန့်အရင်စား..."
"ကျွန့်တော့မုန့်ဆို..."
"ငါ့မုန့်..."
"ကျွန်တော့မုန့်.. "
နှစ်ယောက်သားပြိုင်တူငြင်းနေကြပြီး သူတို့မျက်လုံး
ထဲမှာမီးဝင်းဝင်းတောက်နေကြသော်လည်း Jiyang
မျက်လုံးထဲ၌ နှစ်ယောက်လုံးသူ့အတွက်မုန့်တွေသွား
ဝယ်ပေးနေသော ကလေးလို့သာမြင်နေတော့သည်။
Jiyangက
"ဟဟ...နှစ်ခုလုံးစားပါ့မယ်...မင်းတို့ကလေ..က
လေးလိုဘဲ...အင်...စားကောင်းတယ်...နှစ်ခုလုံး..
လာ ဆက်သွားကြရအောင်..."
.......
ပြန်လာပါပြီးနော်...မျှော်နေတဲ့သူတွေရှိရင်ကောင်း
မှာဘဲနော်....
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်