Zawgyi
အတိတ်ကြောင်းတွေ စဉ်းစားရင်း အပြင်သို့ငေးနေသော Haoxuanအား သူ့အရှေ့တွင်ထိုင်နေသော သူငယ်ချင်းဖြစ်သူက
"ဟေ့...Haoxuan...haoxuan..."
"ဟမ်...ဟမ်...ဘာပြောလိုက်တာလဲ..."
"ငါဘာမှမပြောရသေးပါဘူး...မင်းဘာတွေအတွေးလွန်နေတာလဲ...ဆရာက ဆူလိုက်လို့လား..."
"မဆူပါဘူး..."
"ဘာတွေတွေးနေတာလဲလို့..."
"ဘာမှမဟုတ်ပါဘူးဆို...."
နှစ်ယောက်သားပြောရင်းနဲ့ပင် တခြားဆရာတစ်ယောက်ရဲ့စာသင်ချိန်သို့ ရောက်လာလေသည်။ ဆရာလည်းဝင်လာရော Haoxuanလည်း ခေါင်းစိုက်ကျ
သွားကာ အိပ်ပျော်သွားလေသည်။ ကျောင်းဆင်းချိန် ဆရာများရုံးခန်း၌ Jiyangအား ဆရာမတစ်ယောက်က
"ဆရာ...ဒီနေ့မှအလုပ်ဝင်တာ အဆင်ပြေရဲ့လား.."
"ဟုတ်...ပြေပါတယ်...စစချင်းလုပ်တာဆိုတော့ စိတ်
တော့ လှုပ်ရှားတယ်ဗျ..."
"အစကတော့ ဒီလိုပါဘဲ...နောက်တော့နေသားကျ
သွားပါလိမ့်မယ်ရှင် .."
"ဟုတ်ကဲ့. .ကျွန်တော်ပြန်တော့မယ်နော်..."
"ဟို..ဆရာ...အဆင်ပြေရင် ကျွန်မနဲ့ညနေစာလိုက်စားပါလား..."
"ဒီနေ့တော့ မဖြစ်သေးဘူးဗျ..ကျွန်တော့အထုတ်တွေ
ဖြေရအုံးမှာမို့လိုပါ...နောက်တစ်ခါမှပေါ့..."
"ဟုတ်ကဲ့...ဒါဆိုလည်း ဂရုစိုက်သွားပါ .."
Jiyang ထွက်သွားသည်နှင့် ဆရာမသည် စိတ်ဓာတ်
တွေကျနေချိန် အနောက်မှ ဆရာတစ်ယောက်က
"ဆရာမ..ညနေစာစားဖော်ရှာနေတာလား...ကျွန်
တော်နဲ့သွားစားကြမယ်လေ..."
"မလိုပါဘူးရှင်...ကျွန်မလည်း သွားတော့မယ်နော်"
"အဲ..အဲ..နေပါအုံး...ဆရာမ...ဆ..."
ဆရာမသည် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွား
တော့သည်။ ကျောင်းဂိတ်သို့ စာအုပ်လေး၎အုပ်ကိုင်
ကာ ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ရင်း စ
တိုင်ကျကျလျှောက်လာသော jiyangအား စောင့်
နေသော Haoxuanသည် ဆရာကိုမြင်သည်နှင့်
"ကိုကို..."
Jiyangက စိတ်ပျက်သည့်မျက်နှာထားဖြင့်
"ငါ့ကို ကိုကိုလို့မခေါ်နဲ့...ကျောင်းမှာဆို အပြောအဆို
ဂရုစိုက်ပါ. . "
"အခုက ကျောင်းလွှတ်ပြီး ဘယ်သူမှမရှိတော့ဘူးလေ
...ကိုကိုလို့ ခေါ်လို့ရပြီးမဟုတ်လား..."
"Haoxuan...."
"ကိုကိုက ရက်စက်လိုက်တာ.. ..ငယ်ငယ်ကခေါ်သလို
ရှန့်ရှန့်လိုမခေါ်တော့ပါလား...ကျွန်တော်သိချင်သေး
တယ်...ဘာလို့ကျွန်တော့ကို မပြောဘဲထွက်သွားခဲ့ရ
တာလဲ..."
"တော်ပြီး...အိမ်ပြန်တော့...ဦးလေးစိတ်ပူနေလိမ့်
မယ်..."
"ကိုကို မရှိတဲ့အတောအတွင်း ကျွန်တော်ဘယ်လိုနေ
ခဲ့ရလဲဆိုတာ မသိချင်ဘူးလား..."
"မသိချင်ဘူး...အိမ်ပြန်တော့ .."
"ကိုကို...ကိုကို...ကိုကို jiyang...."
Jiyangသည် နောက်တစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ
ထွက်သွားခဲ့သည်။ Haoxuanလည်း ကျောခိုင်းသွား
သော Jiyangအား စိတ်မကောင်းသည့်အကြည့်ဖြင့်
ကြည့်ရင်း တစ်ယောက်ကျောတ်းယောက်ခိုင်းကာ
ပြန်ခဲ့ကြသည်။ Haoxuan သည် စိတ်တွေညစ်ရင်း
အိမ်ပြန်ရာလမ်းတွင် တစ်ခြားကျောင်းမှ ကျောင်း
သားတွေ ကျောင်းသူလေးတစ်ယောက်ကို လမ်းကြား
ထဲတွင်အနိုင်ကျင့်နေသည်ကိုတွေ့ရာ
"ဟေ့ကောင်တွေ...သူမကိုလွှတ်လိုက်..."
"ဟေ့...ကလေးကကလေးလိုနေပြီး နောက်ပြန်လှည့်
ပြန်တော့..."
"ငါက ကလေးမဟုတ်ဘူး..."
"ဟေ့...မင်းက ပြသနာဖြစ်ချင်နေတာလား..."
"မင်းတို့ သူမကိုလွှတ်လိုက်ရင် ကိစ္စပြီးနေပြီးလေ...
ရန်မဖြစ်ချင်စမ်းပါနဲ့..."
"ဟ...ဒီကောင်တော့ ....ဟေ့..ငယ်ချင်းတွေ သူ့ကို
ပညာပြလိုက်.. "
တစ်ဖက်မှ ကျောင်းသားနှစ်ယောက်က သူ့အနားကပ်
လာပြီး ဖိုက်ရန်ပြင်ဆင်လေသည်။ Haoxuanလည်း
လွယ်အိတ်ကိုပစ်ချပြီး ဖိုက်ကြလေသည်။ နှစ်ယောက်
ကလဲသွားပြီး နောက်ဆုံးတစ်ယောက်က သူ့အားထိုး
ရန် ပြေးလာရာ မျက်နှာကိုပြင်းထန်စွာထိုးလိုက်လိုက်
သည်။ Haoxuanသည် အနောက်ဘက်သို့လဲကျသွား
ပြီး သူကိုယ်ပေါ်တတ်၍ ထိုးပြန်သည်။ အနောက်မှ
ကျောင်းသူလေးသည် သစ်သားပိုင်းနှင့် အားပြင်းစွာ
ရိုက်ချလိုက်ရာ မေ့လဲသွားခဲ့သည်။ သူ့ကိုယ်ပေါ်တွင်
လဲနေသော ထိုကျောင်းသားကိုယ်ကိုတွန်းချပြီး ပြန်ထ
ကာ
"မင်းအဆင်ပြေရဲ့လား..."
"ကျွန်မပြေပါတယ်...ရှင်မျက်နှာတွေ သွေးထွက်ကုန်
ပြီး...ဆေးရုံသွားကြရအောင်.."
"ရပါတယ်..အိမ်ကျမှဆေးထည့်လိုက်ပါ့မယ်..သွား
တော့မယ်နော်..."
Haoxuanသည် ကျောင်းသူလေးအား နှုတ်ဆက်ပြီး
အိမ်သို့ ပြန်လာခဲ့တော့သည်။ အိမ်တော်ကြီးထဲရောက်
ဖို့ ခြံအဝမှ နာရီဝက်လမ်းလျှောက်ရသည်။ အိမ်ထဲ
ရောက်သောအခါ စာကြည့်ခန်းထဲမှ ထွက်လာသော
အဖေက
"ပြန်လာပြီးလား..."
"......"
"ရန်ဖြစ်လာပြန်ပြီးလား...ကိုယ့်ကိုယ်ကိုလည်း ဘယ်သူဆိုတာ သတိရအုံး...အားနေရန်ဘဲဖြစ်နေတယ်..."
"ကျွန်တော်?...ကျွန်တော်ကဘယ်သူလဲ...ဘာလဲ....
ဒီအိမ်တော်ရဲ့ တစ်ဦးတည်းသော သခင်လေးဆိုတာ
လား...ပြောတော့သာ သခင်လေးတဲ့...ကျွန်တော်လို
ချင်တာရတဲ့ဘဝမှ မဟုတ်တာ..."
"မင်းလိုချင်တာကို ငါအတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့
တာဘဲ..ဘာလိုချင်သေးလို့လဲ.."
"ကျွန်တော် Jiyangကိုကို ကိုဘဲ လိုချင်တယ်..အဖေ
ဖြည့်ဆည်းပေးနိုင်တယ်မဟုတ်လား..."
"တော်တော့...ဘာလို့သူ့ကိုဒီလောက်တမ်းတနေရတာ
လဲ..."
"ဘာလို့လဲဆိုတော့ ကိုကိုက ကျွန်တော့ကို လူလိုနေ
နိုင်အောင်သင်ပေးခဲ့တာလေ...အဖေတို့မပေးနိုင်တဲ့
အချစ်တွေ၊ မေတ္တာတွေ၊ နွေးထွေးမှုတွေပေးခဲ့တာလေ
....အဲ့ကြောင့် ကိုကို့ကို လိုချင်တာဘာမှားနေလို့လဲ"
"သူမင်းကိုထားသွားခဲ့တာဘဲ..."
"မထားခဲ့ဘူး...အဖေက ကိုကို့ကို မောင်းထုတ်လိုက်
တာ..."
"ဘာ...ဘာ...."
"ကျွန်တော်မသိဘူးထင်နေလား...လွန်ခဲ့တဲ့၎နှစ် ကိုကို
မထွက်သွားခင်၃ရက်အလိုက အဖေကိုကို့ကို ညသန်း
ခေါင်ခေါ်ပြီး ကျွန်တော့်အနားက ထွက်သွားဖို့ပြောခဲ့
တယ်မဟုတ်လား...."
"အ....အဖေ..."
"အပေါ်တတ်တော့မယ်...ကောင်းသောညပါ..."
Haoxuanသည် ပြောချင်တာပြောပြီးသည်နှင့် အပေါ်
သို့တတ်သွားခဲ့ရာ စာကြည့်ခန်းရှေ့တွင် ရပ်နေသော
အဖေဖြစ်သူမှာ အံ့ဪတုန်လှုပ်ရင်း ကျန်ရစ်ခဲ့တော့သည်။ နောက်တစ်နေ့မနက်ကျောင်း၌ Haoxuan
သည် ရန်ဖြစ်ရင်းထိထားသော နှုတ်ခမ်းနားက ဒဏ်
ရာကို ပလာစတာနှင့် ကပ်ရင်း စာသင်ခန်းရှိသူ့ခုံ၌ ဝင်
ထိုင်လိုက်သည်။ မိန်းကလေးများက အုံလာပြီး
"Haoxuan...နင့်မျက်နှာဘာဖြစ်တာလဲ....ကြည့်ပါ
အုံး..အနာတွေနဲ့..."
"ဘာမှမဖြစ်ပါဘူး...ဆရာလာတော့မယ်...ကိုယ့်နေရာကိုယ်ထိုင်တော့..."
ထိုအချိန်မှာဘဲ Jiyangလည်း စာသင်ရန်အခန်းထဲသို့
ဝင်လာတော့သည်။ ဝင်လာသည်နှင့် Haoxuanကို ခိုး
ကြည့်လိုက်ရာ ဒဏ်ရာများတွေ့သည်နှင့် လန့်သွားလေ
သည်။ လန့်သွားပြီးစိုးရိမ်စိတ်ကို ထိန်းကာ စာသင်ခဲ့
သည်။ စာသင်ချိန်တွင်လည်း Haoxuanသည် ဆရာ
ကိုဘဲ လိုက်ကြည့်နေသည်။ Jiyangက
"ကျောင်းသား Haoxuan...စာကိုကြည့်ပါ...ဆရာ့ကိုလိုက်ကြည့်မနေနဲ့..."
"ဒါမဲ့ ဆရာမျက်နှာကိုကြည့်ရင် ဆရာရှင်းပြတာတွေ
အကုန်လုံးနားလည်တယ်...."
"ဟူး....စာဆက်ကြည့်...."
Haoxuanသည် စာသင်ချိန်ပြီးသည်နှင့် နောက်ဆရာ
တစ်ယောက်ဝင်လာချိန်တွင်
"ဆရာ..ကျွန်တော်ဆေးပေးခန်းသွားချင်လို..."
"အေး...အေး...သွား..."
Haoxuanသည် အရင်ထွက်သွားသော Jiyangအ
နောက်သို့ ပြေးလိုက်ပြီး အနောက်မှ လှမ်းဆွဲကာ ဆေး
ပေးခန်းထဲသို့ ဆွဲခေါ်သွားလေသည်။ အခန်းထဲသို့ ဆွဲ
ထည့်ပြီး တံခါးကိုလော့ချလိုက်သည်။ Jiyangက
လန့်သွားကာ
"ကျောင်းသား....မင်းဘာလုပ်.. .."
Haoxuanသည် ဘာမှမပြောဘဲ Jiyangရင်ခွင်ထဲ၌
မှီလှဲချလိုက်ရင်း
"ကျေးဇူးပြုပြီး ကျွန်တော့ကိုမစိမ်းကားပါနဲ့..."
"Haoxuan..."
"ငယ်ငယ်က ခေါ်သလိုဘဲ ခေါ်ပေးပါလား..."
"မင်း အခုကြီးနေပြီး...ကလေးလိုချွဲမနေနဲတော့.."
"ကိုကို...ကိုကို့ကို ကျွန်တော်စောင့်နိုင်သေးတယ်.."
"မင်းဘာတွေပြောနေတာလဲ..မှီနေတာရပ်တော့....
လေးတယ်...လှဲချင်ရင် ကုတင်မှာသွားလှဲ..."
Haoxuanသည် Jiyangပြောသည့်အတိုင်း ကုတင်
ပေါ်မှာလှဲရင်း
"ကိုကို...ထွက်မသွားပါနဲ့လား...ကိုကိုထားသွားမှာ
ကျွန်တော်အရမ်းကြောက်တယ်..."
ကလေးတစ်ယောက်လို ချွဲနေသော Haoxuanအား
ကြည့်ပြီး Jiyang တစ်ယောက်သက်ပြင်းချကာ အနားသို့ကပ်သွားပြီး စားပွဲပေါ်တွင် တင်ထားသော
ဆေးဘူးကို ယူပြီး မျက်နှာမှ ဒဏ်ရာများကို ညှင်သာ
စွာလိမ်းပေးနေသည်။ Jiyangက ဆေးလိမ်းနေရင်းနဲ့
"ဘယ်က ရလာတဲ့ဒဏ်ရာတွေလဲ..."
"ရေချိုးခန်းမှာ ချော်လဲထားတာ..."
"လိမ်မနေနဲ့...ရန်ဖြစ်ထားတဲ့ဒဏ်ရာဆိုတာ အသိသာ
ကြီးကို..."
"ဟဟ..ကျွန်တော့ကိုစိုးရိမ်နေတာဘဲ..."
"နာနေတာတောင်မှ ရီနေနိုင်သေးတယ်နော်..."
"ကိုကို..ကိုကို့ကိုနောက်ထပ်တွေ့ရတာ အရမ်းဝမ်း
သာတယ်...ဒီတစ်ခါ ထားမသွားနဲ့တော့နော်..."
Jiyangသည် မျက်နှာတွေနီလာပြီး ရှက်လာရာ
"အဟမ်း...စာသင်ချိန်တွေ မပျက်စေနဲ့...ဒီတစ်ချိန်
ပြီးရင် စာသင်ခန်းထဲပြန်သွားတော့..."
Jiyangသည် ဆေးဘူးကို နေရာတစ်ကျပြန်သွားထား
ပြီး Haoxuanဘက်လှည့်ပြီး ခြေရင်းတွင်တင်ထား
သော စာအုပ်ကို ယူုပြီးထွက်သွားခဲ့သည်။ Haoxuan
သည် ကျေနပ်နေသောအပြုံးနှင့် ပြုံးရင်း ကျန်ခဲ့
တော့သည်။ ညနေဘက်ကျောင်းဆင်းပြီး Jiyang
တစ်ယောက် အိမ်ပြန်ရောက်ချိန်တွင် သူ့ဆီသို့အမည်မ
သိ ဖုန်းကောဝင်လာလေသည်။jiyangက
"ဟယ်လို..."
"ကိုကို.. .."
"Haoxuan?"
"ဟုတ်တယ်..အိမ်ပြန်ရောက်ပြီးလား..."
"ငါ့ဖုန်းနံပါတ် ဘယ်လိုရတာလဲ..."
"အဲ့တာတော့ ကိုကို့ကိုဘဲ အပြစ်တင်ရမှာ..ကိုယ့်ဖုန်း
နံပါတ်ကို ဘာလို့စာအုပ်မှာလိုက်ရေးထားတာလဲ...
ငယ်ငယ်ကတည်းက အကျင့်ကောင်းလေးတွေ မ
ပျောက်သေးဘူးဘဲ...ဟဟ...ဒါဘဲနော်...မနက်ဖန်
နေ့လည်စာ အတူတူစားရအောင်...မစားရင် ကိုကို
အိမ်ကိုပါ စုံစမ်းလိုက်မယ်နော်.. "
"ဟုတ်ပြီး...ဟုတ်ပြီး...ဒါဘဲမဟုတ်လား.."
Jiyangသည် ချက်ချင်းဖုန်းချပြီး ဝရန်တာသို့ ထွက်
သွားလေသည်။ ဝရန်တာတွင် လေညှင်းခံရင်း Haoxuanရဲ့အဖေ ပြောသည်ကို ပြန်သတိရလေ
သည်။
လွန်ခဲ့တဲ့၎နှစ် Jiyang မထွက်သွားခင်၃ညအလို၌
"Jiyang....မင်းကို haoxuanပျော်ရွှင်လာအောင်
....သူ့ဒဏ်ရာတွေကိုဘဲ ကုခိုင်းတာ...ဒါမဲ့ အခုက
Haoxuanက မင်းကိုလက်ထပ်မယ်ပြောနေတယ်.."
"သူက ငယ်သေးလို့ပါ...သူမသိလောက်သေးပါဘူး
...အဲ့စကားရဲ့အဓိပ္ပါယ်ကို.."
"Jiyang...Haoxuanက ငါတို့မိသားစုရဲ့ ဆက်ခံသူ
ဘဲ...ငါပြောတာမင်းသဘောပေါက်မယ်ထင်တယ်"
"ဘာပြောချင်လဲဆိုတာ သဘောပေါက်ပါပြီး...ဦး
လေးပြောသလိုဘဲ ကျွန်တော်နိုင်ငံခြားကို သွားပါ့
မယ်.."
"တော်တယ်...မင်းလိုအပ်သမျှငါထောက်ပံ့ပေးမှာ
ပါ..."
Jiyangသည် ထိုအကြောင်းများကို ပြန်စဉ်းစားရင်း
ဝမ်းနည်းနေတော့သည်။ Jiyang ရဲ့စိတ်ထဲ၌
"ငါမင်းကို မချစ်မိအောင် ဝေးနိုင်သမျှဝေးအောင်နေ
ရမယ်..."
ရေရွက်နေတော့သည်။
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်