Zawgyi
ညနေစောင်းသွားတဲ့အထိ jiyangတို့သုံးယောက်သားလည်ပတ်လို့ ကောင်းတုန်း။ Haoxuanကတော့
သူ့သူငယ်ချင်းတွေဆီဖုန်းဆက်ပြီးနောက် Jiyangရဲ့
ခါးကိုလှမ်းဖက်ပြီး
"ကိုကို...ဟိုကောင်တွေ ရေဆော့နေတုန်းဘဲတဲ့..."
"ဟမ်..ဒီလောက်ထိတောင် ဆော့နိုင်တ်ာလား..."
"သူတို့ဆော့တာက နည်းနည်း...စော်ငမ်းတာကများ
များလေ...သူတို့ဆီသွားမလား..."
"အင်း...သွားကြမယ်လေ...ခြေထောက်တွေလည်း
ပေကျံနေပြီး...ဆားငံရည်လေး သွားစိမ်ရအောင်..
Bowen...လိုက်မယ်မဟုတ်လား..."
Jiyangက ပြောရင်း Bowenအား အဖော်လှမ်းဆက်
လိုက်သည်။ ထိုအခါ Haoxuanက မကျေနပ်သည့်အ
ကြည့်ဖြင့်ကြည့်ကာ Bowenသည် ရွဲ့ပြုံးပြုံးလျက်
"အင်း...လိုက်ရမှာပေါ့...မင်းကခေါ်မှတော့ လိုက်ရ
မှာပေါ့...ဟဟ..သွားကြမယ်လေ..."
ထိုနှင့် ၃ယောက်သား ကမ်းခြေဘက်ကိုလမ်းလျှောက်
ထွက်ခဲ့ကြသည်။ ကမ်းခြေနားရောက်လာပြီး ရေဆော့
နေသော နှစ်ယောက်ကိုတွေ့သောအခါ Haoxuanက
လက်လှမ်းပြပြီး ထိုသူနှစ်ယောက်ဆီသို့ပြေးသွားလေ
သည်။ အနောက်၌ ကျန်ရစ်ခဲ့သော Jiyangနှင့်
Bowenကတော့ ရယ်မောလျက်ပင် ဖြေးဖြေးချင်း
လမ်းလျှောက်လာကြသည်။ Bowenက
"မင်း...မကြာခင်ကဘဲ နိုင်ငံခြားကိုရွေ့ပြောင်းစာ
ရောက်လာတယ်မဟုတ်လား.."
"ဟမ်.. မင်းဘယ်လိုလုပ်..."
"ဖုံးကွယ်မထားပါနဲ့တော့...ငါထင်တာမမှားဘူးဆိုရင်
ဟိုဘိုးတော်လုပ်တာ မဟုတ်လား..."
"အင်း...ဟုတယ်...ဦးလေးက တဂယ်ဘဲငါနဲ့ Haoxuanကို လုံးဝသဘောမတူဖို့ ဆုံးဖြတ်ထားတာ
ဘဲ...ဟူးးးးး.. .."
"ဘိုးတော်က မင်းတို့နှစ်ယောက်ကိုမရမကလိုက်ခွဲရင်
မင်း....လက်လျော့မှာလား..."
"အစကတော့ ငါအဲ့လိုစဉ်းစားပြီး Haoxuanကိုတွန်း
တွန်းထုတ်မိခဲ့တယ်...ဒါမဲ့...ငါသူ့ကိုတွန်းထုတ်လေ..
သူ့ကိုတွယ်တာမိလေဘဲ...သူနဲ့တစ်ရက်...မဟုတ်ဘူး
...သူငါ့အနားမှာ မရှိတော့တာနဲ့ မလုံခြုံသလိုခံစားရ
တယ်...ငါပျော်မနေဘူး...ဦးလေး ငါတို့ကိုသဘောမ
တူရင် တူတဲ့အထိစောင့်နေမယ်..."
"အင်း...မင်းကိုကြည့်ရတာ သူ့ကိုလုံးဝလက်လျော့မဲ့
ပုံလည်းမဟုတ်...ငါတော့တစ်ရက်ထဲနဲ့ရှုံးသွားပြီးထင်တယ်..."
"ဟမ်..."
"ဘာမှမဟုတ်ပါဘူး...ဒါနဲ့...အဲ့ကိစ္စကိုဘယ်လိုလုပ်
မယ်စဉ်းစားထားလဲ..."
"မသွားဘူးပေါ့ကွ..."
"ဘိုးတော်က မင်းကိုအသာထားမှာ မဟုတ်ဘူးထင်
တယ်နော်..."
"သူ(Haoxuan)သာ ရှိရင်အားလုံးကိုရင်ဆိုင်ရဲတယ်
...အရင်ကလို သူ့အနောက်မှာ ပုန်းမနေတော့ဘဲ..."
"ဟဟ..ဖိုက်ဖိုက်...ငယ်ချင်း..."
"ကျေးဇူးပါကွာ..."
Jiyangတို့နှစ်ယောက် စကားပြောရင်းရေအနားသို့
ရောက်လာရာ Haoxuan သည်မသိမပေးဘဲ jiyang
ကိုရေထဲဆွဲချသွားလေသည်။ ခါးလောက်ရှိတဲ့ရေ
လယ်ပိုင်းသို့ရောက်သောအခါ Haoxuanသည် Jiyangအား ဆွဲချီထားပြီး နှစ်ယောက်သားကပ်လျက်
ခေါင်းချင်းဆိုင်ကာ အနမ်းပေးကြလေသည်။ ထိုအ
ဖြစ်ကိုစိတ်ပျက်လက်ပျက်နဲ့ကြည့်နေသော နှစ်တ
ထောင် FAသုံးယောက်က
"ဟေ့...သိလား...ငါ့လက်ထဲမှာ ကျောက်တုံးသာရှိရင်
သူတိုနှစ်ယောက်ကို သေလောက်အောင်ချချင်နေတာ
ငါ့တစ်ယောက်ထဲလား..."
"မင်းချည်းဘဲ မဟုတ်ဘူး...ငါလည်းသူတို့ကို ရေထဲ
ပိတ်ကန်ချချင်တယ်..."
"ငါရောဘဲ.. "
Bowenကပါ သူတို့နဲ့လိုက်ပြောပေးရာ သူငယ်ချင်းနှစ်ယောက်သား သူ့အားတစ်ပြိုင်နက် လှည့်ကြည့်ကြ
လေသည်။ bowenသည် သည်းမခံနိုင်တော့သည့်အ
ဆုံး သကြားလုံးတွေစွပ်ကျွေးနေကြသော Haoxuan
တို့စုံတွဲအား ရေထဲသို့ကန်ချလိုက်လေသည်။ ထိုအခါ
Jiyangသည် ရေထဲမှပြန်ထလာပြီး တစ်ယောက်ကို
တစ်ယောက်ဆွဲချရင်း ပျော်နေကြတော့သည်။ ရေ
လည်းဆော့ပြီး ညလည်းရောက်သောအခါ အနီးအနားရှိရေချိုးခန်းထဲ၌ ရေချိုးကြပြီးနောက်
Jiyangကအရင်ဆုံးပြီးသည်နှင့် အပြင်ထွက်ပြီးစောင့်
နေစဉ် ကောင်းကင်သို့မော့ကြည့်လျက် သီချင်းလေး
ငြီးနေသည်။ ကောင်းကင်ပေါ်ရှိထွက်ခါစ ကြယ်လေး
တွေကို တစ်လုံးစီရေတွက်ရင်း သီချင်းကိုပြီးဆုံး
အောင်ဆိုသည်ကို Haoxuanက ကြားသဖြင့် အ
နောက်မှနေ၍ ခိုးနားထောင်နေသည်။ Jiyang ငြီးနေ
သည့်သီချင်းထဲတွင် ဝမ်းနည်းပူဆွေးနေသည့်အငွေ့
သက်များ များစွာပါဝင်နေသည်။ အိမ်ကိုလွန်စွာတမ်း
တနေသော လူကလေးတစ်ယောက်ကဲ့သို့ပင်။ သီချင်း
အဆုံးကိုသေချာစွာ အပြီးသက်ပြီးနောက် Jiyang
မျက်ဝန်းထဲမှ မျက်ရည်စများထွက်ကျလာတော့
သည်။ Haoxuanသည် အထီးကျန်သော Jiyangရဲ့
ကျောပြင်ကိုတွေ့လိုက်ရသည့်အခါ အနောက်မှသိုင်း
ဖက်လျက်
"ကိုကို...ကျွန်တော်တို့အရင်ပြန်ကြရအောင်..."
"တခြားသူတွေရော..."
"သူတို့က သူတို့ဘာသာပြန်လာလိမ့်မယ်...ကျွန်တော်
တို့ဘဲ အရင်ပြန်ရအောင်...ကျွန်တော်မစောင့်နိုင်တော့
ဘူး..."
ထိုစကားကိုကြားပြီးသော် jiyang၏မျက်နှာတစ်ပြင်
လုံး ခရမ်းချဉ်သီးအသွင်ပြောင်းလဲသွားပြီးနောက်
"ဒီနေ့တော့မရဘူး..."
"ဘာလို့လဲ..."
"အခုထိ ကျောတွေနာနေတုန်းမို့လို့..."
"ကိုကို ဘာတွေပြောနေတာလဲ...ကျွန်တော်ပြောတာ
က ဗိုက်ဆာနေပြီမို့ မစောင့်နိုင်တော့ဘူးလို့ပြောတာ
...ကိုကိုက ဘာထင်...မဟုတ်မှ.. ကိုကိုနော်..."
"တော်...တော်စမ်း..."
"အဲ...ကျွန်တော်တောင် အဲ့လိုမတွေးမိဘူး...ကိုကိုက
တော့ တွေးနေတယ်ပေါ့..."
"ငါမတွေးဘူး..."
"အာ့ဆို...ကိုကို့မျက်နှာက ခရမ်းချဉ်သီးလိုဖြစ်နေ
တာလဲ..."
"အဲ့...အဲ့ဒါက...ပူ..ပူလို့.. "
"ကမ်းခြေက ဒီလောက်လေအေးတာ...ဘယ်လိုသွား
ပူမှာလဲ. ...ကိုကိုမှန်မှန်လိမ်နော်.. ကိုကိုရှက်နေတာမ
ဟုတ်လား..."
"ဘာ..ဘာ...ငါမရှက်ပါဘူး..."
"ဟဟ...ဟုတ်ပါပြီး...ယုံပေးလိုက်ပါ့မယ်..."
"မင်းငါ့ကိုမယုံဘူးလား..."
"ယုံပါတယ်...ယုံပါတယ်..."
"မင်း...တော်ပြီး...မခေါ်တော့ဘူး..."
"ဟာဗျာ...မလုပ်ပါနဲ့...ကျွန်တော်က ကိုကို့ကိုချစ်လို့
စတာကို...နော်နော်...."
"ဟွန့်..."
Jiyangကတော့ မိန်းကလေးကဲ့သို့မျက်နှာလွှဲကာ
စိတ်ကောက်နေလေသည်။ မကြာမီမှာဘဲ သူတို့တည်း
ခိုရာ အခန်းသို့ပြန်ရောက်လာကြသည်။ အခန်းတံခါး
ဖွင့်လိုက်သောအခါ မီးမှောင်နေသဖြင့်
"Haoxuan...မင်းမီးပိတ်ထားသေးလား..."
"မပိတ်ထားမိပါဘူး...ဘာလို့လဲ..."
"ရှူး...အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ်..."
"ဗျာ...လာနောက်နေတာလား...ဒီလောက်လုံခြုံတဲ့
အခန်းထဲသို့ ဘယ်သူကဝင်လာမှာလဲဗျ..."
"ဘယ်သူပြောနိုင်မှာလဲ...အခန်းထဲမှာ ဘယ်သူမှမရှိ
ရင် မီးကဘာလို့ပိတ်ထားမှာလဲ...ဂရုစိုက်ပြီးဝင်ခဲ့.."
Jiyangသည် အခန်းထဲသို့ခြေလှမ်းလှမ်းပြီးသည်နှင့်
အခန်းထောင့်တွင် ထောင်ထားသည့်တံမြတ်စည်း
တုတ်ကိုကိုင်ကာ အသာလေးဝင်လာလေသည်။ အ
မှောင်ထဲတွင် ဘာမှမမြင်ရသဖြင့် ဟိုစမ်းဒီးစမ်းနဲ့
ခြေလှမ်းများဝင်လာသည်။ Jiyang အရှေ့သို့လူ
တစ်ယောက် ရုတ်တရက်ဝင်လာရာ Jiyangသည်ဘာ
မှတုံးဆိုင်းမနေတော့ဘဲ တံမြတ်စည်းတုတ်နဲ့ အဆက်မပြတ်ချလေသည်။ Haoxuanက အဆက်မပြတ်ချ
နေသော Jiyangအား ဝင်ဆွဲပြီး
"ဂါး....ကိုကို..တော်ပါတော့...ဘယ်သူလဲမသိဘဲနဲ့
...အသေချနေတယ်..."
"သူခိုးဘဲ ဖြစ်ရမှာပေါ့...ဘယ်သူဖြစ်မှာလဲ.. "
"နေ..နေပါအုံးဗျာ...ဘယ်သူလဲဆိုတာ အရင်ကြည့်
လိုက်ပါအုံး.."
ထိုအခါ jiyangနှင့် Haoxuanသည် ထိုလူကိုအပြင်
သို့ဆွဲထုတ်ပြီး ကြည့်လိုက်ရာ သန့်သန့်ပြန့်ပြန့်ကောင်
လေးဖြစ်လေသည်။
......
ဘယ်သူလို့ထင်လဲဟေ..😏😏😏
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်