Zawgyi
ညဘက်အိပ်ချိန်၌ jiyangသည် မအိပ်သေးခင်စာ
အုပ်ကိုဖတ်ရင်း ငြိမ်နေသည်။ ထိုအချိန်၌ Haoxuan
လည်း ရေချိုးခန်းထဲမှ ထွက်လာပြီး Jiyangဖတ်နေ
သော စာအုပ်ကိုဆွဲလုရာ Jiyangက
"ဟေ့...ဘာလုပ်တာလဲ...ပြန်ပေး..."
"ကိုကို...စာအုပ်တွေဖတ်ပြီးတော့ ကျွန်တော့ကိုပစ်
ထားပြန်ပြီး..."
"ပေးပါကွာ...ဖတ်လို့ပြီးတော့မယ်..."
"မဟုတ်မှ...ကိုကိုက စာအုပ်ကိုကျွန်တော့ထက်ပိုချစ်
သွားမှာလား..."
"သဝန်တိုစရာရှားလို့ စာအုပ်နဲ့ပြိုင်ပြီးသဝန်တိုစရာ
လားကွ..."
"ကိုကို..ကျွန်တော့အပေါ်အချစ်တွေ လျော့သွားတာ
လား...ကိုကို ကျွန်တော့ကိုမချစ်တော့လား...ကလေး
တွေသာမွေးလာရင်...အူးဝါး...ကျွန်တော့ကိုလှည့်
တောင်ကြည့်ပါ့တော့မလား..."
"ကဲ...ဘာတွေစိတ်မချဖြစ်နေတာလဲ...လာ..ဒီနားလာပြီး ပေါင်ပေါ်မှာ လာလှဲချလိုက်..."
Jiyangလည်း ဝမ်းနည်းနေသောခွေးပေါက်လေးကို
နှစ်သိမ့်ပေးလေသည်။ Jiuangက
"Haoxuan...ဘယ်လိုအကြောင်းများက မင်းကို
မချစ်တော့ဘူးထင်သွားရတာလဲ...ဟင်..."
"သိဘူးဗျာ...ဒီအတိုင်းခံစားရတာ...ကိုကို ကိုယ်ဝန်ရ
သွားပြီးနောက်ပိုင်းကစပြီး ကျွန်တော့ကိုထိတွေ့တာ
နည်းလာတယ်...နမ်းလည်းမနမ်းတော့ဘူး...စာအုပ်
တွေကိုဘဲ တစ်ချိန်ကုန်ဖတ်နေတာကို..."
"ဟားဟား ဟားဟား...."
"ဘာရီတာတုန်းဗျ..."
"ကိုယ်က မင်းအနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ..."
"ဗျာ..."
"ကိုယ် ကိုယ်ဝန်ရလာပြီးနောက်ပိုင်း မင်းရဲ့အလုပ်ကို
စိတ်နှစ်ပြီး ကြိုးစားနေတာကို မနှောင့်ယှက်ချင်လို့်ပါ..
မင်းအလုပ်လုပ်နေတုန်း ကိုယ်ကကြားဖြတ်ပြီး တစ်ခုခုလုပ်လိုက်ရင် အာရုံပျက်သွားမှာစိုးလို့ပါ...ဒါ့အပြင်
မင်းလုပ်ရတဲ့အလုပ်ကလည်း အာရုံစိုက်ရတဲ့အလုပ်
လေ..."
"အဲ့တာကြောင့်ကိုး....ဒါဆို အခုကျွန်တော့ကိုနမ်း.."
"ဘာ.."
"ကျွန်တော်တို့မနမ်းရတာ ၄လနဲ့ ၄ရက်ရှိနေပြီး.."
"ဟားဟားဟား...အခ်ျိန်ပါတွက်ထားတာလား..."
"ကဲ...ထပါအုံး..."
Jiyangရဲ့ဗိုက်ကခံနေသောကြောင့် Haoxuanတစ်
ယောက် ကုန်းထပြီး Jiyangအနားသို့ကပ်သွားကာ
အနမ်းကိုယူဆောင်လေသည်။ Haoxuanသည် အစ
ပိုင်းမှာတော့ ဖွဖွလေးနမ်းနေပေမဲ့ ကြာလာသောအခါ
ဖြေးဖြေးလေးနဲ့ကြမ်းလာပြီး jiyangရဲ့ဗိုက်ကိုဖိမိ
လေသည်။ Jiyangက ဗိုက်ကိုဖိမိသဖြင့် တွန်းထုတ်
ရာ Haoxuanက
"ဘာဖြစ်လို့လဲ..."
"ဗိုက်ကိုဖိမိနေပြီးလေကွာ..."
"အာ..တောင်းပန်ပါတယ်...ကျွန်တော်မေ့သွားတယ်..
..ဟီးဟီး..."
"Haoxuan...."
"ဟုတ်..."
"ဗိုက်က...အော်နေတယ်...."
"ဟမ်..."
"ဗိုက်ဆာတယ်လို့ပြောတာ...ကိုယ်ညနေတုန်းက ရေခဲသတ္တာထဲမှာ ရေခဲမုန့်တွေများကြီးတွေခဲ့တယ်...အရ
သာတွေလည်းအစုံဘဲ...ခွက်လည်းကြီးတယ်...တစ်ဗူးလောက်သွားယူပါလား...စားရအောင်..."
"Okok..."
Haoxuanသည် ရေခဲမုန့်ယုရန်ကုတင်ပေါ်က ဆင်းရန်
လုပ်ချိန်တွင် တစ်ယောက်ယောက်က တံခါးလာခေါက်
လေသည်။ Haoxuanလည်း ဆင်းလက်စနဲ့ တံခါး
သွားဖွင့်ရာ အိမ်တော်ထိန်းသည် ရေခဲမုန့်ခွက်ကြီးလာပို့လေသည်။ Haoxuanက
"ဒါက..."
"သခင်ကြီးကပြောတယ်....ဗိုက်ကြီးသည်တွေက ခဏခဏဗိုက်ဆာတတ်တယ်တဲ့....သခင်လေး Jiyangစားဖို့အတွက် မုန့်တွေအကုန်ဝယ်ထားပေးပါ
တယ်...ကြိုက်တာယူစားလို့ရပါတယ်..."
အိမ်တော်ထိန်းလည်း ယူလာခဲ့သောရေခဲမုန့်ကို Haoxuanအား ကမ်းပေးပြီး ထွက်သွားခဲ့သည်။ Haoxuanလည်း Jiyangဘက်သို့လှည့်ကာ ရေခဲမုန့်
ယူခဲ့ပြီးနောက် ဝါးတီးဆွဲကြလေသည်။ ထို့နှင့် Jiyang
လည်း မွေးလတစ်ဖြည်းဖြည်းနီးလာတော့သည်။ ဗိုက်
ထဲမှအမြွှာတို့လည်း လှုပ်ရှားလာလေသည်။ Jiyang
တစ်ယောက် အိမ်ထဲမှာနေရင်း ပျင်းလာသဖြင့် ကျယ်
ဝန်းလှတဲ့ခြံကျယ်ကြီးထဲ၌ လမ်းထွက်လျှောက်လေ
သည်။ သူ့အနောက်မှ အိမ်တော်ထိန်းက လိုက်ကြည့်
ပေးလေသည်။ ရေကန်နားရောက်သောအခါ Jiyang
သည် ဟိုဘက်ကြည့် ဒီဘက်ကြည့်နှင့် မျက်နှာတစ်
ဖြည်းဖြည်းပျက်လာလေသည်။ အိမ်တော်ထိန်းက
"သခင်လေး...ဘာဖြစ်လို့လဲ..."
"ဗိုက်....ဗိုက်...က..."
"ဗိုက်ဆာလို့လားဗျ..."
"ဗိုက်နာတယ်လို့... "
"အော်...ဟုတ်...ဗျာ....ဗိုက်...ဗိုက်နာ..နာတယ်.."
အိမ်တော်ထိန်းလည်း ပြာယာခက်သွားရာ ဘာလုပ်လို့
လုပ်ရမယ်မှန်းမသိဖြစ်ရာ Jiyangသည် ဒူးထောက်
ခါးကုန်းလျက် အားစိုက်ကာ
"ဆေး...ဆေးရုံ...ဆေး..."
"ဟုတ်...ဟုတ်...ခ...ခဏ..ခဏ...သည်းခံထားပေး
ပါ..."
အိမ်ထိန်းလည်း ဆေးရုံသို့ဖုန်းဆက်ပြီးနောက် Jiyangအား မနိုင်တစ်နိုင်နဲ့ အိမ်တော်ဘက်သို့တွဲလာ
လေသည်။ Jiyangသည် အထဲမှ အမြွှာနှစ်ယောက်ရဲ့
ကန်ချက်ကြောင့် သေမတတ်နာကျင်လေသည်။ ဆေးရုံကားရောက်လာပြီး Jiyangကိုတင်သွားပြီးနောက်ကားထဲ၌ အိမ်ထိန်းသည် Haoxuanရဲ့အဖေသိုဖုန်း
ဆက်တော့သည်။
"သ...သခင်ကြီး..."
"အေးပြော..."
"သခင်...သခင်လေး...ကလေးမွေးတော့မယ်..."
"ပျော်စရာ....ဘာ...မွေး...မွေးတော့မယ်...အခု...အ
...ခု..ဘယ်မှာလဲ..."
"ဆေးရုံသွားနေတဲ့လမ်းမှာပါ..."
"ဟုတ်ပြီး...ခုချက်ချင်းလာခဲ့မယ်..."
Haoxuanရဲ့အဖေသည် အရေးကြီးသောအစည်းအ
ဝေးပွဲမှ အလောတကြီးပြေးထွက်ရာ အစည်းဝေးပွဲ
ရောက်လာကြသော လူများက
"သူဌေး....သူဌေး....ဘယ်သွားမလို့လဲ...အစည်းဝေး
မပြီးသေး...."
"အို...ထွက်သွားပြီးရော...အစည်းအဝေးပွဲဆိုဘယ်
သူလာနှောက့်ယှက်ယှက် မတုန်လှုပ်တဲ့ ငါတို့သူဌေးက
ဘယ်လိုဖြစ်လို့..."
"ဟုတ်ပ...ကဲကဲ..သူဌေးလည်း ထွက်သွားပြီးဆိုတော့
ငါတို့လည်း အစည်းဝေးအဆုံးသတ်ကြရအောင်.. "
Haoxuanရဲ့အဖေသည် အတွင်းရေးမှူးကို ကားပေး
မမောင်းတော့ဘဲ သူကိုယ်တိုင်ကားကိုအရှိန်တင်ပြီး
ပြင်းစွာခုတ်မောင်းခဲ့လေသည်။ တစ်ဖက်၌ Haoxuan
လည်း ထိုသတင်းကြားပြီးသည်နှင့် ရောက်နေရာမှအ
ပြေးလာကာ ဆေးရုံသို့ရောက်လာခဲ့သည်။ ကလေး
မီးဖွားခန်းရှေ့သို့ သားအဖနှစ်ယောက်သား ရောက်
လာကြပြီး ပြာယာခက်နေကြသည်။ အထဲမှ Jiyang
ရဲ့အော်သံလည်း ကျယ်လောင်စွာ ထွက်ပေါ်လာ
သည်။ အချိန်တစ်အောက်ကြာသောအခါ ကလေး
တစ်ယောက် အရင်ထွက်လာပေမဲ့လည်း နောက်တစ်
ယောက် ထပ်ညှစ်ဖို့က Jiyangမှညအားကုန်ခမ်းနေ
ပြီးဖြစ်သည်။ ထိုအခါ ဆရာဝန်က
"အားမလျော့နဲ့အုံး...ကလေးတစ်ယောက်ကျန်သေး
တယ်...အားစိုက်ပြီးထက်ညှစ်ပါ..."
"ဟ....ဟုတ်..."
Jiyangသည် မရှိ ရှိတဲ့အားကိုထုတ်ကာ နောက်ဆုံး
တစ်ခေါက် ညှစ်ထုတ်လိုက်ရာ ၅မိနစိအကြာ၌ နောက်
ကလေးတစ်ယောက် မွေးခဲ့တော့သည်။ Jiyangလည်း အားလုံးဝကုန်ခမ်းသွားရာ ကလေးတောင်ကြည့်မမှီ
တော့ဘဲ မေ့လဲသွားတော့သည်။ မွေးခဲ့ပြီးသော ကလေး နှစ်ယောက်ကိုအရင်ချီခဲ့ကြပြီး Haoxuanတို့
သားအဖနှစ်ယောက် အရင်ကြည့်ကြရာ အဖေဖြစ်သူ
က
"ချစ်စရာလေးကွယ်....အဖိုးနဲ့တူလို့ဖြစ်မယ်.."
"အဖေ...ဒါက ကျွန်တော့ကလေးပါ...ကျွန်တော့က
လေးက အဖေနဲ့ဘယ်လိုသွားတူရမှာလဲ..."
"သွားစမ်းပါ..ငါကတူတယ်ဆိုတူလိုက်...ဒါနဲ့ မင်း မိန်းမကိုသွားမကြည့်ဘူးလား..."
"ဟုတ်သား...သွားကြည့်ရမယ်...ဘယ်လိုနေလဲမသိ
ဘူး..."
ထိုနှင့် Haoxuanလည်း ပြောင်းရွေ့ထားသော
Jiyangအခန်းသို့ အပြေးသွားခဲ့တော့သည်။ ကလေး
တွေကတော့ ယောက်ျားလေးအမြွှာတွေပါ...သူတို့အဖေ နှစ်ယောက်နဲ့တူလို့ ချစ်စရာကောင်းကြပါတယ်..
........
ကဲ...ကလေးတွေကတော့ မွေးသွားကြပါပြီးနော်...
ရသူ ဦးကြတော့မှာလား...😂😂😂
![](https://img.wattpad.com/cover/210292142-288-k866249.jpg)
ESTÁS LEYENDO
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်