Part-10
789 65 0
Zawgyi
ထမင်းစားပြီး​နောက်​ ​ဆေးခန်းသွားရန်​ Jiyangအ
ထက်​တန်းတုန်းက ဝတ်​ခဲ့​သော အင်္ကျီပွပွ​ကို ဗီရိုထဲ၌
လှန်​​လှော်​ရှာ​ဖွေ​နေသည်​။ Haoxuan​လေးက​တော့
ကုတင်​​ပေါ်တွင်​ ငုတ်​တုတ်​ထိုင်​ရင်း Jiyangကိုဘဲ
ကြည့်​​နေသည်​။ ​ခေါင်းစွပ်​အ​နွေးထည်​ပွပွကို ​တွေ့သွား
ပြီး​နောက်​ ယူထုတ်​ကာ
"​ရော့...ဝတ်​ကြည့်​..."
"ဘာလုပ်​ဖို့လဲ..."
"​ဝတ်​ဖို့​လေ..​ဆေးခန်းသွားရမယ်​...မင်းရဲ့​ခေါင်းအ
ခြေအ​နေသွားစစ်​မို့...မြန်​မြန်​ဝတ်​..."
Jiyangသည်​ ​ပြောရင်းအပြင်​မှ ကုတ်​အင်္ကျီ ကိုထပ်
ဝင်​ပြီး အပြင်​သို့အရင်​ထွက်​သွားသည်​။ အခန်းထဲ၌
ကျန်​ခဲ့​သော Haoxuanက Jiyang​ပေး​သော အင်္ကျီကို ဖြန့်​ကြည့်​ကာ
"ဝါး....ကိုကိုက တဂယ့်​​အ​ကောင်​​သေး​သေး​လေးဘဲ
....အင်းးးးးးး...အကြာကြီးသိမ်းထားတာ​တောင်​မှ 
မွှေး​နေတုန်းဘဲ..."
"Haoxuan...မြန်​မြန်​လုပ်​..."
"ဟုတ်​...လာပြီး..."
Haoxuanသည်​ အချိန်​ဆွဲမ​နေ​တော့ဘဲ အင်္ကျီပွပွကို
ဝတ်​လိုက်​​တော့သည်​။ အဝတ်​လဲရင်းထွက်​လာ​သော
Haoxuanက
"အကို​ပေးတဲ့အင်္ကျီနဲ့ကျွန်​​တော်​နဲ့ကွက်​တိဘဲ...ကျွန်
တော့်​ကိုလက်​​ဆောင်​​ပေးလိုက်​ပါလား..."
"အ​ဟောင်းကြီးကို..."
"ဒါမဲ့...ဒါ​လေးဘဲလိုချင်​တယ်​...ကိုကို့ ကိုယ်​သင်းရနံ့
တွေ ရ​နေလို့..."
"ယူချင်​လည်း ယူလိုက်​​တော့...သွားရ​အောင်​..​ခေါင်း
စွပ်​ပါ​ဆောင်းလိုက်​...​"
"ဟုတ်​..."
Jiyangက အ​ရှေ့က ဦး​ဆောင်​ပြီးအရင်​ထွက်​သွားရာ
Haoxuan​လေးက​တော့ အမြှီး​လေးနံ့ကာ အ​နောက်ကတစ်​​ကောက်​​ကောက်​လိုက်​သွား​လေသည်​။ ​ဆေး
ခန်းသွားရာ လမ်းတွင်​ ည​နေဘက်​ဖြစ်​​သော​ကြောင့်
အချစ်​ငှက်​​လေးများ ထွက်​ရာအချိန်​​လေးဖြစ်​သည်​။
Haoxuan သည်​ ​ဘေးမှဖြတ်​သွားကြ​သော အချစ်
ငှက်​​လေးများ လက်​ချင်းတွဲပြီး ကြင်​နာ​နေ​ကြသည်​ကို
တွေ့ရာ Jiyangရဲ့ လက်​ကိုကိုင်​ရန်​ပြင်​ဆင်​​လေသည်​။
အ​နောက်​မှရုတ်​တရက်​ Jiyangရဲ့လက်​ကိုဆွဲကိုင်
လိုက်​ရာ Jiyangက
"ဟ....လန့်​လိုက်​တာ...ဘာဖစ်​လို့ငါ့လက်​လာကိုင်​​နေ
တာလဲ..."
"ကျွန်​​တော့လက်​​အေးတယ်​...ကိုကို့လက်​​နွေးလို့ ကိုင်
ထားပါရ​စေ...​နော်​..."
"မင်းအင်္ကျီမှာ လက်​ထည့်​ဖို့အိတ်​ပါတာဘဲ..."
"အဲ့အိတ်​ကမ​နွေးဘူး....ကိုကို့လက်​ဘဲ​နွေးတယ်​..​နော်
...​နော်​...​ပေးကိုင်​​နော်​..."
Haoxaun သည်​ သနားစရာမျက်​လုံး​လေးဖြင့်​ကြည့်
ရာ Jiyangစိ​တ်​ထဲ၌
"ငါ့ကို ​လာ​ဆွဲ​ဆောင်​​နေတယ်​...စိတ်​ထိန်း..စိတ်​ထိန်း
...သူ့မာယာမှာ ပါမသွား​စေနဲ့..."
တစ်​တွတ်​​တွတ်​​ပြောရင်း စိတ်​ကိုအတတ်​နိုင်​ဆုံး​ဖြေ
လျော့ရင်း
"ဟူး....မင်း​နေမ​ကောင်းလို့ လိုက်​​လျောလိုက်​မယ်​..
မြန်​မြန်​သွားရ​အောင်​...​ဆေးခန်းပိတ်​သွားအုံးမယ်​.."
Jiyangသည်​ Haoxuanရဲ့လက်​ကို ကိုင်​ပြီး ကုတ်
တွင်​ပါ​သော အင်္ကျီအိတ်​ထဲသို့ ထည့်​လိုက်​သည်​။
Haoxuanသည်​ Jiyangရဲ့လက်​ကို တင်းတင်းဆုတ်
ကိုင်​ထားပြီး စိတ်​ထဲ၌
"ဟီးဟီးဟီး. ..ကိုကိုက ငယ်​ငယ်​တုန်းကလိုဘဲ လှည့်
စားလို့ရတုန်းဘဲ...ဟီးဟီး...​ကျေနပ်​လိုက်​တာ..."
ပီတိ​တွေဖြာ​နေ​ရင်း မျက်​နှာမှာ ပန်း​ရောင်​သန်းလာ
လေသည်​။ မကြာခင်​မှာဘဲ ​ဆေးခန်းသို့​ရောက်​ရှိလာခဲ့
သည်​။ Jiyangက တွဲထား​သောHaoxuanကို ဆွဲပြီး
အထဲသို့ဝင်​လာပြီး​နောက်​ဘဆရာဝန်​ကိုရှာ​လေသည်​။
ဆရာဝန်​က ​ဆေး​ပေးခန်းထဲမှ ​ဆေးစာရင်းစာရွက်​ကို
ကြည့်​ရင်း ထွက်​လာရာ Jiyang ကို​တွေ့သည်​နှင့်
"ဟာ...Jiyang...ဘယ်​လို​ရောက်​လာတာလဲ.. .."
"​နေမ​ကောင်းတဲ့သူကိုလာပြတာ​ပေါ့ကွ..."
"လာလာ..ကုတင်​​ပေါ်မှာ လှဲခိုင်းလိုက်​..."
"Haoxuan...လာ..."
ဆရာဝန်​နဲ့ရင်းနှီးစွာစကား​ပြော​နေ​သော Jiyangအား
ကြည့်​ပြီး သဝန်​တို​နေ​သော Haoxuanတစ်​​ယောက်
နေရာက​နေမ​ရွှေ့ဘဲ ရပ်​မြဲ​ရပ်​​နေ​တော့သည်​။ Jiyang
က​ဆေး​ပေးခန်းထဲဝင်​ရန်​ ​လျှောက်​သွားရာ အင်္ကျီ
အိတ်​ထဲက လက်​ကိုတင်းတင်း ဆုတ်​ကိုင်​ထား​သော
ကြောင့်​ ​နေရာက​နေမ​ရွှေ့ဘဲ ရှိ​ရာ Jiyang တစ်
ယောက်​နောက်​ပြန်​ပြုတ်​ကျမလိုဖြစ်​သွား​လေသည်​။
Jiyangက
"ဘာလို့ မ​ရွှေ့​တော့တာလဲ...လာ​လေ..."
"......."
"​ဝေ့...Haoxuan....ဘာဖြစ်​​နေတာလဲ...လာ..ပါ..
ဆို...."
Jiyangသည်​ ရှိသမျှအားကုန်​ထုတ်​ကာ Haoxuanကို
ဆေး​ပေးခန်းသို့ အတင်းဆွဲသွင်းလာ​လေသည်​။ ​ကု
တင်​​ပေါ်သို့​ရောက်​​အောင်​​ခေါ်ခဲ့​သော Jiyangသည်
မောပန်းသွားခဲ့သည်​။ Haoxuanသည်​ စမ်းသပ်​ရန်
ပြင်​ဆင်​​နေ​သော ဆရာဝန်​အား အစိမ်းလိုက်​ဝါးစား
တော့မတတ်​ကြည့်​ရာ ဆရာဝန်​တစ်​​ယောက်​ ​နောက်
ကျောချမ်းစိမ့်​စိမ့်​ဖြစ်​သွား​လေသည်​။ ဆရာဝန်​ဖြစ်​သူ
က
"အ​နောက်​ကို လှဲချလိုက်​ပါ...."
Haoxuanသည်​ ဆရာဝန်​​ပြောသည်​ကို နားမ​ထောင်​ဘဲ မတ်​မတ်​ကြီးသာ ထိုင်​​နေရာ Jiyangက
"ငါ​တောင်းပန်​ပါတယ်​ကွာ...ဒီ​ကောင်​​လေး မ​နေ့က
ခေါင်းထိလာလို့ ဖြစ်​လိမ့်​မယ်​...ဟဟဟ...မင်းဘဲနား
လည်​​ပေးလိုက်​ပါ...​နော်​..."
"ရပါတယ်​..."
Jiyangသည်​ ဟန်​​ဆောင်​ပြုံးပြုံးပြီး Haoxuanအနား
ကပ်​ပြီး
"တဂယ်​လို့ ဆရာဝန်​​​ပြောတဲ့အတိုင်းမလုပ်​ရင်​ ကိုယ့်
အိမ်​ကိုယ်​ ပြန်​​တော့...သိတယ်​​နော်​..."
တီးတိုး​လေးခြိမ်း​ခြောက်​လိုက်​ရာ ချက်​ချင်းဘဲ ကုတင်
ပေါ်သို့လှဲချလိုက်​သည်​။ ဆရာဝန်​က ​ခေါင်းဒဏ်​ရာကို
ကြည့်​ပြီး
"အင်း...ပိုး​မဝင်​​အောင်​ လုပ်​ထားထာဘဲ...ငါ​ဆေးနဲ့
ဆေးကပ်​​ပေးလိုက်​မယ်​...ငါ​လုပ်​တဲ့အတိုင်​ လုပ်​​ပေး
နော်​..အာ့ဆို တစ်​ပတ်​​လောက်​ကြာရင်​ အရှင်း​ပျောက်
ပြီး..."
"​ကျေးဇူးပါကွာ..."
"ရပါတယ်​....​ဆေးယူဖို့လိုက်​ခဲ့..."
ဆရာဝန်​က အရင်​ထွက်​သွားပြီး Jiyangက
"Haoxuan...​ဒီမှာဘဲ လှဲ​နေ​နော်​....ချက်​ချင်းပြန်
လာခဲ့မယ်​..."
"ကျွန်​​တော်​​ရော...လိုက်​လို့မရဘူးလား..."
"မရဘူး.. ဒီမှာဘဲ လှဲ​နေမယ်​...ခဏ​နေ...ဒဏ်​ရာကို
ဆေးလာထည့်​​ပေးမှာ. ..."
Jiyangသည်​ ​ပြောပြီးသည်​နှင့်​ချက်​ချင်းထွက်​သွား
လေရာ Haoxuanက
"ဆရာဝန်​က အကျင့်​လည်းမ​ကောင်းဘူး...သူများ
ကိုကိုကို ​ခေါ်သွားတယ်​..."
က​လေးစိတ်​မ​ပျောက်​​သေးဘဲ ဆရာဝန်​ကိုပွစိပွစိ​ပြော
နေ​လေသည်​။ ဆယ်​မိနစ်​​လောက်​ကြာပြီး​နောက်​ Jiyangသည်​ ​ဆေးထုတ်​​တွေကိုင်​ကာ ​ဆေး​ပေးခန်းထဲ
သို့ပြန်​ဝင်​လာချိန်​ Haoxuan သည်​ အိမ်​​မောကျ​နေ
တော့သည်​။ Jiyangက
"ဒီလိုအချိန်​​တောတွင်းမှာ ဘယ်​လို​တောင်​အိပ်​​ပျော်
သွားရတာလဲ...အအိတ်​မက်​ပုံက​တော့...ငယ်​ငယ်​က
အတိုင်းဘဲ..."
တစ်​​​ယောက်​တည်း​ပြောရင်း ပြုံး​နေသည်​။ ဆရာဝန်
လည်း ဝင်​လာပြီး
"သူ့ဒဏ်​ရာကို​ဆေးထည့်​​ပေးမယ်​...အိပ်​​နေတာလား
..."
"ဟုတ်​တယ်​...အိပ်​​ပျော်​​နေတယ်​...နှစ်​နှစ်​ခြိုက်​ခြိုက်
ဘဲ...​ဆေးထည့်​လို့ရပါ့မလား..."
"ရပါတယ်​...အိပ်​​နေ​တော့ ပို​ကောင်းတာ​ပေါ့..."
"​အေး..ဒါဆိုလည်း ထည့်​​ပေးပါအုံးကွာ..."
ဆရာဝန်​သည်​ ​ဆေးစင်​မှ ​ဆေးများကိုယူပြီး ဒဏ်​ရာ
ကိုအရင်​ဆုံးပိုးသက်​​လေသည်​။ အနာကိုထိ၍ နိုးလာ
သော Haoxuanသည်​ မျက်​လုံးအနည်းငယ်​ဖွင့်​ကြည့်
ရာ ဆရာဝန်​နဲ့Jiyangကို ​တွေ့သည်​နှင့်​ သဝန်​​တွေတို
ကာ
"အား....နာတယ်​...အား.."
Jiyangသည်​ Haoxuanရဲ့ ရုတ်​တရက်​​အော်​သံ
ကြောင့်​ ပြာယာခက်​သွားပြီး Haoxuanရဲ့လက်​ကို
ဖမ်းကိုင်​ရင်း
"ငါရှိတယ်​...အနားမှ ငါရှိတယ်​..နည်းနည်းပါးပါး
သည်းခံလိုက်​...​နော်​..."
မျက်​လုံမှိတ်​ထား​သော Haoxuan တစ်​​ယောက်​ စိတ်​ထဲ၌
"နာတာကနည်းနည်းပါ...ငါသက်​သက်​​အော်​လိုက်​တာ
ကိုကို အဲ့​လောက်​ထိ စိတ်​ပူသွားမယ်​မှန်း မသိလိုက်​ဘူး
ဖြစ်​နိုင်​တာက ကိုကိုလည်း ငါ့အ​ပေါ်ခံစားချက်​ရှိ​နေ
တာလား..."
ရေရွတ်​​နေရင်း ပါးစပ်​ကပြုံးလိုက်​သည်​။ ပြုံးလိုက်
သည်​ကို ​တွေ့လိုက်​​သော ဆရာဝန်​က
"သူအိပ်​​နေတာ​ရော..ဟုတ်​လို့လား.."
"ဘာလို့လဲ.. "
"ခုနက သူပြုံး​နေတာ ငါ​တွေ့လိုက်​တယ်​..."
"အယ်​.."
Jiyangလည်း ဆရာဝန်​ရဲ့စကား​ကြောင့်​ Haoxuan
ကိုကြည့်​လိုက်​ရာ ချက်​ချင်းဘဲ အပြုံးကိုသတ်​လိုက်
သည်​။ Jiyangက
"မရီ​နေပါဘူး..."
"ဟုတ်​လား...ငါဘဲကြည့်​မှားသွာတာထင်​တယ်​...
ကဲ...ပြီးပြီး...ငါပြအတိုင်း လုပ်​​ပေး​နော်​..."
"​အေး..​ကျေးဇူးပါ..."
"သူလည်း အိပ်​​နေတာဆို​တော့ ငါနဲ့စကားခဏ​ပြောရ
အောင်​...လာ...​ကော်​ဖီတိုက်​မယ်​..."
Jiyangလည်း ဆရာဝန်​အ​နောက်​လိုက်​သွားခဲ့သည်​။
ဆရာဝန်​က သူ့အခန်းထဲက ​ကော်​ဖီကိုကိုယ်​တိုင်​​ဖျော်
ပေးပြီး
"ဘယ်​တုန်းက ပြန်​​ရောက်​​နေတာလဲ..."
"မကြာ​သေးပါဘူး...တစ်​လမပြည့်​​သေးဘူး..."
"ဟုတ်​လား...အထဲက မင်း​ခေါ်လာတဲ့​ကောင်​​လေးက
မင်း​ပြော​နေတဲ့​က​လေးလား..."
"ဟုတ်​တယ်​...သူ​တောင်​မနည်းကြီး ကြီးလာပြီးဘဲ..
ဟူး..."
"မင်း...သူ့​ကြောင့်​ ငါ့ကိုငြင်းလိုက်​တာလား..."
"အရင်​က အ​ကြောင်း​တွေပြန်​မ​ပြောပါနဲ့လား..."
"ငါမင်းကို ဖွင့်​​ပြောတုန်းက မင်းမှာချစ်​ရ​တဲ့သူရှိတယ်
ဆို...အဲ့သူက အထဲက​ကောင်​​လေးလား..."
သူတို့နှစ်​​ယောက်​စကား​ပြော​နေသည်​ကို ခိုးနား​ထောင်
နေ​သော Haoxuanတစ်​​ယောက်​ အံ့ဪ​နေရင်း
"တဂယ်​ကြီး...ငါ့ကိုသ​ဘောကျ​နေတာလား...ဒါဆို
ဘာလို့ငါ့ကိုငြင်း​နေတာလဲ...ဘာ​ကြောင့်​လဲ..."
........
Jiyangရဲ့အ​ဖြေ
က ဘာများဖြစ်​မလဲ​နော်​...​ဖြေကြည့်​​ပေးကြ​နော်​..😁
#Kyelsin